စနေနေ့တိုင်းပြုလုပ်လျှင် အကြွေးကြေ ငွေဝင်လာဘ်ပွင့်စေတဲ့ ယတြာ


ရက်တစ်ပတ်လျှင်တစ်ကြိမ် စနေနေ့ကျရောက်သည့်နေ့တွင် ခြေသည်းလက်သည်း ညှပ်ခြင်း၊ ဆံပင်ညှပ်ခြင်း (သို့မဟုတ်) ခေါင်းလျှော်ခေါင်းဆေးမင်္ဂလာပြုလုပ်၍ ရေချိုးကာသန့်စင်ခြင်း၊ အိမ်အတွင်းရှိ အမှိုက်သရိုက်များသန့်ရှင်းစွန့်ပစ်လိုက်ခြင်း၊ အိမ်ထမင်းစားခန်းသီးသန့်ရှိလျှင် ထိုအခန်းအတွင်းကို သန့်ရှင်းရေးပြုလုပ်ပါ။

မိသားစုပျော်ရွှင်ရယ်မောစေသည့် ဓါတ်ပုံများ၊ကျက်သရေရှိ ပြီး လှပသောပန်းပုံများကို တပ်ဆင်ထားလျှင် အင်မတန်စီးပွားတက်လာဘ်ရွှင်သည်။
ပိုက်ဆံတစ်ထောင်ဖြစ်စေ၊ တစ်သောင်းဖြစ်စေ ပံသကူပစ်လှူခြင်း၊ သံဃာတော်ဘုန်းကြီး သူတော်စင်များ၊ သက်ကြီးရွယ်အိုများကို မိမိတတ်စွမ်းနိုင်သရွေ့ ပုတီးများလှူဒါန်းပေးရခြင်း၊ တာလီစက်များလှူပေးရခြင်း၊တိုင်ကပ်နာရီလှူပေးရခြင်း။

မြတ်စွာဘုရားရှင်အား နှမ်းဆီဖြင့် ဆီမီးထွန်းညှိပူဇော်ခြင်း၊ ကံချေကန်တော့၊ ငါးပါးသီလခံယူပြီး ”သုဂတော”ဂုဏ်တော်ကို ပုတီး(၁၀)ပတ်တိတိ စိပ်ရခြင်း၊ မေတ္တာပို့ပေးခြင်း၊သူ တော်စင်သူတော်မြတ်များ၏ မေတ္တာကိုခံယူခြင်း၊
အထက်ပါအတိုင်း စနေနေ့တွင် သတိတရလုပ်ဆောင် သွားမည်ဆိုပါက ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေပြီး ငွေအကြွေးတင်နေလို့သောကရောက်နေသူများကို အကြွေး မြန်မြန်ကြေစေရန်၊ ငွေကြေးကံနှိမ့်နေသူ၊ လာဘ်ပိတ်နေသူများငွေကံမြင့်ပြီးလာဘ်ပွင့်စေမယ့်နည်းကောင်းများပါ။ ငွေကြေးအရှုပ်အရှင်းကိစ္စနဲ့ပက်သက်ပြီး ကြံကြံဖန်ဖန်အဆင်ပြေသွားနေခြင်းကိုမုချ တွေ့နေရပါလိမ့်မယ်။

ဖော်ပြထားသည့်လုပ်ဆောင်ချက်များ အားလုံးမလုပ်နိုင်ခဲ့သည်ဆိုရင်တောင်မှ နည်းတစ်ခုခုတော့ လုပ်ဖြစ်အောင်လုပ်ပေးသွားကြပါ။

တစ်ခြားနေ့ရက်များတွင်လည်း အထက်ပါ လုပ်ဆောင်ချက်များလုပ်လို့ရပါတယ်။ အတိုက်အခိုက် အနှောင့်အယှက် ကင်းဝေးစေပြီး စိတ်ချမ်းသာစေပါတယ်။

 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ