သင့်နေအိမ်မျက်နှာလှည့်သော အရပ်ပေါ်မူတည်၍ လာဘ်လာဘပွင့်လန်းစေမည့်နည်း


လာဘ်ပွင့်စေသော ယတြာမျိုးစုံရှိပါသည်ထိုယတြာနည်းများစွာတွင် လူတစ်ဦးတစ်ယောက်၏ မွေးနေ့မွေးရက်မွေးသက္ကရာဇ်များကို အဓိကထား၍ ဆောင်ရွက်ခြင်းများပါတယ်။ အခုမိမိနေအိမ်၏ မျက်နှာလှည့်ရာအရပ်ကို အဓိကထား၍ လာဘ်ပွင့်အောင်လာဘ်လာဘ ရွှင်လန်းအောင် ဆောင်ရွက်သောနည်းကိုပြောပြပါမည်။ အဲဒီလိုဆောင်ရွက်တဲ့အတွက် ဘာအကျိုးကျေးဇူးတွေကို ရရှိနိုင်သလဲဆိုတော့ အဲဒီနေအိမ်မှာနေထိုင်တဲ့ လူသားအားလုံး မိမိတို့၏လုပ်ငန်းဆောင်တာများမှာ ထူးထူးကဲကဲအောင်မြင်ခြင်း၊ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ခြင်း၊ စီးပွားရေးများအောင်မြင်နိုင်ခြင်းကြုံတွေ့ရမယ့်အခက်အခဲတွေ ပြဿနာတွေအဆင်မပြေမှုတွေအတိုက်အခိုက်တွေကနေ လွတ်မြောက်နိုင်ပါတယ်။ မိမိတို့နေအိမ် သာယာစေရန်တိုးတက်စေရန် အကျိုးပြုစေပါတယ်ဒီနည်းကိုဆောင်ရွက်မယ့်သူတွေက မွေးနေ့မွေးရက်မွေးသက္ကရာဇ် တိတိကျကျသိစရာမလိုပါဘူး။  မိမိနေအိမ်က ဘယ်ဘက်ကို မျက်နှာမူသလဲအဲဒီမျက်နှာမူရာအရပ်ဒေသကို အဓိကထားပြီး ဆောင်ရွက်ရတဲ့နည်းဖြစ်ပါတယ်။

အရှေ့အရပ်ကိုမျက်နှာလှည့်သောနေအိမ်များတွင်နေထိုင်သူများ လာဘ်ပွင့်စေရန်

အရှေ့အရပ်ကို မျက်နှာလှည့်သောအိမ်ကို တနင်္လာဂြိုဟ်မင်းက စိုးမိုးအကျိုးပြုသောအိမ်ဟု သတ်မှတ်သည်ထိုအိမ်တွင်နေထိုင်သူအပေါင်းတို့သည် ကြံရည်လှူဒါန်းခြင်းပြုလုပ်သင့်သည်ရဟန်သံဃာတော်များကို ကြံရည်ကပ်လှူနိုင်သည်။ ကြံချောင်းကို ကိုးဆစ်ဖြတ်၍ အိမ်တံခါးတွင် ထောင်ထားနိုင်ပါသည်ဘုရားတစ်ဆူဆူ၏ တနင်္လာဒေါင့်တွင်လည်း လှူဒါန်းနိုင်ပါသည်။ ကြံပန်းခိုင်တို့ကြံသကာတို့လှူဒါန်းနိုင်ပါသည်။

အရှေ့တောင်အရပ်ကို မျက်နှာလှည့်သောနေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်

အရှေ့တောင်အရပ်ကို မျက်နှာလှည့်သောအိမ်ကို အင်္ဂါဂြိုဟ်မင်းက စိုးမိုးစောင့်ရှောက်ခြင်းကိုခံရသော အိမ်ဟု သတ်မှတ်ပါသည်။ ဘုရားတွင် စံပယ်ပန်းမကြာခဏ လှူဒါန်းဆက်ကပ်နိုင်ပါသည်ဆပ်သွားဖူးလှူ၍လည်းရပါသည်။ ဆီးယိုလည်းမကြာခဏဒါနပြုနိုင်ပါသည်သံဃာတော်များအား ဆပ်ပြာအလှူဒါနပြုနိုင်ပါသည်။ ထိုယတြာကို ပြုလုပ်ခြင်းအားဖြင့် ထိုနေအိမ်တွင်နေထိုင်သူများသည် စွမ်းအားကောင်းခြင်း၊ သြဇာတိုးခြင်း၊ စီးပွားတက်ခြင်းများဖြစ်နိုင်ပါသည်။

တောင်အရပ်ကိုမျက်နှာလှည့်သောနေအိမ် များတွင်နေထိုင်သူများ လာဘ်ပွင့်စေရန်

တောင်အရပ်ကို မျက်နှာလှည့်သောနေအိမ်များကို ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုးစောင့်ရှောက်ခြင်းခံရသော အိမ်ဟု သတ်မှတ်ပါသည်။ လေတိုက်လျှင် တဖျတ်ဖျတ်လှုပ်သော ကြက်လျှာကို အိမ်ရှေ့တွင်ထိုးပါ။ ဘုရား တင်ပါ။ ရွက်လှညွန့်လှူပါ။ သံဃာတော်များအား ရေ၊ ယပ် အစရှိသည်တို့ ဒါနပြုကပ်လှူပါအေးချမ်းခြင်းစီးပွားတက်ခြင်းရွှေငွေရတနာပေါကြွယ်ဝခြင်းများ ဖြစ်မည်။

အနောက်တောင်အရပ်ကိုမျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်

အနောက်တောင်အရပ်ကို မျက်နှာလှည့်သောနေအိမ်များကို စနေဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသောအိမ်ဟု သတ်မှတ်ပါသည် အိမ်ဘုရားတွင် ထီးနီတစ်လက်တင်ထားပါ။ သံဃာတော်များကို ထီးဒါနပြုပါ။ နာနတ်ယို လှူဒါန်ဆက်ကပ်ပေးပါ။ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်ပွင့်ခြင်း၊ စီးပွားတိုးတက်ခြင်းများဖြစ်ပေါ် လာမည်။

အနောက်အရပ်ကို မျက်နှာလှည့်သောနေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်

အနောက်အရပ်ကို မျက်နှာလှည့်သောနေအိမ်များကို ကြာသပတေးဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသောအိမ်ဟု သတ်မှတ်ပါသည်။ ပန်းပွင့်များ ဘုရားစင်တွင် မပြတ်လှူဒါန်းဆက်ကပ်ပေးပါ။ ဆီမီး (လျှပ်စစ်မီး၊ ဖယောင်းတိုင်မီး) အလှူဒါနပြုပေးပါပေါက်ပေါက်ပွင့် ဘုရားတင်ခြင်း ဆွမ်းတော်ကပ်ခြင်း မကြာခဏပြုပါ သံဃာတော်များကို မုန့်၊ ပဲ မကြာခဏလှူပေးပါ။ ဘုန်းကံကြီးမားခြင်း ဥစ္စာစီးပွား တိုးတက်ခြင်းများ ရရှိ ခံစားရမည်။

နောက်မြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အနောက်မြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို ရာဟုဂြိုဟ်မင်းက စိုးမိုးစောင့်ရှောက်ခြင်း ခံရသောအိမ်ဟု သတ်မှတ်ပါသည်။ အိမ်ရှေ့တွင် ရေအိုးစင် လှူဒါန်းပေးပါ။အိမ်ရှေ့တွင် မကြာခရေဖြန်းပက်ပေးပါ။ ရဲယိုညွန့်ဘုရားလှူပါ ရွှေသင်္ကန်းမကြာခဏ ဆက်ကပ်လှူဒါန်းပေးပါ။ ရှောက်ယို၊ ရှောက်သီးသုပ် ဆက်ကပ်လှူဒါန်းပေးပါ။ သံဃာတော်များကိုလည်း ဆက်ကပ်လှူဒါန်းနိုင်ပါသည်။ စီးပွားဥစ္စာ တိုးတက်ခြင်း၊ ကံဇာတာမြင့်မားခြင်း၊ အလိုပြည့်စုံခြင်းများဖြစ်မည်။

မြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

မြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို သောကြာဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသောအိမ်ဟု သတ်မှတ်ပါသည်။ အိမ်ဘုရားတွင် သစ်သီးမပြတ်တင်ပါ သီဟိုဠ်ညွန့် ဒါနပြုပါ။ သံဃာတော်များကို သတ်သတ်လွတ်ဟင်းများ မကြာခဏလောင်းလှူပါနေအိမ်တွင်နေထိုင်သူများလည်း မကြာခဏသတ်သတ်လွတ်စားပေးပါ။ ကျက်သရေတိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများဖြစ်မည်။

အရှေမြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်

အရှေ့မြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို တနင်္ဂနွေဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသောအိမ်ဟု သတ်မှတ်ပါသည်။ အိမ်ရှေ့တွင် အုန်းခွံစာကလေးအိမ် ချိတ်ဆွဲထားခြင်း၊ အိမ်ဘုရားအား အုန်းသီးကပ်လှူခြင်း၊ အုန်းဆွမ်း၊ အုန်းနို့ ခေါက်ဆွဲလှူဒါန်းပေးခြင်းသံဃာတော်များအားလည်း ကပ်လှူဒါန်းပေးခြင်း၊ အောင်အိုးတစ်လုံးတွင် အုန်းညွန့် (၆)ညွန့်ထိုးထား၍ အိမ်ရှေ့တွင်ထားခြင်း ဆောင်ရွက်နိုင်ပါသည်။ ကျက်သရေ တိုပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။ 



Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ