ကံနိမ့်နေသလား သောက်တော်ရေကပ်ပြီးလှူပေးပါ
ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ရေလှူရမယ်၊ ရေလှူရတယ်ဆိုတာတော့ အနည်းဆုံး သိကြပါတယ်။ အိမ်ဘုရားမှာလည်း အများစုက ရေလှူကြပါတယ်။ ဒါပေမဲ့ များသောအားဖြင့် ဗုဒ္ဓဘာသာဝင်အများစုပါပဲ။ တချို့လည်း ရေလှူခြင်းရဲ့ ကောင်းကျိုးကို နက်နက်နဲနဲသိလို့ လှူကြတယ်။ တချို့ကသဒ္ဓါစိတ်နဲ့လှူကြတယ်။ တချို့ မိဘဆရာသမားတွေလှူလို့ လိုက်လှူကြတယ်။
လူအမျိုးမျိုးစိတ်အထွေထွေ၊လုပ်ရပ်အသွယ်သွယ်ဆိုတဲ့အတိုင်းပုံစံအမယ်မယ်နဲ့လှူကြတာပေါ့။ဘယ်လိုပဲလှူလှူလှူခြင်းရဲ့ကောင်းကျိုးတစ်စုံတစ်ရာကိုတော့ခံစားကြရမှာပါ။အခု ဒီနေရာမှာတော့ ကံအခွင့်အလမ်းတွေပွင့်လမ်းအောင် လှူရတဲ့ရေလှူခြင်းနည်းတစ်မျိုးကို မျှဝေလိုပါတယ်။
အိမ်ဘုရားမှာ နံနက် ၅ နာရီမှာ တစ်ကြိမ်လှူပါ။ နံနက် ၁၀ နာရီတစ်ကြိမ်၊ နေ့လယ် ၁၂ နာရီတစ်ကြိမ်၊ ညနေ ၄ နာရီတစ်ကြိမ်၊ ည ၈ နာရီတစ်ကြိမ် စုစုပေါင်း တစ်နေ့လျှင် ငါးကြိမ် လှူပါ။ အဒီလိုနဲ့ ၄၅ ရက်ပြည့်အောင် လှူသွားပါ။ ကိုယ့်ရဲ့မွေးနေ့ကစပြီး လှူပါ။
ပေါ့ပေါ့တန်တန်သဘောမျိုးမဟုတ်ဘဲဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အထူးအလေးထားပြီး ကိုယ်စိတ်နှစ်ပြီးလှူပါ။ ဒါဆိုရင်တော့ စာဖတ်မိတ်ဆွေများ ကံအခွင့် အလမ်းတွေပွင့်လန်းပြီး စီးပွားတွေ မြန်မြန်ပဲ တက်လာပါလိမ့်မယ်။
Comments
Post a Comment