နေ့နံအလိုက် ဘုရားရှိခိုးနှင့် လာဘ်ဖွင့်အစီအရင်

တနင်္ဂနွေနေ့သားသမီးများအတွက်

တနင်္ဂနွေနေ့ဖွားများအတွက် လာဘ်ဖွင့်ခြင်းအစီအရင်လုပ်ဆောင်မယ့် နေ့နဲ့အချိန်က အင်္ဂါနေ့နံနက် ၆ နာရီက ၇း၃၀ အတွင်းဖြစ်ပါတယ်။ တနင်္ဂနွေနေ့ဖွားဘုရားရှင်တစ်ပါးအား ဘွဲ့တော်နှင့်တကွပင့်ဖိတ်ပြီး အုန်းဆွမ်း(၁)ပွဲ၊ အလင်းတိုင် (၆)တိုင်၊ အမွှေးတိုင် (၆)တိုင်၊ သောက်တော်ရေ (၆)ခွက် ကပ်လှူပြီး တနင်္ဂနွေနေ့ဖွားများအတွက် ကုသိုလ်ကံပွင့်ဂါထာကို (၆)ကြိမ်ရွတ်ဖတ်ပူဇော်ပေးရမှာဖြစ်ပါတယ်။

ဆွမ်းကပ်၊ ဂါထာရွတ်ဆိုပူဇော်ပြီး ဘုရားစေတီမှာ ကျောက်ပြားလှူခြင်း (သို့) ကျောက်ပြားအလှူအတွက် ငွေထည့်ခြင်း ပြုလုပ်ရမည်။ တနင်္လာထောင့်မှာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ငါးစာကျွေးခြင်းစတဲ့ အဆင်ပြေရာ ကုသိုလ်ဒါနတစ်ခုကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။

ဒါ့အပြင် တနင်္ဂနွေသားရဟန်းတစ်ပါးကို သင်္ကန်း(ကိုယ်အောက်ပိုင်းသုံး) တစ်ထည်ဖြစ်စေ၊ သင်းပိုင်ဖြစ်စေ၊ ရေသနုပ်ဖြစ်စေ လှူဒါန်းနိုင်ပါတယ်။ ကိုယ့်အတွက် လွယ်ကူအဆင်ပြေစေနိုင်မယ့် အားဖြည့်ကုသိုလ်တစ်ခုကို ဆောင်ရွက်နိုင်ပါတယ်။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းဝင်ငွေကောင်းခြင်း၊ လာဘ်လာဘပွင့်လန်းခြင်း၊ ငွေကြေးကံကောင်းခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

တနင်္လာနေ့သားသမီးများအတွက်

တနင်္လာနေ့ဖွားများအတွက် လာဘ်ဖွင့်ခြင်းအစီအရင်လုပ်ဆောင်မယ့် နေ့နဲ့အချိန်က ဗုဒ္ဓဟူးနေ့နံနက် ၆ နာရီက ၇း၃၀ အတွင်းဖြစ်ပါတယ်။ တနင်္လာနေ့ဖွားဘုရားရှင်တစ်ပါးအား ဘွဲ့တော်နှင့်တကွပင့်ဖိတ်ပြီး ကျောက်ကျောဆွမ်း(၂)ပွဲ၊ အလင်းတိုင် (၁၅)တိုင်၊ အမွှေးတိုင် (၁၅)တိုင်၊ သောက်တော်ရေ (၁၅)ခွက် ကပ်လှူပြီး တနင်္လာနေ့ဖွားများအတွက် ကုသိုလ်ကံပွင့်ဂါထာကို (၁၅)ကြိမ်ရွတ်ဖတ်ပူဇော်ပေးရမှာဖြစ်ပါတယ်။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းဝင်ငွေကောင်းခြင်း၊ လာဘ်လာဘပွင့်လန်းခြင်း၊ ငွေကြေးကံကောင်းခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

အင်္ဂါနေ့သားသမီးများအတွက်

အင်္ဂါနေ့ဖွားများအတွက် လာဘ်ဖွင့်ခြင်းအစီအရင်လုပ်ဆောင်မယ့် နေ့နဲ့အချိန်က ကြာသပတေးနေ့နံနက် ၆ နာရီက ၇း၃၀ အတွင်းဖြစ်ပါတယ်။ အင်္ဂါနေ့ဖွားဘုရားရှင်တစ်ပါးအား ဘွဲ့တော်နှင့်တကွပင့်ဖိတ်ပြီး ဆီထမင်း(၃)ပွဲ (သို့) ဆွမ်းအဖြူပေါ်မှ ဇီးယိုတင်ထားသော ဆွမ်း (၃)ပွဲ၊ အလင်းတိုင် (၈)တိုင်၊ အမွှေးတိုင် (၈)တိုင်၊ သောက်တော်ရေ (၈)ခွက် ကပ်လှူပြီး အင်္ဂါနေ့ဖွားများအတွက် ကုသိုလ်ကံပွင့်ဂါထာကို (၈)ကြိမ်ရွတ်ဖတ်ပူဇော်ပေးရမှာဖြစ်ပါတယ်။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းဝင်ငွေကောင်းခြင်း၊ လာဘ်လာဘပွင့်လန်းခြင်း၊ ငွေကြေးကံကောင်းခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

ဗုဒ္ဓဟူးနေ့သားသမီးများအတွက်

ဗုဒ္ဓဟူးနေ့ဖွားများအတွက် လာဘ်ဖွင့်ခြင်းအစီအရင်လုပ်ဆောင်မယ့် နေ့နဲ့အချိန်က သောကြာနေ့နံနက် ၆ နာရီက ၇း၃၀ အတွင်းဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ဖွားဘုရားရှင်တစ်ပါးအား ဘွဲ့တော်နှင့်တကွပင့်ဖိတ်ပြီး လမုန့်(၄)ခု (သို့) ဆွမ်းအဖြူပေါ်မှာ ရှောက်ယိုတင်၍ဖြစ်စေ၊လှူဒါန်းပြီး အလင်းတိုင် (၁၇)တိုင်၊ အမွှေးတိုင် (၁၇)တိုင်၊ သောက်တော်ရေ (၁၇)ခွက် ကပ်လှူပြီး ဗုဒ္ဓဟူးနေ့ဖွားများအတွက် ကုသိုလ်ကံပွင့်ဂါထာကို (၁၇)ကြိမ်ရွတ်ဖတ်ပူဇော်ပေးရမှာဖြစ်ပါတယ်။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းဝင်ငွေကောင်းခြင်း၊ လာဘ်လာဘပွင့်လန်းခြင်း၊ ငွေကြေးကံကောင်းခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

ကြာသပတေးနေ့သားသမီးများအတွက်

ကြာသပတေးနေ့ဖွားများအတွက် လာဘ်ဖွင့်ခြင်းအစီအရင်လုပ်ဆောင်မယ့် နေ့နဲ့အချိန်က စနေနေ့နံနက် ၆ နာရီက ၇း၃၀ အတွင်းဖြစ်ပါတယ်။ ကြာသပတေးနေ့ဖွားဘုရားရှင်တစ်ပါးအား ဘွဲ့တော်နှင့်တကွပင့်ဖိတ်ပြီး မြေပဲဆွမ်း(၅)ပွဲ၊ အလင်းတိုင် (၁၉)တိုင်၊ အမွှေးတိုင် (၁၉)တိုင်၊ သောက်တော်ရေ (၁၉)ခွက် ကပ်လှူပြီး ကြာသပတေးနေ့ဖွားများအတွက် ကုသိုလ်ကံပွင့်ဂါထာကို (၁၉)ကြိမ်ရွတ်ဖတ်ပူဇော်ပေးရမှာဖြစ်ပါတယ်။

အထက်ပါဘုရားကပ်လှူခြင်းဆောင်ရွက်ပြီးသည်နှင့် ဘုရားစေတီတစ်ဆူဆူရဲ့ သောကြာထောင့်မှာ ရေသပ္ပာယ်ခြင်း၊ သန့်ရှင်းရေလုပ်ခြင်းကုသိုလ်ကို အားဖြည့်ဆောင်ရွက်ပေးရပါမည်။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းဝင်ငွေကောင်းခြင်း၊ လာဘ်လာဘပွင့်လန်းခြင်း၊ ငွေကြေးကံကောင်းခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

သောကြာနေ့သားသမီးများအတွက်

သောကြာနေ့ဖွားများအတွက် လာဘ်ဖွင့်ခြင်းအစီအရင်လုပ်ဆောင်မယ့် နေ့နဲ့အချိန်က တနင်္ဂနေနွေနေ့နံနက် ၆ နာရီက ၇း၃၀ အတွင်းဖြစ်ပါတယ်။ သောကြာနေ့ဖွားဘုရားရှင်တစ်ပါးအား ဘွဲ့တော်နှင့်တကွပင့်ဖိတ်ပြီး သင်္ဘောသီး(၆)စိတ် (သို့) ဆွမ်းအဖြူပေါ်မှာ သီဟိုဠ်စေ့ဖြူးထားသော ဆွမ်း(၆)ပွဲ၊ အလင်းတိုင် (၂၁)တိုင်၊ အမွှေးတိုင် (၂၁)တိုင်၊ သောက်တော်ရေ (၂၁)ခွက် ကပ်လှူပြီး သောကြာနေ့ဖွားများအတွက် ကုသိုလ်ကံပွင့်ဂါထာကို (၂၁)ကြိမ်ရွတ်ဖတ်ပူဇော်ပေးရမှာဖြစ်ပါတယ်။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းဝင်ငွေကောင်းခြင်း၊ လာဘ်လာဘပွင့်လန်းခြင်း၊ ငွေကြေးကံကောင်းခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။


စနေနေ့သားသမီးများအတွက်

စနေနေ့ဖွားများအတွက် လာဘ်ဖွင့်ခြင်းအစီအရင်လုပ်ဆောင်မယ့် နေ့နဲ့အချိန်က တနင်္ဂနေနွေနေ့နံနက် ၆ နာရီက ၇း၃၀ အတွင်းဖြစ်ပါတယ်။ စနေနေ့ဖွားဘုရားရှင်တစ်ပါးအား ဘွဲ့တော်နှင့်တကွပင့်ဖိတ်ပြီး ထောပတ်ဆွမ်း(၇)ပွဲ အလင်းတိုင် (၁၀)တိုင်၊ အမွှေးတိုင် (၁၀)တိုင်၊ သောက်တော်ရေ (၁၀)ခွက် ကပ်လှူပြီး စနေနေ့ဖွားများအတွက် ကုသိုလ်ကံပွင့်ဂါထာကို (၁၀)ကြိမ်ရွတ်ဖတ်ပူဇော်ပေးရမှာဖြစ်ပါတယ်။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းဝင်ငွေကောင်းခြင်း၊ လာဘ်လာဘပွင့်လန်းခြင်း၊ ငွေကြေးကံကောင်းခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။












 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ