ဝိဇ္ဇာဝပြောဓာတ်

ဝိဇ္ဇာဝပြောဓာတ်

" ဝိဇ္ဇာဝပြောဓာတ် "ဆိုတာ ဝိဇ္ဇာတွေဟာ ခုနှစ်ရက်သားသမီးအတွက် စည်ပင်ဝပြောအောင် ဓာတ်ဆင်လေ့ရှိတယ်။ သူတို့ဆင်ပေးတဲ့ ဓာတ်ဟာလည်း များသောအားဖြင့် အင်္ဂါနံဖြစ်တဲ့ ဆန်၊ဆီ၊ဆေး တွေကိုပဲ ဆင်ပေးလေ့ရှိတယ်။ " ဆီကိုရေချိုး ဆေးရိုးမီးလှုံ၊စပါးတောင်လိုပုံ " ဆိုတဲ့ ဒီဓာတ်ပန်းချီကားဟာလည်း ဒီဓာတ်ကိုဆင်ထားခြင်းဖြစ်ပါတယ်။ ဒီပန်းချီကားမှာရေးထားတာက လူတစ်ယောက်ဟာ ဆီ လို့ရေးထားတဲ့ ရာဝင်အိုးထဲကဆီကို ရေချိုးသလို ခပ်ချိုးနေတဲ့ပုံ၊ ဆေးရိုးကိုမီးလှုံနေတဲ့ပုံ၊ စပါးတွေတောင်ပုံရာပုံစတဲ့ပုံ များပါရှိသည်။

ဒီဓာတ်ပန်းချီကားကို ချိတ်ဆွဲတဲ့အခါ ကာယကံရှင် ရဲ့ဆပွတ်ကျတဲ့ နေ့နံသားသမီးက ကိုယ်စားချိတ်ပေးရပါတယ်။ ဆပွတ်ကျတဲ့ နေ့နံသားသမီးဆိုတာက ခြောက်ခုမြောက်ကျတဲ့ နေ့နံသားသမီးကို ပြောတာဖြစ်တယ်။

ဥပမာ ကာယကံရှင်က မကြူကြူ ( တနင်္လာနေ့သမီး ) ဆိုပါတော့။ တနင်္လာသမီးနဲ့ဆပွတ်ကျတဲ့ နေ့နံသားသမီးက တနင်္လာကနေစရေရင် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ ဆိုတော့ စနေသားသမီးပေါ့။

စနေသားသမီးက တနင်္လာသားသမီးအတွက် ချိတ်ပေးရမယ်လို့ဆိုတာဖြစ်ပါတယ်။ ချိတ်ဆွဲရာမှာလည်း ဝိဇ္ဇာပွဲထိုးဖို့မလိုပါဘူး။ ဝိဇ္ဇာတွေကို လှူတန်းတဲ့အနေနဲ့ မီးကသုံးတိုင်၊ ကောက်ညှင်းပေါင်းအဖြူက သုံးပန်းကန်၊ ယပ်ကသုံးချောင်း၊ ရေက သုံးခွက်လှူဒါန်းပြီး အဲ့ဓာတ်ပန်းချီကားကို ချိတ်ဆွဲရမှာ ဖြစ်တယ်။ ဒီဓာတ်ပန်းချီကားကိုအိမ်ခန်းမှာချိတ်ဆွဲမယ်ဆိုရင်တော့ ဒီလိုပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

အိမ်ခန်းထဲမှာမချိတ်ချင်ရင် တော့ ဒီဓာတ်ပန်းချီကားကို အိတ်ဆောင်လို့ရအောင် ထုတ်လုပ်ပေးထားပါတယ်။

ဒီဓာတ်ပန်းချီကားအတွက် အစွမ်းထက်ဂါထာ တစ်ပုဒ် ထည့်သွင်းပေးထားပါတယ်။

(ဒီဓာတ်ပန်းချီကားဆောင်ထားခြင်းဖြင့် ဥစ္စာပစ္စည်းစည်ပင်ဝပြော စေပါတယ်။)


အရဟံ ဇယံ ဂါထာတော်

==============

အရဟံ ဗဟိအန္တဇယံ သုဂတံ၊

အမိတံ ဝိရဇံ လလိတံ အတုလံ။

စရဏံ တိဘဝူပသမံ ယမကံ၊

သုခဒံ သရဏံ ပဏာမာမိ ဇိနံ။


(မကောင်းသောဂြိုလ်ဆိုးမှ ပပျောက်စေခြင်း၊ မင်္ဂလာအပေါင်းနှင့်ပြည့်စုံအောင်မြင်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးများ တိုးတက်လာခြင်း၊ ကြီးပွားချမ်းသာအောင်မြင်ခြင်း စသည့်ကောင်းကျိူးများဖြစ်ထွန်းစေသည်။)


 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ