ကမ္ဘာ့အမြင့်ဆုံး ရပ်တော်မူဗုဒ္ဓဘုရား
ကမ္ဘာ့အမြင့်ဆုံး ရပ်တော်မူဗုဒ္ဓဘုရား
Ling Shan Buddha ရပ်တော်မူ စင်္ကြာမုနိဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးဟာ တရု.ပ်ပြည်သူ့သမ္မတနိုင်ငံတောင်ပိုင်း WuXi ဒေသ သဘာဝ ရှုခင်းလှပသော Taihu ရေကန်ကြီးရဲ့ ကမ်းခြေအနီး တောတောင်များ ဝန်းရံနေတဲ့ တောင်အမြင့်ပေါ်မှာ တည်ရှိပါတယ်။
ယာဘက်လက်တော်က ကြောက်လန့်ခြင်း, ဒေါသတရားကို ဖြေဖျောက်စေလို့ သောကအပူဒုက္ခ ကင်းစေလိုခြင်းကို ပြဆိုထားပြီး, ဘယ်ဘက်လက်တော်က ငြိမ်းအေးစေတဲ့ ဆန္ဒသဘောတရားနဲ့အတူ ပျော်ရွှင်ခြင်းကောင်းမှု ကံကုသိုလ်ကို ပေးဝေခြင်းကို ညွှန်းဆိုထားပါတယ်။
လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော်အချိန်က ဗုဒ္ဓသာသနာ ဝင်ရောက်ပြန့်ပွားလာရာ Tang Xuan Zang တောင်ကို Ling Shan တောင်လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ Ling Shan Buddha မတ်ရပ်ဗုဒ္ဓရုပ်ပွားတော်ကို 1994 ခုနှစ်က အခြေချ တည်ဆောက်ခဲ့ပြီး 1997 ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
ဗုဒ္ဓဆင်းတုတော်မြတ်ကြီးရဲ့ အမြင့် 88 မီတာ ရှိပြီး ခန္ဓာကိုယ်အမြင့် 79 မီတာ ရှိပါတယ်။ ကြာပွင့်ချပ်အမြင့် 9 မီတာရှိပြီး ရုပ်ပွားတော်မြတ်ကို 8 မီလီမီတာ အထူရှိ ကြေးပြားအကာ 1560 ချပ်နဲ့ တည်ဆောက်ထားပါတယ်။ ကြေးပြားမျက်နှာပြင် ဧရိယာဟာ စတုရန်းမီတာ 9,000 ကျော်ရှိပါတယ်။
ကမ္ဘာ့အမြင့်ဆုံးသော ရပ်တော်မူ စင်္ကြာမုနိ ဗုဒ္ဓရုပ်ပွားတော်သည် အဆင့် (14) typhoon မုန်တိုင်း, အဆင့် (
မြေငလျင်ဒဏ်ကို ခံနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
Credit - Ngwe Thaw Ther









Comments
Post a Comment