ဗျည်း(၃၃)လုံးဘုရားရှိခိုး
ဗျည်း(၃၃)လုံးဘုရားရှိခိုး
====================
(၁)
က - ဟူသည်ကား
ကိလေသာမာရ်ကို
အောင်မြင်တော်မူသော မြတ်စွာဘုရား။
(၂)
ခ - ဟူသည်ကား
ခန္ဓမာရ်ကို
အောင်မြင်တော်မူသော မြတ်စွာဘုရား။
(၃)
ဂ - ဟူသည်ကား
ဂန္ဓကုဋီရွှေတိုက်မှ
ကျွတ်ထိုက်သောသူသတ္တဝါ ဗိုလ်လူခပ်သိမ်းတို့အား ရွှေဉာဏ်တော်ကွန်ရက်ဖြင့်
ဖြန့်လျက်ကြည့်ရှုတော်မူတတ်သော မြတ်စွာဘုရား။
(၄)
ဃ - ဟူသည်ကား
ဃတိကာရ
ဗြဟ္မာမင်းကြီး ဆပ်ကပ်သောရွှေကြာသင်္ကန်းကို ဆင်မြန်းတော်မူသော မြတ်စွာဘုရား။
(၅)
င - ဟူသည်ကား
ငါးပါးသောမာရ်ကို
အောင်မြင်တော်မူသော မြတ်စွာဘုရား။
(၆)
စ - ဟူသည်ကား
စကြဝဠာတစ်ဝိုက်၌တုပြိုင်ဖက်ကင်းတော်မူသော
မြတ်စွာဘုရား။
(၇)
ဆ - ဟူသည်ကား
ဆယ်ပါးသောဒုစရိုက်ကို
ပယ်ဖျက်ခုတ်ထွင် အောင်မြင်တော်မူသော မြတ်စွာဘုရား။
(၈)
ဇ - ဟူသည်ကား
ဇာတိဿရဉာဏ်တော်ကို
ရတော်မူသော မြတ်စွာဘုရား။
(၉)
ဈ - ဟူသည်ကား
ဈာန်သမာပတ်အပေါင်းနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(၁၀)
ည - ဟူသည်ကား
ဉေယျဓံတရားငါးပါးနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(၁၁)
ဋ - ဟူသည်ကား
ဋီကာလက်သန်း
ကျမ်းအသွယ်သွယ်တို့ကို ဆရာမရှိ ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား။
(၁၂)
ဌ - ဟူသည်ကား
ပဋ္ဌာန်းကျမ်းကို
ဟောကြားတော်မူသော မြတ်စွာဘုရား။
(၁၃)
ဍ - ဟူသည်ကား
ကောဏ္ဍညပုဏ္ဏားသည်
လက်ညှိုးတစ်ချောင်းထောင်ပြ၍ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဟောတော်မူသော
မြတ်စွာဘုရား။
(၁၄)
ဎ - ဟူသည်ကား
ဒီပင်္ကရာဘုရားရှေ့တော်၌
နိယတဗျာဒိတ်ပန်းကို ဆင်မြန်းတော်မူသော မြတ်စွာဘုရား။
(၁၅)
ဏ - ဟူသည်ကား
တဏှာတည်းဟူသောအမိုက်မှောင်ကို
ပယ်ဖျက်ခုတ်ထွင် အောင်မြင်တော်မူသော မြတ်စွာဘုရား။
(၁၆)
တ - ဟူသည်ကား
တစ်ထောင်မကသောတိတ္ထိတို့ကို
ဆုံးမတော်မူသော မြတ်စွာဘုရား။
(၁၇)
ထ - ဟူသည်ကား
ထူးမြတ်သောဂုဏ်တော်အပေါင်းနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(၁၈)
ဒ - ဟူသည်ကား
ဒိဗ္ဗစက္ခုဉာဏ်ကို
ရတော်မူသော မြတ်စွာဘုရား။
(၁၉)
ဓ - ဟူသည်ကား
ဓမ္မစကြာတရားတော်ကို
ဟောတော်မူသော မြတ်စွာဘုရား။
(၂၀)
န - ဟူသည်ကား
နိဗ္ဗာန်အောင်ချာ
ရွှေပြည်သာသို့ ပို့ဆောင်တော်မူသော မြတ်စွာဘုရား။
(၂၁)
ပ - ဟူသည်ကား
ပုဗ္ဗေနိဝါသဉာဏ်တော်နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(၂၂)
ဖ - ဟူသည်ကား
ဖိုလ်မဂ်ချမ်းသာကို
အောင်မြင်တော်မူသော မြတ်စွာဘုရား။
(၂၃)
ဗ - ဟူသည်ကား
ဗောဓိပင်ကို
အောင်မြင်တော်မူသော မြတ်စွာဘုရား။
(၂၄)
ဘ - ဟူသည်ကား
ဘုန်းတော်ခြောက်ပါးနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(၂၅)
မ - ဟူသည်ကား
မစ္စုမာရ်ကို အောင်မြင်တော်မူသော
မြတ်စွာဘုရား။
(၂၆)
ယ - ဟူသည်ကား
သရက်ဖြူပင်ရင်း၌
တိတ္ထိတို့အား ရေမီးအစုံစုံတို့နှင့် ယမိုက်ပြာဋိဟာကို ပြတော်မူသော မြတ်စွာဘုရား။
(၂၇)
ရ - ဟူသည်ကား
ရောင်ခြည်တော်ခြောက်သွယ်နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(၂၈)
လ - ဟူသည်ကား
လူသုံးပါးတို့တွင်
တုပြိုင်ဖက်ကင်းတော်မူသော မြတ်စွာဘုရား။
(၂၉)
ဝ - ဟူသည်ကား
ဝသုန္ဓရေမြေနတ်သားသည်
သက်သေခံပြု၍ မာရ်နတ်မင်းခုခံသည်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။
(၃၀)
သ - ဟူသည်ကား
သစ္စာလေးပါးတရားအပေါင်းတို့နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(၃၁)
ဟ - ဟူသည်ကား
ဟန္ဒဒါနိဘိက္ခဝေ
ပါဠိတော်လာသည်နှင့်အညီ ရဟန်းအပေါင်းတို့ကို ဆုံးမတော်မူသော မြတ်စွာဘုရား။
(၃၂)
ဠ - ဟူသည်ကား
လပြည့်ဝန်းကဲ့သို့
ပြည့်ထွန်းသော ရွှေမျက်နှာတော်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(၃၃)
အ - ဟူသည်ကား
အနေအရုဏ်မတက်မီ
အာသဝေါကင်းကွာ၍ အာသဝက္ခယဉာဏ်တော်ကို ရတော်မူသော မြတ်စွာဘုရား။
ဣတိ ဣမေဟိ ဂုဏေဟိ-
ဤသို့သောဂုဏ်တော်တို့နှင့်၊ သမန္နာဂတံ- ပြည့်စုံတော်မူသော၊ သမ္မာသမ္ဗုဒ္ဓံ-
မြတ်စွာဘုရားကို၊ အဟံ- အကျွန်ုပ်သည်၊ ဝန္ဒေ ဝန္ဒာမိ- ရှိခိုးပါ၏။
ဗျည်း(၃၃)လုံးဘုရားရှိခိုးပြီး၏။
#သိဒ္ဓိအောင်ဘုရားရှိခိုးအမျိုးမျိုးစာအုပ်မှ
%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%98%E1%80%AF%E1%80%9B%E1%80%AC%E1%80%B8%E1%80%9B%E1%80%BE%E1%80%AD%E1%80%81%E1%80%AD%E1%80%AF%E1%80%B8.jpg)
Comments
Post a Comment