မင်္ဂလသုတ် (သို့မဟုတ်) ဘဝနေထိုင်နည်းလမ်းညွှန်

 


မင်္ဂလသုတ် (သို့မဟုတ်) ဘဝနေထိုင်နည်းလမ်းညွှန်

မင်္ဂလသုတ်က ပရိတ်ကြီး (၁၁)သုတ်မှာ ပထမဆုံးသုတ်ဖြစ်လို့ လူသိများပါတယ်။ မင်္ဂလသုတ်ကို ရွတ်ဖတ်ပူဇော်လျှင် မိမိနေရာသည် ကျက်သရေတွေတိုးမယ်လို့ ယုံကြည်ကြပြီး ရွတ်ဆိုပွားများ ကြပါတယ်။

.

မင်္ဂလသုတ်ရဲ့ အနက်အဓိပ္ပွာယ်ကို ဖွင့်ဆိုလေ့လာကြည့်လိုက်တဲ့အခါမှာတော့ လူသားတို့ရဲ့ နေ့စဉ်ဘဝအတွက် ဘဝနေထိုင်နည်းလမ်းညွှန်ကို ဂေါတမဗုဒ္ဓက ဟောကြားလမ်းညွှန်ခဲ့တယ်ဆိုတာကို

တွေ့ရှိခဲ့ရပါတယ်။

.

မင်္ဂလသုတ်မှာဟောကြားထားတာတွေကတော့-

=====

(ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ သုံးပါး)

သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း၊

ပညာရှိသူကို မှီဝဲဆည်းကပ်ခြင်း၊

ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊

.

(နေထိုင်ရေး မင်္ဂလာ သုံးပါး)

သင့်တင့်လျောက်ပတ်သော အရပ်ဒေသ၌နေခြင်း၊

ကောင်းမှုကုသိုလ်များကို ကြိုတင်ပြုလုပ်ထားခြင်း၊

မိမိကိုယ်ကိုကောင်းစွာထိန်းသိမ်းခြင်း၊

.

(သင်ကြားရေး မင်္ဂလာ လေးပါး)

အကြားအမြင် ဗဟုသုတရှိခြင်း၊

စက်မှုလက်မှုစသော အတတ်ပညာတတ်မြောက်ခြင်း၊

ကိုယ်နှုတ်နှလုံးယဉ်ကျေးအောင်ဆုံးမတတ်သည့်ကျင့်ဝတ်များကိုကောင်းစွာသင်ယူခြင်း၊

ကောင်းသောစကားကိုပြောခြင်း၊

.

(ပြုစုရေး မင်္ဂလာ သုံးပါး)

အမိအဘကို လုပ်ကျွေးမွေးမြူခြင်း၊

သားမယားကို ထောက်ပံ့ပေးကမ်းချီးမြှောက်ခြင်း၊

မည်သူ့ကိုမျှ မထိခိုက်သော အလုပ်မျိုးကိုလုပ်ခြင်း၊

.

(ရှောင်ကြဉ်ရေး မင်္ဂလာ လေးပါး)

မကောင်းမူဟူသမျှ ဝေးဝေးရှောင်နိုင်ခြင်း၊

မကောင်းမှုနှင့် ကြုံတွေ့လျှင် မကျူးလွန်ဖြစ်အောင် ထိန်းသိမ်းနိုင်ခြင်း၊

သေရည်သေရက်၊ မူးယစ်ဆေးဝါးတို့ကို ရှောင်ကြဉ်ခြင်း၊

ကုသိုလ်ကောင်းမှုအလုပ်တို့ကို မပြတ်သတိရပြီး မမေ့မလျော့ဆောင်ရွက်ခြင်း၊

.

(စိတ်ထားရေး မင်္ဂလာ ငါးပါး)

ရိုသေထိုက်သူကို ရိုသေခြင်း၊

မိမိကိုယ်ကို မောက်မာမှု မပြုဘဲ နှိမ့်ချခြင်း၊

ကိလေသာအာရုံ ကာမဂုဏ်တွင် မပျော်ပိုက်ခြင်း၊

သူတစ်ပါး မိမိအပေါ်ပြုဖူးသောကျေးဇူးကို သိတတ်ခြင်း၊

အခါအခွင့်သင့်တိုင်း တရားနာခြင်း၊

.

(ကျင့်သုံးရေး မင်္ဂလာ လေးပါး)

သည်းခံတတ်ခြင်း၊

သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်း၊

သူတော်ကောင်းရဟန်းတို့အား ဖူးမြင်ရခြင်း၊

အခါအခွင့်သင့်တိုင်း တရားဆွေးနွေး မေးမြန်းခြင်း၊

.

(ခြိုးခြံရေး မင်္ဂလာ လေးပါး)

ခြိုးခြံစွာကျင့်ခြင်း၊

မြတ်သောအကျင့်ကိုကျင့်ခြင်း၊

အရိယာသစ္စာတရားကို ယုံကြည်ကျင့်ကြံခြင်း၊

နိဗ္ဗာန်ချမ်းသာကို ယုံကြည်အားထုတ်ခြင်း၊

(စိတ်ထားခိုင်ခံ့ရေး မင်္ဂလာ လေးပါး)

လောကဓံတရားရှစ်ပါးတို့နှင့် တွေ့ကြုံရသော် မတုန်မလှုပ်ခြင်း၊

လောကဓံတရားရှစ်ပါးတို့နှင့် တွေ့ကြုံရန် မစိုးရိမ်ခြင်း၊

ကိလေသာ ရမ္မက်ကင်းခြင်း။

လောကဓံတရားရှစ်ပါးကို ကြောက်ရွံ့ထိတ်လန့်ခြင်းကင်းခြင်း။

.

စသည့်အချက်တွေကို လိုက်နာကျင့်သုံးလျှင်

မင်္ဂလာရှိပြီး ကျက်သရေအဖြာဖြာတိုးတက်လိမ့်မယ်လို့

လမ်းပြဟောကြားထားခြင်းဖြစ်ပါတယ်။

.

မင်္ဂလသုတ်ကို ရွတ်ဖတ်ပွားများနေခြင်းထက်

ဆိုလိုရင်းကို သိနားလည်အောင်ကြိုးစားပြီး

လမ်းညွှန်ချက်များကို လိုက်နာကျင့်သုံးကြခြင်းဖြင့်

ပို၍ပို၍ မင်္ဂလာရှိကြပါစေ။

(မှတ်ချက်။ မြန်မာလိုဆိုလိုရင်းကို မှီငြမ်းကိုးကားမှုများနှင့် မိမိ၏ဉာဏ်ရှိသလောက်သာ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။)

.

မေတ္တာဖြင့်

ဥက္ကာမြင့်

 


Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ