မလှည့်ကောင်းသည့် အရပ်မျက်နှာ
မိတို့နေသည့် တဲ၊
အိမ်၊ တိုက်၊ အခန်း စသည်တို့သည် မည်သည့် အရပ်မျက်နှာဘက်သို့
မျက်နှာစာပြုထားသနည်းဟု သတိပြုကြည့်ပါလေ။
အောက်ဖော်ပြသည့်အတိုင်း
(အိမ်ထောင်ဦး စီး၏နေ့သားအလိုက်)
ဘုမ္မိဆိုသော အရပ်မျက်နှာဘက်သို့ မျက်နှာစာပြုထားသော အိမ်များအတွက်
မကောင်းကျိုးများ ခံစားရတတ်ပေသည်။ ရှာသမျှ စီးပွား မွဲသွားတတ်ပါသည်။
အိမ်ထောင်ရေးဒုက္ခ၊ လူမှုရေးဒုက္ခ၊ ကျန်းမာရေးဒုက္ခ၊ ငွေကြေးဒုက္ခများ
ကြုံရတတ်ပါသောကြောင့် ရှောင်ကြဉ်သင့်ပေသည်။
ရှောင်ကြဉ်သင့်သော
ဘုမ္မိအရပ်မျက်နှာများ
တနင်္ဂနွေသားသမီး –
တောင်စူးစူး
တနင်္လာသားသမီး –
အနောက်တောင်စူးစူး
အင်္ဂါသားသမီး –
အနောက်စူးစူး
ဗုဒ္ဓဟူးသားသမီး –
အနောက်မြောက်စူးစူး
ကြာသပတေးသားသမီး –
အရှေ့မြောက်စူးစူး
သောကြာသားသမီး –
အရှေ့တောင်စူးစူး
စနေသားသမီး – မြောက်စူးစူး
ရာဟုသားသမီး –
အရှေ့စူးစူး စသည်ဖြင့် ဖြစ်ပေသည်။
မျက်နှာစာဆိုသည်မှာ အိမ်၊
တိုက်၊ ကွန်ဒိုတိုက်ခန်းစသည်တို့၏ မျက်နှာစာ ပြုထားသော အရပ်မျက်နှာကိုဆိုလိုပါသည်။
အိမ်၏ ဝင်ပေါက် ထွက်ပေါက်ကို မဆိုလိုပါ။ အချို့တိုက်များတွင် ဘေးဘက်မှဝင်သည်များရှိကြပါသည်။ ကိုယ်ပိုင်အိမ်များတွင်လည်း
ဘေးဘက်မှ အဝင်အထွက်လုပ်သည်များ ရှိပါသည်။ ယခု မျက်နှာစာအရပ်ဆိုသည်မှာ
မျက်နှာပြုထား သောအရပ်ကိုသာ ဆိုလိုပါသည်။
အကယ်၍ မိမိသောနေသောအိမ်သည်
မိမိတို့အိမ်ထောင်ဦးစီး၏ နေ့နံအရ ဘုမ္မိအရပ်မျက်နှာဘက်သို့ တည့်တည့်ကြီး
ကျရောက်နေသည်ဆိုပါလျှင် အောက်ပါအတိုင်း ကုစားကြရန်ဖြစ်ပါတော့၏။
တနင်္ဂနွေသားသမီးများ
အိမ်ရှေ့တွင်
သပြေပင်စိုက်ပါ။ အိမ်နောက် တွင် ဝါးပင်စိုက်ပါ။
တနင်္လာသားသမီးများ
အိမ်ရှေ့တွင်
အုန်းပင်စိုက်ပါ။ အိမ်နောက် တွင် ခံတက်ပင်စိုက်ပါ။
အင်္ဂါသားသမီးများ
အိမ်ရှေ့တွင်
သပြေပင်စိုက်ပါ။ အိမ်နောက် တွင် ပျဉ်းမပင်စိုက်ပါ။
ဗုဒ္ဓဟူးသားသမီးများ
အိမ်ရှေ့တွင်
ဆီးပင်စိုက်ပါ။ အိမ်နောက်တွင် ရဲယိုပင်စိုက်ပါ။
ကြာသပတေးသားသမီးများ
အိမ်ရှေ့တွင်
ပိတောက်ပင်စိုက်ပါ။ အိမ် နောက်တွင် အုန်းပင်စိုက်ပါ။
သောကြာသားသမီးများ
အိမ်ရှေ့တွင်
ရဲယိုပင်စိုက်ပါ။ အိမ်နောက်တွင် ဆီးပင်စိုက်ပါ။
စနေသားသမီးများ
အိမ်ရှေ့တွင်
ဝါးပင်စိုက်ပါ။ အိမ်နောက်တွင် သီဟိုဠ်ပင်စိုက်ပါ။
ရာဟုသားသမီးများ
အိမ်ရှေ့တွင်
ပိန်းပင်စိုက်ပါ။ အိမ်နောက် တွင် ကံ့ကော်ပင်စိုက်ပါ။
အကယ်၍ မိမိတို့၏နေအိမ်များသည်
ခေတ်ကာလအခြေအနေအရ ထိုသို့ အပင်စိုက်စရာ မြေကြီးနေရာမရှိပါမူ
မိမိတို့အိမ်၏ ရှေ့ဘက်၊ နောက်ဘက်များတွင် သက်ဆိုင်ရာအပင်များ၏
ဓာတ်ပုံ၊ ပန်းချီကား စသည်တို့အား ချိတ်ဆွဲထားနိုင်ကြောင်းပါ။
Comments
Post a Comment