ပုတီးစိပ်ကြရာ၀ယ်


အဓိဌာန် ပုတီးစိပ်ရင် တာလီနဲ့ မစိတ်ပါနဲ့ ဆိုတော့ စဉ်းစားကြည့်တယ်။ ပုတီးဆိုတာလည်း (၁၀၈)လုံး မှတ်တာပဲ မဟုတ်ဘူးလား။ တာလီမှတ်တဲ့ စက်လေးတွေနဲ့ အရေအတွက် မှတ်ပြီး ရွတ်ရင်လည်း အတူတူပဲ မဟုတ်ဘူးလားပေါ့။ အဲဒါနဲ့ လက်တွေ့ လေ့လာကြည့်တယ်။ ခလုတ်နဲ့ မှတ်ပြီး စိပ်တဲ့သူတွေက အဆင်ပြေမှု သိပ်မရှိပဲ / ပုတီးနဲ့ စိပ်တဲ့သူတွေကသာ အဆင်ပြေတာကို တွေ့ရှိရပါတယ်။ ဘာကြောင့်လဲလို့ လေ့လာကြည့်လိုက်တော့ အင်္ဂဝိဇ္ဇာပညာမှာ သွားတွေ့ရတယ်။

ဆပွတ် (၉) ခိုင် ပညာခန်းမှာ ...

ဒုက္ခ ဖြစ်လို့ စိပ်ကြတာပေါ့။ အဲဒီ ဒုက္ခ ( ၇ ၂ ) ကိုနိုင်တာ ဆပွတ်ဖြစ်တဲ့ ( ၅ ၇ ) ပါပဲ ။ (၅ ၇) ဆိုတော့ ပုတီး ပေါ့။ အဲဒါကြောင့် အဘဘိုးမင်းခေါင်းက ခဏခဏ ပြောတာ ဒုက္ခဖြစ်ရင် ပုတီးစိတ်ကြ ပုတီးစိပ်ကြလို့ပေါ့။ ဒုက္ခ (၇ ၂)ဆိုတာ ကလည်း တနင်္ဂနွေရဲ့ အမြစ်အညွန့်ပဲ မဟုတ်လား။ အဲဒီတော့ ရှေ့ဆရာတော်ကြီးများ၊ ဗေဒင် ဆရာကြီးများက အလုပ်အကိုင် မကောင်းလို့ ဒုက္ခဖြစ်ရင် (၅ ၇) ဖြစ်တဲ့ ပွဲထိုး တာတို့၊ ပုတီးစိပ်တို့ လုပ်ခိုင်းကြတာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒုက္ခကို နိုင်တာ ပုတီးပါ။

အဲဒါကြောင့် ဘုရားဂုဏ်တော်ပွားများတာချင်း အတူတူ ပုတီးနဲ့ ပွားများတဲ့သူက ဒုက္ခက မြန်မြန် လွတ်သွားကြတာပေါ့။

📿ဒုက္ခတွေ နိုင်ချင်ရင် ပုတီးများများစိပ်ကြပါ။ ၁၀၈ လုံးနဲ့ စိပ်ပါ။

Crd

 

 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ