မြတ်ဗုဒ္ဓ၏ သတ္တဋ္ဌာန ဘုရားရှိခိုး

ပလ္လင်္က သတ္တာဟ စံနေတော်မူပုံ

၁။ ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်။ ။ ပညိန္ဒြေ၊

ချွေရာမှန်ဘိ၊ဗောဓိ ကြငှန်း၊ ရွှေညောင်နန်းဝယ်၊

ထူးဆန်းအံ့လောက်၊မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင်၊

ရွှေပလ္လင်ထက်၊သဗ္ဗညုတ၊ ဉာဏ်ကိုရပြီး၊ သတ္တာဟရက်၊

ဖွဲ့ခွေလျက်ပင်၊ငြိမ်သက်တင့်တယ်၊ သုံးစမ္ပယ်သည်။ ။

ဘုန်းကြွယ်လက်ဦးဘွယ်ပေကို။


အနိမိသ သတ္တာဟ စံနေတော်မူပုံ

၂။ နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန်၊

ပလ္လင်ပျံမှ၊ဧသန်တူရူ၊ ရပ်တော်မူလျက်၊ ကြည်ဖြူ ငြိမ်းချမ်း၊

ပလ္လင်နန်းကို၊ဖြောင့်တမ်းစက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊

ပျော်စံရွှင်သည်။ ။ကြည်လင်ညွတ်နူး ဘွယ်ပေကို။


စင်္ကမ သတ္တာဟ စံနေတော်မူပုံ

၃။ သုံးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊

မြောက်ခွင်ဥတ္တရာ၊ စင်္ကြံသာ၌၊ လူးလာတုံ့ခေါက်၊

ကြွချီလျှောက်၍၊ဘုန်းတောက်ဘုရား၊ ပျော်စံစားသည်။ ။

တရား ဆင်ခြင်လျက်ပေကို။


ရတနာဃရ သတ္တာဟ စံနေတော်မူပုံ

၄။ လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊

ဗောဓိပင်နှင့်၊ ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊

အံ့လောက်ဘွယ်ရာ၊ရတနာ ရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဘန်ခါ၊

ဘိဓမ္မာကို၊မဟာဉာဏ၊ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊

သုံးဆင်ခြင်သည်။ ။ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။


အဇပါလ သတ္တဟ စံနေတော်မူပုံ

၅။ ငါးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊

ရှေ့ခွင် ပြုဗ္ဗာ၊ရပ်ဒိသာဝယ်၊ ကြီးစွာမြင့်ခေါင်၊

ဆိတ်ကျောင်းညောင်၌၊ဘုန်းခေါင်ပရမေ၊ စမ္ပာယ်နေသည်။ ။

ရိုသေမြတ်နိုးဘွယ်ပေကို။


မုဉ္စလိန္ဒ သတ္တာဟ စံနေတော်မူပုံ

၆။ ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊

ပလ္လင်ရွှေညောင်၊အရှေ့တောင်၌၊ မြရောင်လိုလို၊

ရေညိုပြည့်လျှမ်း၊ ကြာပန်းညွတ်ရုံ၊ ပန်းမျိုးစုံသည်၊

မုဉ္စလိန္ဒာ၊ အိုင်သာဖြန့်ကျင်း၊ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊

စမ္ပယ်နေသော်၊ မိုးလေထန်ပြင်း၊ သွန်းချခြင်းကြောင့်၊

မြွေမင်းရန်ဟန့်၊ ပါးပျဉ်း ဖြန့်လျက်၊

ချီးအံ့တန်ခိုး၊ ဆောင်းကာမိုးသည်။ ။

ရှေးရိုး သမ္ဘာတော်ကြောင့်ကို။


ရာဇာယတန သတ္တာဟ စံနေတော်မူပုံ

၇။ ။ ခါသတ္တမ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊

တောင်ပြင်လက်ျာ၊မြေမျက်နှာဝယ်၊ ရာဇာယတန၊

မည်ရခေါ်တွင်၊ လင်းလွန်းပင်၌၊သဗ္ဗညုဖျား၊ ပျော်စံစားသည်။ ။

ကြီးမားဉာဏ်တော် ဘွင့်လို့ကို။ထိုခုနစ်ပါး၊ အရပ်များကို၊

ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊

ဝန္ဒနာမာန၊ ဂါရဝဖြင့်၊ ဦးချညွတ်ကျိုး၊ ကျွန်ရှိခိုးသည်။

ကောင်းကျိုးခပ်သိမ်း ပြည့်စေသောဝ်။ ။

သတ္တဋ္ဌာန ဘုရားရှိခိုး ပြီးပြီ။


Photo # Ven Thaw Be


 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ