သင်္ကြန်ပိတ်ရက်မှာ အဓိဋ္ဌာန်ဝင်ကြမယ့် ဓမ္မမိတ်ဆွေအပေါင်းအတွက်အဓိဋ္ဌာန်
အန္တရာယ်ကင်း ရန်စွယ်ရှင်းပြီး၊ ဂုဏ်သတင်းကျော်ဇော လာဘ်လာဘ ပေါများစေတဲ့ ကိုးလုံး ကိုးရက် ကိုးပါးအဓိဋ္ဌာန်လေးကို မျှဝေပေးလိုက်ပါတယ်။
ဒီအဓိဋ္ဌာန်လေးကို ကိုးရက်တိတိ ဝင်ပေးရမှာဖြစ်ပြီးတော့ ကိုးလုံးပုတီးလေးကိုပဲ သုံးပေးပါ။ ဘုရားဂုဏ်တော်ကိုးပါးကို စိပ်ရမှာပါ။
စိပ်ပုံစိပ်နည်းလေးကတော့ -
🔰အရဟံမှစ၍ ဘဂဝါအထိ ရွတ်ဖတ်ပြီးမှ ပုတီးတစ်လုံးချပါ။
🔰တစ်နေ့ကို ကိုးလုံးပုတီး ကိုးပတ်စိပ်ပေးရပါမယ်။
🔰ဘယ်အချိန်စိပ်ရမယ်ဆိုပြီး အချိန်သတ်မှတ်ထားတာ မရှိပါဘူး။
ကိုးရက်တိတိပြည့်တဲ့နေ့မှာ မြတ်ဘုရားထံ မိမိပြုသမျှ ကုသိုလ်တွေကို အဓိဋ္ဌာန်ပြုကာ အမျှဝေမေတ္တာပို့သပေးလိုက်ရင် အဓိဋ္ဌာန်အောင်ပါပြီ။
သင်္ကြန်ကာလ အိမ်မှာနေမယ့်သူတွေရော သာသနာ့ဘောင်ဝင်မယ့် သူတွေရော အဓိဋ္ဌာန်ဝင်လို့ရပါတယ်။
သတ္တဝါအပေါင်း ဘေးရန်ကင်းကာ ကောင်းခြင်းအဖြာဖြာ ရရှိခံစားနိုင်ကြပါစေ။
Comments
Post a Comment