ပါမောက္ခချုပ်ဆရာတော်ကြီး ရှိခိုးတော်မူသော ဘုရားရှိခိုး
" ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ ကာလံ၊
ကရောန္တော အတိဒုက္ကရာနိ။
ခေဒံ ဂတော လောကဟိတာယ နာထော၊
ယောနာထော - ဝေနေယျများစွာ သတ္တဝါ၏၊ ချမ်းသာစီးပွား၊ လိုလားတောင့်တ၊ ဂုဏ်ပေါင်းခသဖြင့်၊
နာထမည်ငြား၊ အကြင် ရှင်တော်မြတ်ဘုရားသည်၊
ကပ္ပကောဋီဟိပိ - ကုဋေကမ္ဘာ၊ အရေအတွက် သင်္ချာတို့ဖြင့်သော်လည်း၊
အပ္ပမေယျံ- ရေတွက်တိုင်းတာ၊ ဖော်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊
ကာလံ - လေးအသင်္ချေ၊ သိန်းနေကမ္ဘာ၊ ရှည်ကြာသော ကာလပတ်လုံး၊
လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ၊
အတိဒုက္ကရာနိ - ဥစ္စာအသက်၊ ခြေ လက် အင်္ဂါ၊ မေတ္တာကြီးမား၊ သမီးသားနှင့်၊ သက်ထားဇနီး၊ စွန့်ခြင်းကြီးဟု၊ ကြက်သီးထဖွယ် ငါးသွယ်အစု၊ အလွန်ခဲယဉ်းသောအမှုတို့ကို၊
ကရောန္တော - ဘုရား ဖြစ်ရန်၊ ရည်သန်ကြိုးကုတ်၊ အားထုတ်တော်မူရသည်ဖြစ်၍၊
ခေဒံ - လက် ခြေ မျက်လုံး၊ အသက်ဆုံးလျက်၊ နှလုံးစိတ်ဝမ်း၊ ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊
ဂတော - ဘဝတန်တန်၊ ကြိမ်ဖန်များစွာ၊ ရောက်တော်မူခဲ့ရရှာလေပြီ၊
မဟာကရုဏိကဿ၊ ..သတ္တဝါများရင်ဝယ်သားကဲ့သို့သနားချစ်ခင် မဟာကရုဏာရှင်ဖြစ်တော်မူသော၊
တဿ နာထဿ . ဝေနယျာများစွာသတ္တဝါ၏ချမ်းသာစီးပွားလိုလားတောင့်တဂုဏ်ပေါင်းခသဖြင့် နာထ မည်ငြား၊ ထိုရှင်တော်မြတ်ဘုရားအား၊
နမော - ရိုသေပျောင်းပျော့၊ မာန်ကိုလျှော့၍၊ ကန်တော့ရိုကျိုး၊ ရှိခိုးခြင်းသည်၊
အတ္ထု - ဘဝတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
သာဓု သာဓု သာဓု။ပါ အရှင်ဘုရား
Comments
Post a Comment