၇ရက်သားသမီး လာဘ်မိုးစွေ
ရတနာမိုး၊
ရွှေမိုး၊
ငွေမိုးရွာသွန်းဖြိုးလို့ ၇ရက်သားသမီး လာဘ်မိုးစွေ၍ ကျန်းမာပြီး ချမ်းသာကြပါစေ။
လာဘ်မိုးစွေဂါထာ
ဂါမေ ဝနေစ သဗ္ဗတ္ထ ။ ဒေဝဟိ မနုသေဟိစ
အ ဘတော နန္တ လာဘောမေ သဒါဟောတု ဘဝါဘဝေ
(အသံထွက်)ဂါမေ ဝနေစ သတ်ဗတ်ထ ဒေဝေဟိ မနုတ်သေဟိစ
အ ဘတော အနန္တ လာဘောမေ သဒါ ဟောတု ဘဝါ ဘဝေ ။
ဤဂါထာကိုရွတ်ဆိုခြင်းဖြင့်မိမိတွင်ပိတ်ဆို့နေသောလာဘ်လာဘများပွင့်လန်းစေနိုင်ပါသည်။ ၂၇လုံးပုတီးဖြင့် မိမိမွေးနေ့ နံနက် ၆နာရီတွင် အိမ်ရှိဘုရားစင်ရှေ့မှာ ရွတ်ဖတ်ပူဇော်နိုင်ပါသည်။
မိမိ၏
ပိုက်ဆံအိတ်ထဲတွင် လက်နှစ်ဖက်ထည့်၍ အထက်ပါဂါထာကို ၂၇လုံးပုတီးဖြင့် အဓိဋ္ဌာန်ယူပူဇော်နိုင်ပါသည်။ မှန် ၄ မှန် နည်းဖြင့် ပူဇော်နိုင်လျှင်
ပိုအကျိုးသက်ရောက်မှုရှိစေနိုင်ပါသည်။ ၁။
အချိန်မှန် ၂။ နေရာမှန် ၃။ ဆုတောင်းမှန် ၄။ ပါဌိပါဒ်သားမှန်မှန်
လူအချို့ကလည်းမေးကြပါတယ်။
အချိန်မရလို့ လမ်းလျောက်ရင်းရွတ်ရင်ကောမရဘူးလား ရပါတယ်လို့ဖြေပါရစေ။ ဒါပေမယ့် အကျိုးသက်ရောက်မှုတော့ မမြန်ဆန်ပါဘူး။
လမ်းလျောက်ရင်းရွတ်ဖတ်တာက ခရီးသွားဟန်လွှဲ
ရွတ်ဖတ်ခြင်းပါ။
ဘုရားစင်ရှေ့မှာ ရွတ်ဖတ်ပူဇော်တာက ရိုသေစွာယုံယုံကြည်ကြည်နှင့် ဝတ်ပြုခြင်းပါ (သို့) အဓိဋ္ဌာန်ပြုခြင်းပါ။ လေးလေးနက်နက်ပြုမူဆောင်ရွက်လေလေ အကျိုးပေးပိုမိုမြန်ဆန်လေလေပါပဲ။



Comments
Post a Comment