မြတ်စွာဘုရား ဟောကြားသော အနိုင်ယူနည်း (၄) မျိုး
လောကလူတွေမှာ အနိုင်အရှုံး သတ်မှတ်တဲ့နေရာ အယူအဆချင်း မတူညီကြဘူး။ လောကရှုထောင့်ကကြည့်တဲ့အခါ အနိုင်လို့ ထင်ရပေမယ့်လို့ ဓမ္မရှုထောင့်က ကြည့်တဲ့အခါ
အရှုံးဖြစ်နေတာတွေ
တွေ့ရတယ်။ မြတ်စွာဘုရားက အနိုင်ယူနည်း ၄-မျိုး ဟောထားတာ ရှိတယ်။
၁။ အက္ကာဓေန ဇိနေ ကောဓံ
ဒေါသခက်ထန်နေတဲ့
ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက
ဒေါသခက်ထန်ခြင်းမပြုပဲ သည်းခံခြင်း၊ မေတ္တာထားခြင်း၊ အေးငြိမ်းတဲ့စိတ်ဓာတ်မျိုးဖြင့် အနိုင်ယူပါ။
၂။ အသာဓုံ သာဓုနာ ဇိနေ
မကောင်းတာလုပ်တဲ့
ပုဂ္ဂိုလ်တစ်ယောက်ကို သူနဲ့အတုလိုက်ပြီး
မကောင်းတာမလုပ်ဘဲ
ကိုယ်က
ကောင်းတာကိုလုပ်ပြီး အနိုင်ယူပါ။
၃။ ဇိနေ ကဒရိယံ ဒါနေန
နှမြောတဲ့
ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက
ပေးကမ်းစွန့်ကြဲခြင်းဖြင့် အနိုင်ယူပါ။
၄။ သစ္စနောလိကဝါဒိနာ
မမှန်တာကို
အမြဲပြောနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက မှန်တာကိုသာပြောခြင်းဖြင့် အနိုင်ယူပါ။
ဒါကြောင့် လောကအမြင်နဲ့ကြည့်ရင် ‘နိုင်သူနဲ့ ရှုံးသူဟာ’ ပုံစံတစ်မျိုးစီ မြင်ရမှာဖြစ်သော်လည်း
ဓမ္မအမြင်နဲ့ကြည့်မှ
နိုင်သူအစစ်နဲ့ ရှုံးသူအစစ်ကို မြင်တွေ့ကြရမှာပါ။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Comments
Post a Comment