တနင်္လာ သားသမီးများ အတွက်လာဘ်လာဘ ပွင့်စေမည့်အထူးအဓိဌာန်
ဒီအဓိဌာန်ကိုတစ်လတစ်ကြိမ်
( သို့ ) နှစ်လတစ်ကြိမ် မွေးနေ့နှင့် တိုက်ဆိုင်ပြီး လုပ်ရမည်။ များစွာအကျိုးထူး၍ ယတြာသဘောရောကုသိုလ်ဆက်တဲ့သဘောပါသက်ရောက်နေပါသည်။
အထူးကတော့ဇာတာစန်းတွေ
ညံ့နေသူများစိတ်လက်မအီမသာဖြစ်နေသူများ ၊ အကြံအိုက်နေသူများ
လာဘ်လာဘတွေ ပိတ်ဆို့နေသူများ ၊အကြံတုန်းဉာဏ်တုန်းဖြစ်နေသူများ၊ လန်းဆန်းတက်ကြွပြီး ဘေးရန်လည်းပျောက်
လာဘ်လည်းရောက်လာနိုင်မယ့်နည်းဖြစ်ပါတယ်။
” ဥစ္စာဘောဂ ဇီဝိတနှင့်
သုခပွားရန် ဤလူ့ ဋ္ဌာန်၌ ဉာဏ်ဝီရိယ ပယောဂတည်း ” လို့ ပညာရှိတွေဆိုထားသလို။
တတ်နိုင်သလောက်
မိမိတို့ လက်လှမ်းတမီ
ဉာဏ်ရှေ့သွားပြီးဝီရိယနှင့် ပညာပါ လုပ်ဆောင်သွားနိုင်ရင် အတိတ်ကံမကောင်းပေမယ့်ပစ္စုပ္ပန်ကံကြောင့်အကျိုး ထူးနိုင်ပါတယ်။
အစီအရင်ပြုလုပ်ပုံ
မိမိမွေးနေ့မနက်
၆နာရီမှ ၇နာရီခွဲအတွင်း နေအိမ်ဘုရားကျောင်းမှာပင် ပြုလုပ်ရမည်။
အဖြူရောင်အကျီကိုဝတ်ပါမတ်တပ်ရပ်
၍ ကံ့ကော် ၂ ညွန့်အား ဘုရားအားလှူပြီး ဇော်စိမ်း ၂ ညွန့်၊ ရွက်လှ
၄ညွန့်အားခင်းပြီးအပေါ်မှ အခင်းတစ်ခုဖြင့် ဖုံးအုပ်ထားရမည်။
၎င်းအခင်းပေါ်၌ထိုင်ကာလိုရာဆန္ဒပြု၍တနင်္လာသားသမီးကုသိုလ်ကံပွင့်ဂါထာတော်ကို
(၁၀၈)ခေါက်ရွတ်ပွားပူဇော်ရပါမည်။
“ကုသိုလ်ကံပွင့် ဂါထာ”
သိခိ ဗုဒ္ဓေါ ဘဂဝါ အရဟံ
သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော
အနန္တဂုဏော အနန္တဉာဏော
အနန္တတေဇော အနန္တလာဘော
အနန္တဣဒ္ဓိ အနန္တဇုတိ
ဧတေနသစ္စဝဇ္ဇေန သဒါလာဘံ ဒ-ဒါတုမေ။
ထိုနေ့ညနေပိုင်းမှာ မိမိဝတ်ဆင်ခဲ့သော
လုံချည်အဟောင်းတစ်ထည်ဖြင့် စနေ သား သမီးတစ်ဦးအား အကူအညီတောင်းလျက် ၎င်းအဝတ်နှင့် အခင်းအောက်မှ အရွက်အခက်များကိုယူကာ အရှေ့
တောင်အရပ်သို့ စွန့်ပစ်ခိုင်းရန်ဖြစ်ပါသည်။
Comments
Post a Comment