၂၀၂၃ ခုနှစ် ဧပြီလ ၁ လအတွင်း ဆရာဦးဘိုနိုင်(မြန်မာ့ရိုးရာဗေဒင်) ၏ ၇ ရက်သားသမီးများအတွက် နေ့အလိုက် ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေ နေ့ သားသမီးများ.

၂၀၂၃ ခုနှစ် ​ ဧပြီ လ ၁လ အတွင်း တနင်္ဂနွေ နေ့ သားသမီးများဟာ...
ယခုကာလသည် မ‌မျှော်လင့်သောအပြောင်းအလဲများ ကြုံတွေ့ရတတ်သောအချိန်ကာလဖြစ်ပါတယ်။

မိမိအနေဖြင့် အိုးအိမ် နေရာအတည်တကျမရှိဖြစ်ရတတ်ပါတယ်။ ဤကာလတွင် ရာထူး ၊ နေရာ၊ အလုပ် အကိုင်ကိစ္စများ ပိုမိုအဆင်ပြေစေရန်အတွက် တွေးတောကြံဆနေရသော အချိန်ကာလ​​လည်းဖြစ်၍ မိမိအနေအ​ဖြင့် အလုပ်အကိုင်အသစ်ရှာဖွေခြင်းများလည်း ပြုလုပ်နေရတတ်ပါတယ်။

ယခုကာလမှာ ရာထူးတိုးနှင့် နေရာဌာန အပြောင်းအရွှေ့ လျှောက်ထားသူများ အဆင်ပြေအောင်မြင်မှုများရရှိတက်ပါတယ်။
ယခုကာလသည် ကြီးပွားချမ်းသာ အောင်မြင်ရာရလိုသူများ ယခင်ထက်ပို၍ ဝီရိယအား စိုက်ထုတ်ရမည့်အချိန်ကာလဖြစ်ပါသည်။ သို့ဖြစ်ပါက ကြိုးစားသမျှ အရာထင်အဆင်ပြေ၍ စီးပွားရေးကောင်းမွန်ပါလိမ့်မည်။

ယခုကာလတွင် အထက်အကြီးအကဲများ၏ အကူအညီနှင့် ချစ်ခင်မှုရရှိတတ်ပါသည်။ မိမိ၏အခက်အခဲများအား ဗုဒ္ဓဟူးသားသမီးများ၏အကူအညီရရှိပါက အဆင်ပြေအောင်မြင်မှုရရှိတတ်ပါတယ်။

ယခုကာလအတွင်း ရေထွက် ပစ္စည်း အရောင်းအဝယ် လုပ်ငန်းကိစ္စများအဆင်ပြေမည်။ ဥယျာဥ်ခြံမြေနှင့် ရွှေအထူးအကျိုးပေးမည်။ အိမ်ခြံမြေ အရောင်းအဝယ်ကိစ္စများအဆင်ပြေမည်။ ဘိုးဘွားပိုင် မြေယာများ အမွေရရှိတတ်ပါတယ်။

ဤကာလအတွင်း ဘာသာရေးအားနည်းသူများအဖို့မှာတော့ မိမိ စိတ်ထဲတွင် ဘယ်အရာမဆို တွေဝေမှုများ မကြာခဏ ကြုံတွေ့ရတတ်၍ ခိုင်မာသေချာသောဆုံးဖြတ်ချက်များနှင့်ကြိုးစား ဆောင်ရွက်ဖို့တော့လိုအပ်ပါတယ်။
မိမိရည်မှန်းချက်အတွက်ဆုံးဖြတ်ချက်များ သေချာစွာမချနိုင်သောကိစ္စများကြောင့် စိတ်အာရုံတွေမငြိမ်မသက်ခံစားနေရပါလိမ့်မယ် ။ လုပ်ငန်းတွေနှောင့်နှေးနေ၍ ပြီးပြတ်ခြင်းမရှိပါဘဲတစ်ပိုင်းတစ်စ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ရတနားသုံးပါးကိုအထူးဆီးကပ်ဖို့လိုအပ်ပါတယ်။
အပြောအဆို အနေအထိုင် နှင့် အပျော်အပါးကိစ္စများ သတိထားရန်လိုအပ်ပါတယ်။ အမျိုးသမီး မိတ်ဆွေများ နှင့် သတိထားဆက်ဆံပါ။ သောကြာသားသမီးများကြောင့်လည်း စိတ်သောကများရတတ်ပါတယ်။ ငွေကြေး အထွက်များသောအချိန်ကာလဖြစ်၍ ငွေကြေး ဝင်အထွက်သတိထားသုံးစွဲသင့်ပါတယ်။

ကျန်းမာရေးအနေနဲ့ အနည်းငယ် ချူခြာနေတတ်သော်လည်း ဆေးရုံဆေးခန်းသွားရသည်အထိတော့ မစိုးရိမ်ရပါဘူး သို့သော် သတိထားရန်တော့လိုအပ်ပါတယ်။ မတော်တဆ ထိခိုက်ရှနာ ဖြစ်ရတတ်၍ သတိထားပါ။ သွေးတိုး သွေးကျ သွေးအားနည်း ရောဂါများလည်းသတိထားအပ်ပါသည်။

အချစ်ရေး အိမ်ထောင်ရေးတွင်အပြောင်းအလဲအချို့ရင်ဆိုင် ကြုံတွေ့ရတတ်သောကာလဖြစ်ပါတယ်။ မိမိချစ်သူအိမ်ထောင်ဖက်အပေါ် စိတ်အလိုမကျစရာကိစ္စများကြုံတွေ့ရတတ်ပါတယ်။အိမ်ထောင်သည်များအနေဖြင့် အိမ်တွင်းရေးအနည်းငယ်အဆင်မပြေဖြစ်တတ်သော်လည်း ဆိုးဆိုးရွားရွားစိတ်ပူစရာအနေအထားတော့မရှိပါဘူး..။

ကောင်းသောကံကို ပိုမိုကောင်းမွန်စေရန် နှင့်အညံ့များပျောက်စေရန်အတွက် ယတြာအနေဖြင့် သပြေ ပန်း ၆ ညွန့် အားနေအိမ်ဘုရားတွင်လှူဒါန်းခြင်းဖြင့် ကံတရား၏ အထောက်အပံ့ကိုရရှိစေပါမည်။ ကာလအတွင်း အထူးအကျိုးပေးသော ဂဏန်းများမှာ ဂဏန်း၊ ၄ ဂဏန်း ၊ ၅ ဂဏန်းတို့ဖြစ်ပါတယ်။

တနင်္ဂနွေ နေ့သမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ

တနင်္လာ နေ့ သားသမီးများ


၂၀၂၃ ခုနှစ် ဧပြီလ တစ်လအတွင်း တနင်္လာ နေ့ သားသမီးများဟာ...
ယခုကာလသည် အတိုက်အခံအချေအတင် အပြိုင်အဆိုင်တွေကြားက ဝင်ငွေကောင်းသောအချိန်ကာလဖြစ်ပါတယ်။ မည့်သည်ကိစ္စကိုမဆို အတိုက်အခံ အချေအတင်ကိစ္စအချို့နှင့် ယှဥ်တွဲပြီးကာမှသာ အောင်မြင်မှုရရှိတတ်ပါတယ်။ မိမိအတွက် အကောင်းတွေကြုံ မလာခင်အတိုက်အခံကိစ္စ အချို့နှင့် ရင်ဆိုင်ကြုံတွေ့နေရသောအချိန်ကာလလည်းဖြစ်ပါတယ်။

မိမိလုပ်ဖော်ကိုင်ဖက်တွေနှင့် အပြိုင်အဆိုင်ကိစ္စများကြုံတွေ့ရတတ်သော်လည်း အထက်အကြီးအကဲများ၏ အကူအညီနှင့်ယုံ​ကြည်မှု ရရှိတတ်ပါတယ်။ မိမိဆွေမျိုးသားချင်းများတွင် မိမိ၏ စေတနာကို နားမလည်သော သူများနှင့်ကြုံတွေ့ရတတ်ပြီး မိမိမှစေတနာနှင့် ပြောဆိုပြုမှုများကို အကောင်းမမြင်မှုများကြုံတွေ့ရတတ်လို့ အစစအရာရာ အပြောအဆိုအနေ အထိုင်သတိ ထား ဆင်ခြင်သင့်ပါတယ်။ စက်ပစ္စည်းများနှင့်ပတ်သက်၍လည်း အနည်းငယ် စိတ်ညစ်ရတတ်ပါတယ်။

ဤကာလတွင် မိမိ၏ အလိုမကျသော ဒေါသစိတ်ကို လျော့ချနိုင်ပါက စီးပွားရေး လူမှုရေးကိစ္စများ အစစအရာရာအဆင်ပြေတိုးတတ်မည့်အချိန်အခါဖြစ်ပါတယ်။ အကြီးအကဲဆရာသမားများမှ ကူညီမစမှုများရရှိတတ်ပြီး ပညာရေး နှင့် ပညာရပ်ဆိုင်ရာကိစ္စများ အဆင်ပြေအောင်မြင်မည်။

ယခုကာလတွင် မိမိ၏ အနာဂါတ် ရည်မှန်းချက်နှင့်ဆိုင်သော အလုပ်အကိုင်များ စတင် အစပျိုးရမည့်အချိန်ကာလဖြစ်ပါတယ်။ မိမိအနေဖြင့် အချို့သောအရာများအတွက် အပြောင်းအလဲအချို့ကြုံတွေ့လာရနိုင်ပါတယ်။ အလုပ်အကိုင်များအတွက် စိတ်ကူးစိတ်သန်းနှင့် အတွေး အခေါ်များအပြောင်းအလဲဖြစ်ပေါ်တတ်ပါတယ်။
ဤကာလအတွင်း
ကြာသပတေး သားသမီးများ အကူအညီကိုရရှိပါက လုပ်ငန်းကိုင်ငန်းများ အထူးအောင်မြင်ပါလိမ့်မည်။ စနေ သားသမီးများကြောင့် စိတ်​သောက များရတတ်ပါတယ်။ မိမိနေအိမ်မှ အနောက် တောင်အရပ်သို့ ခရီးသွားခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။

ယခုကာလအတွင်း ကျန်းမာရေးမှာတော့ အရိုးအဆစ်တွေမကြာခဏ ကိုက်ခဲနေတတ်ပါတယ်။ လေထိုး လေအောင့် ရောဂါများသတိထားရပါမည်။ မတော်တဆ ထိခိုက်မှုများ ကြုံရတတ်လို့လည်းအထူးသတိထားဖို့လိုအပ်ပါတယ်။

ယခုကာလအတွင်း အချစ်ရေး အိမ်ထောင်ရေးတွင်ချစ်သူအိမ်ထောင်ဖက်နှင့် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုသလိုမျိုး ကြုံတွေ့ရတတ်ပါတယ်။ မိမိချစ်သူ အိမ်ထောင်ဖက်အပေါ် စိတ်မချစိတ် နှင့် သဝန်တိုစိတ်များ ဖြစ်ရတတ်ပါတယ်။ မိမိ ချစ်သူအိမ်ထောင်ဖက် အပေါ် စိတ်ရှည်သီးခံဖို့လိုအပ်ပါတယ်။
ယခုကာလတွင် တနင်္လာ သားသမီးများအနေဖြင့် အညံ့များပျောက် စေရန်အတွက်ယတြာအနေဖြင့် နှင်းဆီပန်း ၁၅ ပွင့် အား မိမိနေအိမ်ဘုရားတွင်လှူဒါန်းကုသိုလ်ပြုခြင်းဖြင့် ကံရား၏ အထောက်အပံ့ကောင်းကို ရရှိစေနိုင်ပါသည်။

ယခုကာလအတွင်း အကျိုးပေးဂဏန်းများမှာ ၂ ဂဏန်း၊ ၅ ဂဏန်း ၊ ၆ ဂဏန်းတို့ဖြစ်ပါတယ်။

တနင်္လာနေ့ သမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ

အင်္ဂါ နေ့ သားသမီးများ


၂၀၂၃ ခုနှစ် ဧပြီလ တစ်လ အတွင်း အင်္ဂါ နေ့ သားသမီးများဟာ...
အချိန်ကာလသည် မိမိ ကြိုးစားသလောက်အရာထင်အဆင်ပြေအောင်မြင်၍ နာမည်ဂုဏ်သတင်းကျော်စောထင်ရှားစေနိုင်သည့် အချိန်ကာလဖြစ်ပါတယ်။ ဤကာလမှာ မိမိတွင် စီးပွားရေး၊ လူမှုရေး ၊ဘဝတက်လှမ်းရေး စတဲ့ကိစ္စတွေနဲ့ စိတ်ထဲမှာ ရှုပ်ထွေးနေရတတ်ပါတယ်။

အရောင်းအဝယ် လုပ်ငန်းကိစ္စများအဆင်ပြေမည်။ ဆန်၊ ဆီ ၊ ဆား ၊ဆေး ​စျေးဆိုင် ကုန်စုံ လုပ်ငန်းများအကျိုးဖြစ်မည်။ အစုရှယ် ယာလုပ်ငန်းများ ၊ ခရီးသွားလုပ်ငန်းများ ၊ အလှကုန်နှင့် ပတ်သက်
သည့်လုပ်ငန်းများ ၊ သွပ်သံ၊ ခဲ နှင့်ပတ်သက်သည့်လုပ်ငန်းများအဆင်ပြေအကျိုးပေးမည်။

ယခုအချိန်ကာလတွင် အဖွဲ့အစည်းနှင့်တွဲ၍ ပြုလုပ်ရသောကိစ္စများတွင် အဆင်မပြေမှုအချို့ရှိနိုင်သော်လည်း မိမိ၏ လက်အောက်ငယ်သားများ၏အကူအညီများရရှိတတ်ပါတယ်။

ဤကာလသည် မိမိအတွက် အရာရာအတည်တကျမရှိ အပြောင်းအလဲများသောအချိန်ကာလဖြစ်၍ တွေဝေဒွိဟစိတ်တွေမကြာခဏကြုံရတတ်ပါသည်။ အိုး အိမ် နေရာ အတည်တကျမရှိဖြစ်တတ်ပါသည်။ အရာရာကို သေချာသောဆုံးချက်ထားကာ ကြိုးစားသူများအတွက် အကျိုးစီပွားများပါ
လိမ့်မည်။

ဤကာလတွင် ဘာသာရေး အားနည်းသူများအတွက်တော့ မိမိရရှိမည့်အခွင့်အရေးများလက်လွတ်ဆုံးရှုံးရတတ်ပါတယ်။ မနာလိုမုန်းတီးသူများ၏ ပြိုင်ဆိုင်တိုက်ခိုက်ခြင်းခံရ၍ မိမိရည်မှန်းချက်များ နှောင့်နှေးကြန်ကြာနေတတ်ပါသည်။သို့ဖြစ်၍ ဘာသာရေး လက်မလွတ်ဖို့အရေးကြီးပါတယ်။

ယခုကာလတွင် သောကြာသားသမီး မိတ်ဆွေများ၏ အကူအညီဖြင့် မိမိအခက်အခဲများ ထမြောက်အောင်မြင်ပါလိမ့်မည်။ မိတ်ရင်းဆွေရင်းများထံမှ အကူအညီရရှိတတ်ပါတယ်။

ဤကာလတွင် တနင်္ဂနွေသားသမီး မိတ်ဆွေများနှင့် အပြောအဆိုအနေထိုင်သတိထားပါ။ မိမိ​နေအိမ်မှ အရှေ့မြောက် အရပ်သို့ ခရီးသွားခြင်းကိုရှောင်ကျဥ်ပါ သွားမိပါက အပူသောကများရတတ်ပါတယ်။

ကျန်းမာရေးမှာတော့ ကိုယ်ခံအားနည်းတာ ၊ မူးတာ ဝေတာ ၊ပင်ပန်းနွမ်းနယ်တာ စတာတွေ ကြုံရတတ်ပါတယ် ။ မျက်စိနာတာ မျက်သားယားတာတွေလည်း ကြုံရတတ်ပါတယ် သို့သော် ဆေးရုံ ဆေးခန်းများ သွားရသည်အထိတော့ မဖြစ်နိုင်ပါဘူး။

ယခုကာလအတွင်း လူငယ်များဖြစ်ပါက အချစ်ရေးကံကောင်းသောအချိန်ကာလဖြစ်ပါတယ်။ မျက်နှာပွင့်လန်းပါလိမ့်မည်။ ချစ်သူအိမ်ထောင်ဘက်အပေါ် မှာတော့ သစ္စာရှိရှိနှင့် အရှုပ်အရှင်းကင်းအောင်နေထိုင်သင့်ပါသည်။ အဆင်မ​ပြေညှိနှိုင်းမရသော ချစ်သူစုံတွဲများ မစွန့်လွတ်လိုဘဲစွန့်လွတ်လိုက်ရတာမျိုးကြုံတွေ့ရတတ်ပါသည်။
အိမ်ထောင်သည်များအတွက်မှာတော့ အိမ်တွင်းရး အဆင်မပြေမှု အချို့ကြုံရတတ်ပါတယ်။ သို့သော် မိမိမှ စိတ်ရှည်သီးခံပါက အဆင်ပြေသောအိမ်ထောင်ရေးကိုရရှိပါလိမ့်မည်။

အင်္ဂါသားသမီးများအနေဖြင့် လက်ရှိကာလတွင်
မိမိနေအိမ်ဘုရားမှာ အုန်း ၈ ညွန့်အား လှူဒါန်းခြင်းဖြင့် ကံတရား ၏အထောက်အပံ့ကိုရရှိစေနိုင်ပါတယ်။
အကျိုးပေး ဂဏန်းများမှာ ၃ ဂဏန်း ၊၆ ဂဏန်း ၊ ၇ ဂဏန်း တို့ဖြစ်ပါတယ်။

အင်္ဂါနေ့ နေ့သားသမီးများ အားလုံး ကိုယ် စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ


ဗုဒ္ဓဟူး နေ့ သား သမီးများ

၂၀၂၃ ခုနှစ် ဧပြီလ ၁လ အတွင်း ဗုဒ္ဓဟူး နေ့ သားသမီးများဟာ...
ယခုကာလအတွင်း စိတ်ညစ် စိတ်လေမှုများကြုံတွေ့ရတတ်ပါတယ်။ အတိုက်အခံ အချေအတင် အပြိုင်အဆိုင် အငြင်းအခံကိစ္စများကြုံတွေ့ရတတ်ပါတယ်။သို့သော် အထက်အကြီးအကဲများ၏ယုံကြည်မှုနှင့် အကူအညီများရရှိခံတတ်ပါတယ်။

ဤကာလတွင် အစိုးရနှင့်ပတ်သတ်သော၊ အုပ်စု အသင်း အဖွဲ့နှင့်ပတ်သတ်သောလုပ်ငန်းများအဆင်ပြေမှုများရရှိပါမည်။ မိမိအနေဖြင့် ငွေကြေး ရင်း နှီးထားပါက ပြန်ရဖို့နှောင့်နှေးကြန့်ကြာနေတတ်ပါတယ်။ မိမိ ရစရာရှိသောငွေများ တောင်းရခက်နေတတ်ပြီး ပေးရန်အကြွေးရှိက အရေးတကြီးအတောင်းခံနေရတတ်ပါတယ်။ ငွေကြေးနှင့်ပတ်သတ်၍ အပူသောက အနည်းနှင့်အများရင်ဆိုင်ကြုံတွေရတတ်ပါတယ်။မိမိအနေဖြင့် ယခင်ပြုလုပ်ခဲ့သော အမှုဟောင်း ပြဿနာဟောင်းများရှိခဲ့ပါက ယခုအခါတွင်ပြန်လည်ဖြေရှင်းရမည့်အချိန်ကာလဖြစ်ပါသည်။

ယခုကာလတွင် အညံ့များရှိနေသော်လည်းမမျှော်
လင့်သောငွေကြေးများဝင်လာတတ်၍ ထီကံစမ်း
သင့်သော အချိန်ကာလဖြစ်ပါတယ်။ မိမိအတွက် မ‌မျှော်လင့်သောအပြောင်းအလဲများလည်း ဖြစ်ပေါ်လာတတ်ပါတယ်။

ယခုကာလအတွင်း မိမိလက်ရှိအလုပ်အကိုင်များကြောင့် ကိုယ်ရော စိတ်ပါ ပင်ပင်ပန်းပန်းနှင့် ကြိုးစားနေရတတ်ပြီး မိမိကြိုးစားသလောက်ထိရောက်အောင်မြင်မှုများရရှိစေနိုင်မည်ဖြစ်၍ ကြိုးစားမှုအတွက် အားမလျော့မိဖို့လိုအပ်ပါတယ်။

ယခုလက်ရှိကာလအတွင်း စနေ သားသမီးများ၏ အကူအညီရရှိပါက မိမိအခက်အခဲများ အဆင်ပြေ အေးချမ်းမှုရရှိပါလိမ့်မည်။ တနင်္လာ သားသမီးမိတ်ဆွေများနှင့်အပြောအဆိုအနေအထိုင်ဆင်ခြင်ပါ။ အရှေ့ အရပ်သို့နေအိမ်မှ ခရီးသွားခြင်းကိုရှောင်ကြဥ်သင့်ပါတယ်။

ယခုကာလတွင် ကျန်းမာရေးအနေဖြင့် သွေးတိုး သွေးကျ သွေးအားနည်းတာမျိုး သတိပြုသင့်ပါတယ် ။ နှလုံးရောဂါ ခေါင်းကိုက် ခါးကိုက် နှင့် ကျောက်ကပ် ဆိုင်ရာ ရောဂါများလည်း ကြုံတွေ့ ရတတ်ပါတယ်။
ဤကာလတွင် အချစ်ရေး အိမ်ထောင်ရေးတွင်ချစ်သူအိမ်ထောင်ဖက်နှင့် စကားမကြာခဏများရတတ်ပါတယ်။ တစ်ယောက်အပေါ်တစ်ယောက်စိတ်အလိုမကျမှုတွေကြုံတွေ့ရတတ်၍ ချစ်သူအိမ်ထောင်ဖက်အပေါ် စိတ်ရှည်သီးခံဖို့လိုအပ်ပါတယ်။

ဤကာလအတွင်း အညံ့များပျောက်၍ ကောင်း သောကံအား ပိုမိုကောင်းမွန်စေရန်အတွက် ကံကော် ပန်း ၁၇ ညွန့် အား မိမိ​နေအိမ်ဘုရားတွင်လှူဒါန်းခြင်းဖြင့် ကံတရား၏ အထောက်အပံ့ကိုရရှိစေနိုင်ပါမည်။

ယခုကာလအတွင်းအကျိုးပေး နိုင်မည့်ဂဏန်းများမှာ ၁ ဂဏန်း ၊ ၄ ဂဏန်း၊ ၇ ဂဏန်း တို့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ သားသမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ

ကြာသပတေးနေ့ သားသမီးများ


၂၀၂၃ ခုနှစ် ဧပြီလ ၁လအတွင်း ကြာသပတေး နေ့ သားသမီးများဟာ...
ယခုကာလသည် မိမိ၏ အနာဂါတ် ရည်မှန်းချက်
နှင့်ဆိုင်သော အလုပ်အကိုင် များ စတင် အစပျိုးလုပ်ကိုင် ရမည့်အချိန်ကာလဖြစ်ပါတယ်။ သို့သော်လည်း မည့်သည့်ကိစ္စကိုမဆို အတိုက်အခံ အချေအတင်တွေ ကိစ္စအချို့နှင့်ယှဥ်တွဲပြီးကာမှသာ အောင်မြင်မှုရရှိတတ်ပါတယ်။ ဒီလိုအတိုက်အခံတွေကြားက ကြိုးစားရင်း မိမိမှာ ဝင်ငွေကောင်းနေတတ်ပါတယ်။ ဤကာလမှာ ကြိုစားသမျှတော့အရာထင် အောင်မြင်ပါလိမ့်မည်။

ဤကာလတွင် မိမိ၏ လုပ်ဖော်ကိုင်ဖက်တွေနှင့်အပြိုင်အဆိုင်ကိစ္စများ ကြုံတွေ့ရတတ်သော်လည်း အထက်အကြီးအကဲများ၏ အကူအညီနှင့်ယုံ​ကြည်မှု ရရှိတတ်ပါတယ်။ လက်အောက်ငယ်သားများအပေါ် မိမိသြဇာ အာဏာမတည်မမြဲဖြစ်တတ်ပါတယ်။ ထို့အတူ မိမိ၏စေတနာကို နားမလည်သော သူများနှင့်ကြုံတွေ့ရတတ်ပြီး မိမိမှ စေတနာနှင့် ပြောဆိုပြုမူ မှုများကို အကောင်းမမြင်သူများနှင့် ကြုံတွေ့ရတတ်လို့ အစစအရာရာ အပြောအဆိုအနေအထိုင် သတိထားဆင်ခြင်သင့်ပါတယ်။

ယခုကာလအတွင်းအကောင်းများကြုံမလာခင် အတိုက်အခံအချို့နှင့် ရင်ဆိုင်ကြုံတွေ့နေရသောအချိန်ကာလဖြစ်ပါတယ်။ မိမိစိတ်တွင်လည်း စိတ်အလိုမကျမှု အချို့ကြုံတွေ့နေရတတ်ပါတယ်။ စိတ်အလိုမကျသော မိမိ၏ဒေါသကို လျော့ချနိုင်ပါက စီးပွားရေး လူမှုရေးကိစ္စများ အစစအရာရာအဆင်ပြေတိုးတက်မည့်အချိန်အခါဖြစ်ပါတယ်။

ဤအချိန်တွင် စက်ပစ္စည်းများ နှင့်ပတ်သက်၍ စိတ်ညစ်ရတတ်ပါတယ်။ ဆွေမျိိုးသားခြင်းများနှင့်ပတ်သက်၍လည်း အပူသောကများရတတ်ပါတယ်။ နေအိမ်မှ အရှေ့တောင်အရပ်သို့ခရီးသွားခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။ အင်္ဂါသားသမီးများနှင့် အပြောအဆို သတိထားဆက်ဆံသင့်ပါသည်။

ဤကာလတွင် အကြီးအကဲဆရာသမားများမှ ကူညီမစတတ်ပြီး ပညာရေး နှင့် ပညာရပ်ဆိုင်ရာကိစ္စများ အဆင်ပြေအောင်မြင်လိမ့်မည်။ ငယ်ရွယ်သူ အမျိုးသမီးများ၏ အကူအညီရရှိ၍ လူမှုရေး ကိစ္စများအဆင်ပြေမည်။ အမျိုးသမီးမိတ်ဆွေများထံမှငွေကြေးအကူအညီများရရှိတတ်ပါတယ်။

ယခုကာလအတွင်း အချစ်ရေး အိမ်ထောင်ရေးမှာတော့ ချစ်သူအိမ်ထောင်ဖက်နှင့် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုသလိုမျိုး ကြုံတွေ့ရတတ်ပါတယ်။ မိမိ၏ ချစ်သူအိမ်ထောင်ဖက်အပေါ် သဝန်တိုခြင်း စိတ်မချခြင်းများကြုံတွေ့ရတတ်ပါတယ် ။ မိမိအနေဖြင့် စိတ်ရှည်နားလည်ပေးဖို့လိုအပ်ပါတယ်။

ဤကာလအတွင်း ကျန်းမရေးအနေဖြင့် မတော်တဆ ထိခိုက်ရှနာဖြစ်တတ်၍ သတိပြုရပါမည်။အဓိကအားဖြင့် အရိုးအဆစ်တွေမကြာခဏ ကိုက်ခဲနေတတ်ပါတယ်။

ယခုကာလတွင် ကြာသပတေး သားသမီးများအနေဖြင့် အညံ့များပပျောက်စေရန်အတွက် စံပယ်ပန်း ၅ ကုံးအား နေအိမ်ဘုရားတွင်လှူဒါန်းယတြာပြုလုပ်ခြင်းဖြင့် ကံတရား၏ အထောက်အပံ့ကောင်းကို ရရှိစေနိုင်ပါသည်။

ယခုကာလအတွင်း အကျိုးပေးဂဏန်းများမှာ ၁ ဂဏန်း၊ ၂ဂဏန်း ၊ ၅ဂဏန်းတို့ဖြစ်ပါတယ်။
ကြာသပတေးနေ့ သား သမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ

သောကြာနေ့ သားသမီးများ


၂၀၂၃ ခုနှစ် ဧပြီလ ၁လအတွင်း သောကြာ နေ့ သားသမီးများဟာ....

ယခုကာလအတွင်း အရာရာအပြောင်းအလဲအချို့နှင့်ရင်ဆိုင် ကြုံတွေ့ရတတ်ပါတယ်။ ပြည်ပခရီးထွက်ရန်ကြိုးစားနေသူများ ထမြောက်အောင်မြင် အဆင်ပြေစေဖို့ ကံတရား၏အထောင်အပံ့ရရှိ ရရှိပါလိမ့်မည်။

အများအားဖြင့် ကောင်းမှုကုသိုလ်ပြု၍ ရတနာ ၃ ပါး ဆည်းကပ်ပူဇော် သူများအနေဖြင့် ဘုန်းကံတန်ခိုး တိုးပွား၍ ရာထူး ၊ နေရာ ၊ ဂုဏ်ရှိန်ဝါ တိုးတက်ကာ အလုပ်အကိုင် အခွင့်အလမ်းများ စီးပွားလာဘ်လာဘများ တိုးတက်ကောင်းမွန်လာပါလိမ့်မည်။ လက်ရှိလုပ်ကိုင်​နေတဲ့ လုပ်ငန်းကိုင်ငန်းတွေလည်း ထူးခြားသိသာစွာ အောင်မြင်မှုရရှိ၍ အကျိုးအမြတ်များ ရရှိပါလိမ့်မည်။ ယခုကာလအတွင်း ထီကံစမ်းသင့်သောကာလလည်းဖြစ်ပါတယ်။

ဤကာလအတွင်း မိမိအနေဖြင့် ဘဝတက်လှမ်းရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းကိစ္စတွေကိုအကောင်ထည်ဖော် ဆောင်ရွက်သင့်တဲ့ ကာလလည်းဖြစ်တယ်။ ရာထူးတိုးတင်ထားခံရခြင်း ၊ ရာထူးတိုးရန်အခွင့်အလမ်းများရရှိခြင်း ၊ ယခင်ထက်ပိုမိုကောင်းမွန်သော နေရာများရရှိခြင်းတို့ ကြုံတွေ့ရတတ်ပါတယ်။

ယခုလက်ရှိကာလတွင် ​ကောင်းမှုကုသိုလ်ကံ အားနည်း၍ ဘာသာရေး အားနည်းသူများ အတွက်မှာတော့ စိတ်ညစ်စရာ အမှုကိစ္စများ ပြန်ပေါ်လာ၍ ပူပင်သောကအချို့ကြုံရတတ်ပါတယ်။

ယခုကာလအတွင်း ငွေကြေး ချေးမိက ပြန်မရဘဲ ကြန့်ကြာနေခြင်း ၊ အလိမ်အညာခံရခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ ဤကာလအတွင်း မိမိပြုသော ကောင်းမှုကံ မကောင်းမှုကံများအပေါ်မူတည်၍အဆိုး အကောင်း အနိမ့်အမြင့်အတက်အကျတွေဟာ ထူးခြားသိသာ စွာဖြစ်ပေါ်နေပါလိမ့်မယ်။

မိမိ၏ လုပ်ဖော်ကိုင်ဖက် များထဲမှ တနင်္ဂနွေ သားသမီးများနှင့် အပြောအဆို အနေအထိုင်သတိထားသင့်ပါတယ်။ယခုကာလအတွင်း အရှေ့မြောက်အရပ်သို့ ခရီးသွားလာခြင်းကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။

ဤကာလအတွင်း အချစ်ရေး အိမ်ထောင်ရေးတွင် မိမိ ချစ်သူ အိမ်ထောင်ဖတ်အပေါ် စိတ်အလိုမကျမှုများ ခံစားရခြင်း သို့မဟုတ် အချစ်ရေးအိမ်ထောင်ရေးမှာ အပြောင်းအလဲအချို့ ကြုံတွေ့ရတတ်ပါသည်။ အချစ်ရေး အိမ်ထောင်ရေး အနည်းငယ်အေးစက်နေတတ်ပါတယ်။အိမ်ထောင်ရှိသူများအတွက် အိမ်တွင်းရေး အပူသောကလည်း အနည်းငယ်ကြုံရတတ်ပါတယ်။

ယခုကာလအတွင်း ကျန်းမာရေးမှာတော့ မတော်တဆ ထိခိုက်ရှနာဖြစ်တတ်၍ သတိပြုရပါမည်။အဓိကအားဖြင့် အရိုးအဆစ်တွေမကြာခဏ ကိုက်ခဲနေတတ်ပါတယ်။သို့သော် ဆိုးဆိုးရွားရွားအခြေအနေတစ်ခုထိတော့ မစိုးရိမ်ရနိုင်ပါဘူး။

ယခုအချိန်ကာလအတွင်း မိမိအနေဖြင့် ကောင်းသောကံကို ပိုမိုကောင်းလာစေရန်နှင့် အညံ့များပပျောက်စေရန်အတွက် ယတြာအနေဖြင့် ပြုလုပ်လိုပါက မိမိနေအိမ်ရှိ ဘုရားအား သြဇာညွှန့် ၆ ညွန့်အားလှူဒါန်းကုသိုလ်ပြုပါ။
မိမိအတွက် ကံကောင်းစေသော ဂဏန်းများမှာ ၃ ဂဏန်း ၊ ၆ ဂဏန်း ၊၇ ဂဏန်း တို့ဖြစ်ပါတယ်။

သောကြာနေ့ သားသမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ

စနေ နေ့ သားသမီးများ


၂၀၂၃ ခုနှစ် ဧပြီ လ ၁လ အတွင်း စနေ နေ့ သားသမီးများဟာ...
ယခုကာလတွင် မိမိ၏ မိဘ ဆွေမျိုးသားချင်းများ၏အကူအညီရရှိတတ်သောအချိန်အခါဖြစ် ပါ​သည်။ မိမိအနေဖြင့် မခံချင်စိတ်ဖြင့် ကြိုးစားဆောင်ရွက်သော အမှုကိစ္စမှန်သမျှအောင်မြင်မှုရှိပါလိမ့်မည်။

ဤကာလသည် မိမိ၏ အနာဂါတ် ရည်မှန်းချက်နှင့်ဆိုင်သော အလုပ်အကိုင်များ စတင် အစပျိုးရမည့်အချိန်ကာလလည်းဖြစ်ပါတယ်။ မိမိအတွက် အကောင်းဆုံးတွေကြုံမလာခင် အတိုက်အခံအချို့
နှင့် ရင်ဆိုင်ကြုံတွေ့နေရသော ကာလဖြစ်​ပြီး ထို့အတိုက်အခံအချေအတင် အပြိုင်အဆိုင်များကြားကပင် ဝင်ငွေများရရှိတတ်ပါတယ်။ ဤကာလတွင် မည့်သည်ကိစ္စကိုမဆို အတိုက်အခံ အချေအတင်ကိစ္စအချို့နှင့် ယှဥ်ပြီးကာမှသာ အောင်မြင်မှုရရှိတတ်ပါတယ်။

ဤကာလတွင် မိမိ၏ လက်အောက်ငယ်သားများအပေါ် မိမိသြဇာအာဏာဟာ မတည်မမြဲဖြစ်တတ်ပါတယ်။ ထို့ကြောင့် မိမိအ​နေဖြင့်အပြောအဆိုအနေအထိုင် သတိထားဆင်ခြင်သင့်ပါတယ်။ မိမိစိတ်တွင်လည်း စိတ်အလိုမကျမှုအချို့မကြာခဏ ကြုံတွေ့နေရတတ်ပါတယ်။

ဤကာလတွင် မိမိ၏ စိတ်အလိုမကျသော ဒေါသကို လျော့ချနိုင်ပါက စီးပွားရေး လူမှုရေးကိစ္စများ အစစအရာရာအဆင်ပြေတိုးတတ်မည့်အချိန်အခါဖြစ်ပါတယ်။ ယခုကာလမှာ မိမိအနေဖြင့် အချို့သောအရာများအတွက် အပြောင်းအလဲများ ကြုံတွေ့လာရနိုင်ပါတယ်။ အလုပ်အကိုင်အတွက် စိတ်ကူး အတွေးအခေါ်အပြောင်းအလဲများလည်း ဖြစ်ပေါ်လာတတ်ပါတယ်။

ဤကာလတွင် အချစ်ရေး အိမ်ထောင်ရေးမှာ မိမိချစ်သူအိမ်ထောင်ဖက်နှင့် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုသလိုမျိုး ကြုံတွေ့ရတတ်ပါတယ်။ ချစ်သူအိမ်ထောင်ဖက်အပေါ် သဝန်တိုစရာ ကိစ္စများလည်း မကြာခဏဆိုသလို ကြုံတွေ့ရတတ်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေးတွင် အထင်လွဲမှားမှုများ ကြုံတွေ့ရတတ်၍ နားလည်မှုပိုမိုရရှိရန်လိုအပ်ပါသည်။

ဤကာလအတွင်း ကျန်းမာရေးမှာတော့ အာရုံကြောအားနည်းခြင်း နှင့် မျက်စိနှင့်ပတ်သက်သောရောဂါများ သတိပြုဖို့လိုအပ်ပါတယ်။ သွေးတိုး သွေးကျသတိထားပါ။

ဤကာလတွင် အင်္ဂါသားသမီးများ၏ အကူအညီ
ဖြင့် လုပ်ငန်းကိုင်ငန်းများအဆင်ပြေပါလိမ့်မည်။ ကြာသပတေးသားသမီးများနှင့် အပြောအဆိုသတိထားရပါမည်။ မိမိနေအိမ်မှ အနောက်အရပ်သို့ခရီးသွားခြင်းကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။

ယခုကာလတွင် စနေသား သမီးများအနေဖြင့် အညံ့များပျောက် စေရန်အတွက် ကြာဇံကြော်အား နေအိမ်ဘုရားတွင်လှူဒါန်းယတြာပြုလုပ်ခြင်းဖြင့် ကံတရား၏ အထောက်အပံ့ကောင်းကို ရရှိစေနိုင်ပါသည်။

ယခုကာလအတွင်း အကျိုးပေးဂဏန်းများမှာ ၁ ဂဏန်း၊ ၄ ဂဏန်း ၇ ဂဏန်းတို့ဖြစ်ပါတယ်။

စနေ နေ့သမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ













 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ