မနာလို မုန်းတီးရန်မူ နေသူများကို ရိုးရိုးမေတ္တာပို့ဖြင့် မထိရောက်လျှင် ရေဖြင့် မေတ္တာပို့နည်း

 


မိမိအလိုရှိသူကို ရည်မှတ်၍ သန့်ရှင်းသော ရေဖန်ခွက် တစ်ခုတွင် ကျောက်ခဲကလေး တစ်ခုဖြစ်စေ၊ တုတ်ချောင်းကလေးတစ်ခုဖြစ်စေစိမ်ထားပါသူ၏ စိတ်နှလုံး ရေကဲ့သို့ အေးချမ်းသွားပါစေ ဟူ၍ လှိုက်လှဲစွာ မေတ္တာပို့လွှတ်နေပါ။

“သူ့စိတ် ပူဆာနေခြင်း အေးချမ်းသွားဖို့ ငါရေစိမ်ထားလိုက်ပြီ” ဟူ၍ မိမိစိတ်ကိုလည်း ရှင်းရှင်းထားနေပါ၊ ပူပန်သောကဝင်၍ လှုပ်ရှား နေ၍ မရပါ။သူ့ကို ငါဒုက္ခမရောက်စေလိုပါ၊

ငါလည်း စိတ်ချမ်းသာ၊ သူလည်း စိတ်ချမ်းသာ နေမြဲတိုင်းဖြစ်စေရန် သူ့ကို ရေခွက်ထဲ ချစိမ်ထားလိုက်ပြီ။ယုံံကြည်စွာ သူ စိတ်အေးသွားပြီ၊ သူ စိတ်ကြည်လင်သွားပြီ၊ သူငါ့ကို ရန်မူချင်စိတ် ပျောက်လွင့် သွားပြီ”-ဟု မိမိစိတ်က သိနေပါ။

တကယ် ချမ်းသာ စေလိုသော စိတ်ရင်း စေတနာ ထား၍ ပေးနေပါ။ထိုသူ၏ စိတ်သည် ထိုအချိန်ပိုင်းတွင် မူပြောင်း လာပုံ တွေ့ရမည်။သူ၏စိတ်ထဲတွင် မိမိက ပို့လွှတ်ပေးနေသောစိတ်တန်ခိုးကြောင့် ပူဆာဆူပွက်နေခဲ့ပြီးသော သူူ၏ဒေါသစိတ်များ တဖြည်းဖြည်း ပြေအေးသွားလိမ့်မည်။

တစ်ဆက်တည်းမှာပင် မိမိအပေါ် သနားစိတ်ဝင်လာမည်။ ဆက်လက်၍ ချစ်ခင်စိတ် ပြောင်းဝင်လာလိမ့်မည်။ချစ်ခင်စိတ်ရောက်ခဲ့လျှင် မိမိကို မြတ်နိုးဖွယ်ရာအဖြစ် ကြည်နူးဝမ်းသာ စိတ်ဝင်စားခြင်း ဖြစ်ပေါ်နေတောင်းပန်လာလိမ့်မည်။

တစ်နည်းအားဖြင့် ထိုသူ အခြားသို့ ရှောင်ထွက်သွားပုံကို တွေ့မြင်ရလိမ့်မည်။လုပ်ငန်းကိစ္စ တစ်ခုခု၌ တွေ့ကြုံရသော အဆင်မပြေမှု, နှောင့်ယှက်မှု အကြောင်းခံသော နှောင့်ယှက်သူူကိုဖြစ်စေ၊ နေထိုင်ရေး၊ စားသောက်ရေး စသောကိစ္စမျိုး၌

တွေ့ကြုံလာရသော နှောင့်ယှက်သူကိုဖြစ်စေဘယ်နေရာမဆို တွေ့ကြုံလေသမျှ ဤညွှန်ကြားချက်နည်းအတိုင်းသာ လိုက်နာကျင့်သုံးပါ၊ မိမိ မေတ္တာစိတ်ဓာတ် ခိုင်မြဲသောတန်ခိုးကြောင့် အံ့သြဖွယ်ရာ ကြည်လင် အေးမြခြင်းအဖြစ်ကို တွေ့မြင်လာရမည်။

အိမ်မှ စိတ်ကောက်ပြီးထွက်သွားသူကိုလည်း ဤနည်းအတိုင်းလုပ်ဆောင်ပါ၊ ပြန်ရောက်လာပါလိမ့်မည်။မေတ္တာကို အဖော်ပြု၍ မေတ္တာတရား ရင်ဝယ်ပိုက်ထားလျှင် စိတ်မချမ်းသာစရာ တွေ့ကြုံရသော်လည်း စိတ်ချမ်းမြေ့ဖွယ်ရာ အမြင်မှန်ရလာပါမည်။

မကြာခင် မေတ္တာထားသူဘက်က သူ၏ဆန္ဒပြည့်ဝ၍ အောင်နိုင်သူအဖြစ် ရောက်သွားရမြဲသာတည်း။ထို့ကြောင့် မေတ္တာတရားကို လက်ကိုင်ထားခြင်းထက် ကောင်းသောအရာ မှန်သော အလုပ်လူ့လောကတစ်ခွင်မှာ ဘာမှမရှိပါဘူးဟု ဤဆောင်းပါးအစပိုင်း၌ဆိုခဲ့ခြင်းဖြစ်သည်။

မေတ္တာတရား၏ ကောင်းကျိုးကား ဤမျှသာမကပါ၊နိဗ္ဗာန်ရောက်ကြောင်းကိုပါ ကောင်းကျိုးပေး၏။နိဗ္ဗာန်မရသေးခင်စပ်ကြား သံသရာတစ်ခွင်ဝယ် ဘဝကြီး, ဘဝငယ်တွေ ကျင်လည်၍နေရသေးသမျှကာလပတ်လုံး မေတ္တာတရားကို မြဲမြံစွာ ရင်ဝယ်ပိုက်ထားသူမှာ သေရေးအတွက်ကိုလည်းကောင်း၊

နေရေးအတွက်ကို လည်းကောင်း ပူပန်ကြောင့်ကြမှ တွေးကြောက်နေရန် မရှိပါ။ဤဘဝ၊ နောင်ဘဝ ကြည်လင် ချမ်းမြေ့စွာသာကျင်လည် သွားနေရမည်သာတည်း၊ မကောင်းသောဘဝမျိုးသို့ ရောက်လိမ့်မည်မဟုတ်ပါ၊ သန့်ရှင်းသောကြည်လင်ဖွယ်ရာရှိသော ကောင်းမြတ်သော လူ့ဘုံ၊နတ်ဘုံံ သုဂတိဘဝတို့၌သာ ကျင်လည်သွား လာနေရမည်မှာအမှန်တည်း။

ထို့ကြောင့် မေတ္တာတရားကိုသာ စွဲစွဲမြဲမြဲ လက်ကိုင်ထားနေကြပါဟူ၍ တိုက်တွန်းခြင်း ဖြစ်သတည်း။စိတ်ထားဖြောင့်တော့ အလုပ်ဖြောင့်၏။ အလုပ်ဖြောင့်တော့ အကျိုးဖြောင့်၏။

တောင်တန်း သာသနာပြုဆရာတော် ရေမေတ္တာပွားနည်း

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ