သရဏဂုံ ဂုဏ်တော် ပဋ္ဌာန်း ပုတီးစိပ်နည်း
သရဏဂုံ ဂုဏ်တော် ပဋ္ဌာန်း ပုတီးစိပ်နည်း
၂၄ပစ္စည်း ပဋ္ဌာန်း ရွတ်ဖတ်ပူဖော်၍ ပုတီးစိပ်လိုသည့် ကုသိုလ်ရှင်များအတွက် သရဏဂုံ ဂုဏ်တော် ပဋ္ဌာန်း ပုတီးစိပ်နည်းကို မျှဝေပေးသွားပါမည်။
ဘဝတွင် အခက်အခဲတစ်ခုခု ကြုံလာရပါက လွယ်ကူ အဆင်ပြေစေရန်အတွက် အဆိုပါ ပုတီးစိပ်နည်းဖြင့် အဓိဋ္ဌာန်ဝင် ပုတီး စိပ်ပါက ထူးခြားသည့် ပြောင်းလဲမှုများကို ကြုံဆုံရမည်ဖြစ်သည်။
သရဏဂုံ ပဋ္ဌာန်း ပုတီးစိပ်နည်းမှာ တစ်နေ့ (၉)ပတ် (၉)ရက်အဓိဋ္ဌာန်ဝင်ပြီး ပုတီးစိပ်ရမည်ဖြစ်သည်။ ၃၆ လုံးပုတီး (သို့မဟုတ်) ၁၀၈ လုံးပုတီးကို အသုံးပြု၍ ဂုဏ်တော်ပွားများ အဓိဋ္ဌာန် ဝင်နိုင်ပါသည်။
တထိုင်တည်း ၉ ပတ်စိပ်၍ အဆင်မပြေပါက မနက် ၃ပတ်၊ နေ့လည် ၃ ပတ်၊ ည ၃ ပတ်စီ ခွဲစိပ်၍လည်းရပါသည်။
" သရဏဂုံ - ဂုဏ်တော် - ပဋ္ဌာန်း ပုတီးစိပ်နည်း "
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ .........ပုတီး ၁လုံး ချ
ဓမ္မံ သရဏံ ဂစ္ဆာမိ .........ပုတီး ၁လုံး ချ
သံဃံ သရဏံ ဂစ္ဆာမိ ........ပုတီး ၁လုံး ချ
အရဟံ - ပုတီး ၁လုံး ချ
သမ္မာသမ္ဗုဒ္ဓေါ - ပုတီး ၁လုံး ချ
ဝိဇ္ဇာစရဏသမ္ပန္နော - ပုတီး ၁လုံး ချ
သုဂတော - ပုတီး ၁လုံး ချ
လောကဝိဒူ - ပုတီး ၁လုံး ချ
အနုတ္တရောပုရိသဓမ္မသာရထိ - ပုတီး ၁လုံး ချ
သထ္ထာဒေဝမနုဿာနံ - ပုတီး ၁လုံး ချ
ဗုဒ္ဓေါ - ပုတီး၁လုံး ချ
ဘဂဝါ - ပုတီး ၁လုံး ချ
ဟေတုပစ္စယော - ပုတီး ၁လုံး ချ
အာရမ္မဏ ပစ္စယော - ပုတီး ၁လုံး ချ
အဓိပတိပစ္စယော - ပုတီး ၁လုံး ချ
အနန္တရ ပစ္စယော - ပုတီး ၁လုံး ချ
သမနန္တရပစ္စယော - ပုတီး ၁လုံး ချ
သဟဇာပစ္စယော - ပုတီး ၁လုံး ချ
အညမညပစ္စယော - ပုတီး ၁လုံး ချ
နိဿယ ပစ္စယော - ပုတီး ၁လုံး ချ
ဥပနိဿယ ပစ္စယော - ပုတီး ၁လုံး ချ
ပုရေဇာတ ပစ္စယော - ပုတီး ၁လုံး ချ
ပစ္ဆာဇာတ ပစ္စယော - ပုတီး ၁လုံး ချ
အာသေဝန ပစ္စယော - ပုတီး ၁လုံး ချ
ကမ္မ ပစ္စယော - ပုတီး ၁လုံး ချ
ဝိပါက ပစ္စယော - ပုတီး ၁လုံး ချ
အာဟာရ ပစ္စယော - ပုတီး ၁လုံး ချ
ဣန္ဒြိယ ပစ္စယော - ပုတီး ၁လုံး ချ
စျာန ပစ္စယော - ပုတီး ၁လုံး ချ
မဂ္ဂ ပစ္စယော - ပုတီး ၁လုံး ချ
သမ္ပယုတ္တ ပစ္စယော - ပုတီး ၁လုံး ချ
ဝိပ္ပယုတ္တ ပစ္စယော - ပုတီး ၁လုံး ချ
အတ္ထိ ပစ္စယော - ပုတီး ၁လုံး ချ
နတ္ထိ ပစ္စယော - ပုတီး ၁လုံး ချ
ဝိဂတ ပစ္စယော - ပုတီး ၁လုံး ချ
အဝိဂတ ပစ္စယော - ပုတီး ၁လုံး ချ
အဆိုပါနည်းအတိုင်း တစ်ရက်လျှင် ပုတီးကိုးပတ်ဖြင့် ကိုးရက်စိပ်ရမည်ဖြစ်သည်။
ယုံယုံကြည်ကြည်ဖြင့် ဂုဏ်တော် ပွားများစိပ်ပါက ကံဇာတာများ ထူးခြားပြီး ကံကောင်းခြင်းများ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
လိုတပြည့်စုံ ကုသိုလ်ရှင်များ အခက်အခဲများ ကျော်လွှားနိုင်ပြီ ငွေကြေးဥစ္စာများ အဆင်ပြေစေရန် အလို့ငှာ သရဏဂုံ ပဋ္ဌာန်းအဓိဌာန်ဝင်ပုတီးစိပ်နည်းလေးကို မျှဝေပေးလိုက်ပါသည်။

Comments
Post a Comment