လပြည့် လက်ဖက် အစီအရင်

တပေါင်းလပြည့်နေ့မှာ အလိုရှိသောသူတွေဆောင်ရွက်နိုင်ဖို့ လပြည့် လက်ဖက် အစီအရင်လေးကို ပြန်လည်ရေးပေးလိုက်ပါတယ်။ ဒီတစ်ခါ လပြည့်နေ့ဟာ တနဂ်နွေ နေ့ အောင်ဓါတ်တွေပြည့်ဝစေတဲ့ နေ့ပါပဲ။

 

အစီအရင်လေးကတော့ သိပ်မခက်ခဲပါဘူး။

 

*လင်ဗန်းတစ်ချပ်ယူပါ။

*လင်ဗန်းပေါ် ပုဝါခင်းပါ။

*ပုဝါပေါ် ရွှေပြားခင်းပါ။

*ရွှေပြားပေါ် ဖရဲသီးစိတ် တင်ပါ။

*ဖရဲသီး၏ ညာဘက်တွင် လက်ဖက် ပုံပါ။

*လက်ဖက်ပေါ်တွင် ရွှေပန်းစိုက်ပါ။

*လင်ဗန်းကို ဗယ်လက်ပေါ်တင်ပါ။

အစီအရင်သည် နဝင်းအားကို အသုံးပြုထားပါသည်။

 

လာဘ်ဖွင့်ပုံ။။ အဆိုပါဓါတ်ဆင်ထားသော လင်ဗန်းကို ဗယ်ဘက်လက်ဖဝါးပေါ်တင်၍ မိမိအိမ်ဘုရားစင်ရှေ့ သို့မဟုတ် ဆိုင် အလုပ်ခန်း နေရာတွင် အောက်ဖေါ်ပြပါ ရှင်သီဝလိ ဂါထာကို ကိုးခေါက် ရွတ်ဆို ပူဇော်ရန်ဖြစ်ပါသည်။

 

ရွတ်ဆိုရမည့်ဂါထာ

 

သီဝလိစ မဟာထေရော၊ဒေဝမနုဿ ပူဇိတော

လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော မဟာလာဘော

သောစ မံ အနုပါလေတု၊ ဇယံ မေ ဒေတု သဗ္ဗဒါ။

 

ပြီးလျှင် လင်ဗန်းကို သန့်ရှင်းသော အမြင့်တစ်နေရ။တွင် တင်၍ ဓါတ်ဆင်ထားပါ။

လာဘ ဓန ပေါကြွယ်ဝကြပါစေ။

 


 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ