ပဋ္ဌာန်းတစ်လ အဓိဌာန်ဝင်နည်း

 

(၁) – နမောတသရွတ်ဆို၍ဘုရားရှိခိုးပါငါးပါးသီလခံယူပါ။

(၂) – (အဓိဋ္ဌာန်ပြုပါ)ဘုရားတပည့် တော်သည်(စရွတ်သည့်နေ့)စ၍နေ့စဉ်မပြတ် တစ်လတိတိပဋ္ဌာန်းဒေသနာတော်များရွတ်ဆိုပြီးမြတ်စွာဘုရားကိုပူဇော်ပါမည်ဟုအဓိဋ္ဌာန်ပြုပါသည်အရှင်ဘုရား ထိုကဲ့သို့ တစ်လအဓိဋ္ဌာန်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ် ယခုအချိန်မှစ၍ ပဋ္ဌာန်းဒေသနာတော်များကိုရွတ်ဖတ်ကာမြတ်စွာဘုရားအားပူဇော်ပါတော့မည်အရှင်ဘုရား။

(၃) – (နတ်ပင့်)သမန်တာ စက်က-ဝါလေသု၊ အက်တရာ ဂစ်ဆန်တု ဒေဝတာ သတ်ဓမ်မံ မုနိရာဇတ်သ၊ သုဏန်တု သက်ဂမောက် ခဒံ။ (ဓမ်မတ်-သဝန-ကာလော အယံ ဘတ်ဒန်တာ)(ဓမ်မတ်-သဝန-ကာလော အယံ ဘတ်ဒန်တာ)(ဓမ်မတ်-သဝန-ကာလော အယံ ဘတ်ဒန်တာ)

(၄) – (ခွင့်တောင်း)ဘုန်းတော်အနန္တ ဂုဏ်တော်အနန္တ ကံတော်အနန္တဉာဏ်တော်အနန္တ တန်ခိုးတော်အနန္တ ပါရမီတော်အနန္တ မေတ္တာတော်အနန္တတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုရား ဘုရားတ ပည့်တော်မသည် (လက်ရှိရောက်နေတဲ့ခုနှစ် လ ရက် အချိန်)ဤနေရာဤဋ္ဌာနတွင် မြတ်စွာ ဘုရား ရှင်ကိုယ်တော်မြတ်ကြီး နတ်ပြည်ခြောက်ထပ်တွင် ဟောကြားတော်မူခဲ့သည့် အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်ကြီးကိုရွတ်ဖတ်၍ မြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားလေးစားကော်ရော်ပူဇော်တည်းခြင်းဟူသောကုသိုလ်ကောင်းမှုကိုပြုလုပ်လိုပါသဖြင့် ရွတ်ဖတ်ပူဇော်ခွင့်ပေးသနားတော်မူပါရန် တရားတော်၏ပိုင်ရှင်အစစ်ဖြစ်တော်မူသော မြတ်စွာဘုရားရှင်ကိုယ် တော်မြတ်ကြီးထံမှ ခွင့်တောင်းအပ်ပါသည်အရှင်ဘုရားခွင့်ပေးတော်မူပါအရှင်မြတ်ကြီးဘုရား။

(၅) – (တရားနာဖိတ်)အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖတ်ပူဇော်ခြင်းကိုနာကြားနိုင်သော နာကြားလိုသောအားလုံးသောစကြဝဠာအနန္တတွင်ရှိကြကုန်သောအပါယ်ဘုံသား လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့နှင့် ဘုရားတပည့်တော်၏ဆွေဆက်မျိုးဆက်ပဋ္ဌာန်းဆက်ဖြစ်သော ဆွေတော်မျိုးတော်အပေါင်းတို့တရားတော်နာကြွရောက်ကြပါရန်ဖိတ်ကြားအပ်ပါသည်။

(၆) – (ဖယ်ရှား)အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖော်ပူဇော်ခြင်းကို မနာကြားနိုင်သောပုဂ္ဂိုလ်များနှင့်နတ်စိမ်းများမာရ်နတ်၏နောက်လိုက် နောက်ပါနတ်ဆိုးများ အားလုံးတို့ဤနေရာဤဌာနနှင့်အနီးပတ်ဝန်းကျင်တွင်ရှိနေပါကခေတ္တခဏဖယ်ရှားပေးကြပါရန်ပန်ကြားအပ်ပါ၏ ခေတ္တခဏဖယ်ရှားပေးကြပါကုန်လော့ခေတ္တခဏဖယ်ရှားပေးကြပါကုန်လော့ခေတ္တခဏဖယ်ရှားပေးကြပါကုန်လော့။

(၇) – (ရွတ်ဖတ်)နမောတသသုံးကြိမ်ရွတ်ဆိုပါ။ ပစ္စယုဒ္ဒေသ အစချီ၍ ပဋ္ဌာန်းအကျဉ်းနှင့်တကွပဋ္ဌာန်းအကျယ်ကို အသံထွက်မှန်မှန်နှင့်ဖြည်းဖြည်းရွတ်ပါ။

(၈) – (ပြန်လည်ခေါ်ယူ)ဘုရားတပည့်တော်မှခေတ္တခဏဖယ်ရှားပေးပါရန် ပန်ကြားထားသော အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖော်ပူဇော်ခြင်းကို မနာကြားနိုင်သော ပုဂ္ဂိုလ်များနှင့်နတ်စိမ်းများ မာရ်နတ်၏ နောက်လိုက်နောက်ပါ နတ်ဆိုးများအားလုံးတို့ သင်တို့၏နေရာဋ္ဌာနအ သီးသီး ဘုံဗိမ္မာန်အသီးသီးတို့ပြန်လည်ကြွမြန်း၍နေလိုကနေနိုင်ပါပြီနေလိုကနေနိုင်ပါပြီနေလိုကနေနိုင်ပါပြီ။

(၉) – (မေတ္တာပို့ အမျှဝေ)မေတ္တာပို့သပြီးနောက် ဤသို့ပြုရ အစချီပြီး အမျှဝေပေးပါ။

(၁၀) – (နတ်ပို့)အစ်တာဝတာ စ အမ်မှေဟိ၊ သမ်ဘတံ ပုန်ညသမ်ပဒံ သတ်ဗေ ဒေဝါ နုမောဒန်တု၊ သတ်ဗသမ်ပတ်တိ သိတ်ဓိယာ ဒါနံ ဒဒန်တု သတ်ဓာယ၊ သီလံ ရက်ခန်တု သတ်ဗဒါ ဘာဝနဘိရကာ ဟွန်တု၊ ဂစ်ဆန်တု ဒေဝတာ ဂတာ။

(၁၁) – (ဆုတောင်း) ယခုအခါတွင်ဘုရားတ ပည့်တော်မသည်တစ်လအဓိဋ္ဌာန်ရွတ်ဖတ်ပူဇော်ရာတွင်ယနေ့အဓိဋ္ဌာန်အဖြစ် မြတ်စွာဘုရားအား ပူဇော်ပြီးပါပြီ ဤသစ္စာစကားကြောင့်လည်းကောင်းဤပဋ္ဌာန်းဒေသနာတော်၏တန်ခိုးရှိန်စော်အာနုဘော်တို့ကြောင့်လည်းကောင်းဤပဋ္ဌာန်းဒေနာတော်ကိုရွတ်ဆိုရသောကောင်းမှုကုသိုလ် နာကြားရသောကောင်းမှုကုသိုလ်တို့၏ တန်ခိုးတေဇော်အာနုဘော်တို့ကြောင့် လည်း ကောင်း ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဆိုပီးတိုင်းတပည့်တော်နှင့်ထပ်တူထပ်မျှရစေဖို့ အမျှပေးဝေရတဲ့ ကောင်းမှူကုသိုလ်ဝမ်းမြောက်နုမောသာဓုခေါ်ဆိုရတဲ့ကောင်းမှူကုသိုလ်တို့၏တန်ခိုးတေဇော်အာနုဘော်တို့ကြောင့်လည်းကောင်း တပည့်တော်သည် (လိုရာဆုတခုထဲသာတစ်လတိတိဆုတောင်းပါ) ပြည့်ရပါလို၏ဘုရား။

မှတ်ချက်။ ။ အဓိဋ္ဌာန်ဝင်သည့်ရက်များတွင်သက်သက်လွတ် စားနိုင်လျှင်ပိုကောင်းပါတယ်။ ငါးပါးသီလလုံလျှင်လည်းပိုကောင်းပါတယ်အချိန်အတိ အကျ နေရာအတိအကျတွင်ရွတ်နိုင်လျှင် ပိုကောင်းပါတယ်။ ဆုတစ်ခုမပြည့်မချင်းရွတ်လျှင်လည်းရပါသည်။ ကိုယ်ရွတ်ချင်သလောက်တစ်လပီးတစ်လရွတ်နိုင်ပါသည်။ ယုံယုံကြည်ကြည်ဖြင့်ပူဇော်ပေးပါ။ အကယ်လို့အဓိဌာန်မဝင်ပဲ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်မည်ဆိုပါလျှင်လည်း(၁) နဲ့ (၁၁) ကိုသာဖြုတ်၍ဆိုရပါမယ်။ဒါမှသာပြီးပြည့်စုံသောပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းဖြစ်ပါလိမ့်မယ်။ အားလုံးပြီးရင် မေတ္တာသုတ်ဆက်ရွတ်ပါ။ ဆုတောင်းမေတ္တာပို့ပေးပါ။ အားလုံးပဲ အဆင်ပြေကြပါစေ။




Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ