တန်ခူးလအတွက်အကောင်းဆုံးယတြာ

 


တန်ခူးလဆန်း(၁)ရက်နေ့ (12.4.2021) မှ တန်ခူးလကွယ်နေ့(10.5.2021)အထိတစ်လတာလုံး ပန်းကန်ပြား တစ်ချပ်တွင် ၁၀၀၀ကျပ် (သို့) ၁၀၀ကျပ်တန် တစ်ရွက်ကို ဖြန့်ခင်းလိုက်ပါ။

ထိုပိုက်ဆံပေါ်တွင် ဖီးကြမ်းငှက်ပျောသီး တစ်လုံးကိုတင်လိုက်ပါ။
ငှက်ပျောသီး၏ အလယ်တွင် အမွှေးတိုင်(၂)တိုင် စိုက်၍ မိမိအိမ်ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား ရိုသေစွာဖြင့် ထွန်းညှိ ပူဇော်ပေးရပါမယ်။

နေ့စဥ် မနက်တစ်ကြိမ်၊ညနေတစ်ကြိမ် အမွှေးတိုင်(၂)တိုင်စီ ထွန်းညှိ ပူဇော်ပေးနေရမည်။

ယခုလတစ်လတာတွင် ကော်ဖီအေးတစ်ခွက်ကို နေ့စဥ် မြတ်စွာဘုရားရှင်အား ကပ်လှူပေးပါက ထူးခြားမှူများကောင်းကျိုးများစွာကိုလည်း ရရှိခံစားရမည်ဖြစ်သည်။

ကံချေကန်တော့ခြင်းကို လုပ်ဆောင်ဖို့ရန် မမေ့ပါနှင့်။

“နေ့စဥ် အောက်ဖော်ပြပါ ဂုဏ်တော်များကို ရွတ်ဖတ်ပါ။”
ဣတိပိသောဘဂဝါ အရဟံ=၁၅ခေါက်
ဣတိပိသောဘဂဝါ လောကဝိဒူ=၁၉ခေါက်
ဣတိပိသောဘဂဝါ ဗုဒ္ဓေါ=၈ခေါက်

တန်ခူးလအတွက်နေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ
◾️တနင်္ဂနွေနေ့=မြောက်အရပ်
◾️တနင်္လာနေ့=တောင်အရပ်
◾️အင်္ဂါနေ့=အရှေ့အရပ်
◾️ဗုဒ္ဓဟူးနေ့=အနောက်အရပ်
◾️ကြာသပတေးနေ့=အရှေ့အရပ်
◾️သောကြာနေ့=မြောက်အရပ်
◾️စနေနေ့=တောင်အရပ်

အထက်ပါအတိုင်း နေ့အလိုက် နေ့စဥ်အရပ်မျက်နှာမူ၍ ဧဟိလာဘံ ဟူ၍ (၂၇)ခေါက် တိတိ ရွတ်ပေးရပါမည်။

ဆုတောင်းစာ
“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး တန်ခူးလ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်ဖြစ်ထွန်း၍ စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”

ငှက်ပျောသီး ကို နှစ်ရက်လျှင် တစ်လုံး အသစ် ထပ်မံ လှဲလှယ်၍ အထက်ပါနည်းအတိုင်း ယတြာကို တိကျစွာ ပြုလုပ်ပေး ရပါမယ်။
ဤယတြာကို တန်ခူးလ တစ်လတာလုံးအတွင်း မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်ပါသည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက် ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက တန်ခူးလ တစ်လတာလုံး ဘေးဘယကင်းဝေး၍ စီးပွားလာဘ်ရွှင်စေကာ လိုအင်ဆန္ဒပြည့်ဝစေရပါမည်။

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ