နံနက်ချိန်ခါ ပို့မေတ္တာ
နံနက်ချိန်ခါ ပို့မေတ္တာ
ကိုယ်စိတ်နှစ်ဖြာ အေးကြည်သာ
ကျန်းမာချမ်းသာကြပါစေ။ ဘေးရန်အနာ ဆင်းရဲကွာ ချမ်းသာ ဆောင်ရွက်နိုင်ပါစေ။ စိုးရိမ်ကြောင့်ကြ
ဟူသမျှ ကင်းပဝေးကွာကြပါစေ။ ကပ်ဘေးများစွာ
ကင်းလွတ်ကွာ မှန်စွာလွတ်ပါစေ။
နတ်လူဗြဟ္မာ သတ္တဝါ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ။ အချင်းချင်းမုန်း
ရန်တိုက်သုံး
အဆုံးသတ်ပါစေ။ မနာလိုမှု ကုန်းတိုက်ပြု အောင်ဆုပြည့်ပါစေ။ အကြောင်းလိုမှု
မကောင်းမှု
ပြစ်မှုဝေးကွာကြပါစေ။ နေ့ညမပြတ် ဝဋ်ဒုက္ခ လွတ်လပ်ကင်းဝေးကြပါစေ။ ကပ်ဆိုးဖြာဖြာ ဆင်းရဲကွာ ကင်းကွာမရောက်ဝေးပါစေ။ အချင်းချင်းရန်
ကုန်းတိုက်ဒဏ်
လျင်မြန်သွက်လက် ဝေးပါစေ။
အေးချမ်းသာယာ ပြည်မြန်မာမှန်စွာဘေးရန်ကင်းပါစေ။ အရပ်မျက်နှာ ကမ္ဘာ့ရွာ မှန်စွာရန်ကင်းကြပါစေ။ အများသတ္တဝါ ဝေနေယျာ ကြောင့်ကြမရှိ
ကင်းပါစေ။ လုံးစုံများစွာ သတ္တဝါ မှန်စွာကိုယ်, စိတ်ချမ်းသာစေ။ အပြစ်ရန်မူ
ဒေါသထူ
အမူကင်းဝေးကြပါစေ။
နတ်လူဗြဟ္မာ သတ္တဝါ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ။ မြန်မာပြည်သူ
ချစ်ကြည်ဖြူ
ပြုမူဒေါသကင်းပါစေ။ မလိုအပ်ရာ အနိဋ္ဌာ လျင်စွာမရောက်ဝေးပါစေ။
အလိုရှိရာ မြတ်ဥစ္စာ မှန်စွာမကြာပြည့်ပါစေ။
မြန်မာပြည်မှာ ထေရ်များစွာ အနာဘေးရန်ကင်းပါစေ။ မြန်မာပြည်မှာ
များသံဃာ
ဖြာဖြာခက်ခဲကင်းပါစေ။ ဗုဒ္ဓဘာသာ သာသနာ မြန်မာပြည်မှာ
ကမ္ဘာမှာ
ရှည်ကြာတည်တံ့မြဲပါစေ။ နတ်လူဗြဟ္မာ သတ္တဝါ ကိုယ်စိတ်နှစ်ဖြာ
ဘေးရန်ကွာ
ကျန်းမာချမ်းသာကြပါစေ။ ချစ်ခြင်းမေတ္တာ လူများစွာ ကြင်နာမြတ်နိုးကြပါစေ။ သနားကြင်နာ ဤကမ္ဘာ မှန်စွာအေးမြကြပါစေ။ စာနာစိတ်ကင်း ရန်မူခြင်း သတ်ကွင်းကမ္ဘာဝေးပါစေ။ ယုံကြည်မဲ့ကင်း
ဒေါသရှင်း
အလင်းငြိမ်းချမ်းကြပါစေ။ လူအချင်းချင်း ခိုက်ရန်ခြင်း လွတ်ကင်းသာယာကြပါစေ။
တောင်ကလေးဆရာတော်။

Comments
Post a Comment