လာဘ်ရွှင် ငွေရ ဝင်သမျှ မြဲပြီး အဆင်ပြေစေဖို့
ကိုယ်က ရဖို့ ရှိပြီး ကြန့်ကြာ နေသော ငွေကြေး၊ ကိုယ်က ပေးရမှာ ဖြစ်ပေမယ့် ပေးနိုင်ဖို့ အတွက်ငွေရှာ မရရင်၊ ဝင်လာသမျှငွေ အိတ်ပေါက်နဲ့ ဖားကောက်သလို ဆီလို အပေါက်ရှာပြီး လုံးဝ စုလို့ မရ ဖြစ်နေရင်၊ အကြောင်းတစုံတရာနဲ့ လာဘ်လာဘ ပိတ်နေရင် ... စသည်ဖြင့်သော အကြောင်းအရာများ ဖြစ်နေရင် အောက်ပါအတိုင်း လာဘ်ရွှင် ငွေရ၊ ဝင်သမျှမြဲပြီး အဆင်ပြေစေဖို့ လုပ်ဆောင် ပေးပါ။
စီရင်ရာတွင် လိုအပ်သောအရာများ -
ကြိုက်နှစ်သက်ရာ ငွေစက္ကူ ၁ရွက်
ပန်းကန်ပြား ၁ချပ်
ဆန် လက်တစ်ဆုပ်
မြေဆီမီးခွက် ၁ခွက်
ဖယောင်းတိုင် အစိမ်း ၁တိုင်
နံ့သာ ၅ပါး အဆီ သို့ နံ့သာဆီ ၁ခုခု
စီရင်မူ ပြုရမည့် အချိန်ခါ
တနင်္လာ မနက် ၉း၁၅ မှ ၁၀း၁၅ အတွင်း၊ ည ၉း၁၅ မှ ၁၀း၁၅ အတွင်း
ကြာသပတေး မနက် ၆း၁၅ မှ ရး၁၅ အတွင်း၊ ညနေ ၅း၀၀ မှ ရး၃၀ အတွင်း၊ ည ၉း၁၅ မှ ၁၀း၁၅ အတွင်း
ပြုလုပ် စီရင်နည်း
ပန်းကန်ပြား ကို ချထားပါ။ ငွေစက္ကူကို ဘယ်လက်ဖဝါးပေါ်တင်ပြီး ညာလက်ဖဝါးဖြင့် ၄ချက် ရိုက်ကာ (မိမိအဆင်ပြေလိုသော ငွေကြေးဆိုင်ရာကိစ္စကို ဆုတောင်းပါ။)ငွေစက္ကူကို ပန်းကန်ပေါ်တင်ပြီး ငွေစက္ကူပေါ်၌ ဆန်လက်တစ်ဆုပ်ကိုတင်ပါ။ အဆိုပါ ဆန်ပုံထားသောအပေါ်မှာ မြေဆီမီးခွက်ကိုတင်ပါ။
နံ့သာ ၅ပါး အဆီ (သို့) နံသာဆီကို လက်ဖဝါး ၂ဖက်မှာ ထည့်ပွတ်ကာ အစိမ်းရောင်ဖယောင်းတိုင်ကို လက်ဖဝါး ၂ဖက်ကြားထည့်ပြီး ပွတ်ပေးပါ။ ပြီးပါက မြေဆီမီးခွက်ထဲ အဆိုပါဖယောင်းတိုင်ကို ထွန်းပါ။
သတိပြုရန်
စလုပ်သော ရက်နှင့်အချိန်မှာ စီရင်မှုပြုရမည့်အချိန်ခါတွင် ဖော်ပြထားသော ရက်နှင့် အချိန် အဆင်ပြေရာ ၁ခုခု မှာ လုပ်ရပါမည်။ ၇ရက်ဆက်တိုက် မီးထွန်းပေးရပါမည်။ အခြားရက်တွေမှာ ညနေပိုင်းမှာ မီးထွန်းပေးရပါမည်။ နောက်တစ်ပတ် ပြန်စလုပ်ရင် ငွေစက္ကူကို အသစ်လဲလှယ် ရပါမည်။ ၃ပတ် မီးထွန်းပူဇော်ရပါမည်။
Comments
Post a Comment