သော့ပေါင်း ၁၃ ချောင်းကို ကျော်ဖြတ်ပြီးမှ ပူဇော်ကန်တော့ခွင့်ရမဲ့ ရှေးဟောင်းရွှေဆင်းတုဘုရား


 

သော့ပေါင်း ၁၃ ချောင်းကို ကျော်ဖြတ်ပြီးမှ ပူဇော်ကန်တော့ခွင့်ရမဲ့ ရှေးဟောင်းရွှေဆင်းတုဘုရား
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

မကွေးတိုင်း ရေစကြိုမြို့နယ်က မအူရွာ (အလယ်)ရဲ့ အမွေအနှစ်တွေထဲက တစ်ခု။
သော့ပေါင်း ၁၃ ချောင်းကို ကျော်ဖြတ်ပြီးမှရွှေဆင်းတုဘုရားကို ပူဇော် ကန်တော့ခွင့် ရမယ်။
ဘုရားကို ဖူးမြော်ဖို့ဆိုရင် ဂေါပက ၅ ယောက် ဆုံပြီး သော့ငါးချောင်းနဲ့ ပထမတဆင့်ကို ဖွင့်ပြီးမှ ဒုတိယတံခါးက သော့သုံးချောင်းကို ထပ်ဖွင့် အဲ့လိုဖွင့်ပြီးမှ ဘုရားရှင် စံမြန်းတဲ့ မီးခံသေတ္တာဆီ ရောက်ပါတယ်။
အကြိုက်ဆုံးကတော့ ပထမဆုံးပုံမှာ ပြထားတဲ့ မီး‌ခံသေတ္တာတံခါး။ ရှေးတံခါး သော့ငါးချောင်းလုံး ထည့်ပြီးမှ lock တွေ တစ်ခုခြင်းလိုက်လှည့်ပြီး အားလုံးစုံမှ ပွင့်တာ။
နှစ်ပေါင်းများစွာ ကြာပြီ။ ခုထိ မပျက်မစီးကျန်ပါတယ်။ သုံးလို့လည်း ရတယ်။ တကယ့်စက်မှုအမွေအနှစ် တစ်ခုပဲ ဖြစ်ပါတယ်။

ခရက်ဒစ် ... လောကပါလ

🙏မကွေးတိုင်း ရေစကြိုမြို့နယ်က မအူရွာ(အလယ်) ရောက်ခဲ့ရင် ဓမ္မမိတ်ဆွေများ ရှေးဟောင်း အမွေအနှစ်တွေထဲက တစ်ခု ​ဖြစ်သော ရွှေဆင်းတုဘုရားကို ပူဇော်ကန်တော့ခွင့် ရနိုင်ကြပါစေ။







Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ