စီးပွားငွေဝင် သံပုရာ ၉လုံးအစီအရင်
စီးပွားငွေဝင် သံပုရာ ၉လုံးအစီအရင်
ပထမဆုံး ဈေးထဲကနေ အနာအဆာလုံးဝမပါတဲ့ သံပုရာသီး(၉)လုံးကို မဆစ်ဘဲနဲ့ဝယ်ပါ။
သံပုရားသီးတွေကို သေချာဆေးကြောပီး “ငွေ” ဆိုတဲ့စာလုံးကို ဆော့ပင်အပြာနဲ့ရေး၊ လင်ပန်းတချပ်ထဲ ဝိုက်ပီးထည့်ပါ။ လင်ပန်းအလယ်မှာ ဆော့ပင်အပြာနဲ့ “ငွေ” ဆိုတဲ့စာလုံးကိုရေးပါ။ အဲဒီစာလုံးပေါ်မှာ ငွေအကြွေစေ့တစေ့တင်ပြီး အကြွေစေ့ပေါ်ကို ဖရောင်းတိုင်တတိုင်ထွန်းပါ။
ဖရောင်းတိုင်မှာ ၃နေရာခွဲပီး “ဧဟိလာဘံ၊ ဧဟိဓနံ၊ ဧဟိသုခံ” ဆိုပြီးသံချွန်နဲ့အောက်မှအပေါ်ရေးရပါမယ်။
ဖရောင်းတိုင်ထွန်းပီးရင် “သဗ္ဗဇယ သိဒ္ဓိဇယ မင်္ဂလံ” ဂါထာတော်ကို ၂၇ခေါက်ရွတ်ဆိုပါ။
စီးပွားတက်ပီး ငွေကြေးဝင်စေဖို့ သေချာဆုတောင်းပါ။
(မှတ်ချက်) တနင်္လာနေ့မနက် ၉နာရီတွင်လုပ်ပါ။ ၉ပတ်တိတိလုပ်ပါ။

Comments
Post a Comment