တစ်ပတ်တာသင်္ချာဗေဒဟောကိန်း (20.3.2023 မှ 26.3.2023) အတွင်း


(၁) ဂဏန်းသမားများ( ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်မွေးသူများ)
ရင်းနှီးမြုပ်နှံမှုဆိုင်ရာကိစ္စများအောင်မြင်မည်။ ရပ်ဝေးနိုင်ငံခြားနှင့်ပက်သက်လုပ်ဆောင်မှုများအောင်မြင်အဆင်ပြေမည်။ ခရီးထွက်ရန်ကြံစည်ထားပါက အထမြောက်အောင်မြင်မည်။ ကျန်းမာရေးတွင် အစာမှား ဆေးမှားသတိပြုပါ။ အချစ်ရေး အိမ်ထောင်ရေးတိုးတက်မှုများဖြစ်ထွန်းမည်။

(၂) ဂဏန်းသမားများ ( ၂၊ ၁၁၊ ၂၀၊ ၂၉) ရက်မွေးသူများ
ကျန်းမာရေးပိုင်းတွင်တိုးတက်မှုများဖြစ်ထွန်းမည်။ စီးပွားငွေကြေးပိုင်းတွင် အတွေ့အကြုံရှိသူများထံမှအကူအညီရယူခြင်းဖြင့် ကောင်းသောအထောက်အပံ့ကောင်းရမည်။ အချစ်ရေး အိမ်ထောင်ရေးတွင် ပျော်ရွှင်စရာအခိုက်အတန့်များဖြတ်သန်းရမည်။ အိမ်ခြံ မြေကိစ္စများ ဆောင်ရွက်အောင်မြင်မည်။

(၃) ဂဏန်းသမားများ ( ၃၊ ၁၂၊ ၂၁၊ ၃၀) ရက်မွေးသူများ
လုပ်ငန်းကိစ္စအကြံအစည်အချို့ ကမောက်ကမ ဖြစ်တတ်သည်။ ငွေကြေးအသုံးစရိတ်များလာနေတတ်မည်။ အချစ်ရေး တွင် ဘေးစကားအနှောင့်အယှက်အချို့ကြုံရတတ်သည်။ အိမ်ထောင်ရေးအဆင်ပြေမည်။ မြေယာ အဆောက်အဦးပိုင်းနှင့်ပက်သက်သောကိစ္စများ အဆင်ပြေမည်။

(၄)ဂဏန်းသမားများ (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးသူများ
အချစ်ရေး စန်းပွင့်ခြင်း ရှိမည်။ အိမ်ထောင်ရေး အခြေအနေကောင်းလာမည်။ လုပ်ငန်းပုံမှန်လည်ပတ်နေပြီး စီးပွားငွေကြေးပိုင်းတိုးတက်မည်။ စာသင်သားများ အောင်မြင်မှုရမည်။ အဆိုးမြင်စိတ်များကိုရှောင်ပြီးအချိန်ဖြုန်းခြင်းများရှောင်ပါ။ သားသမီးများအတွက်ပျော်ရွှင်ရမည်။ လုပ်ငန်းနှင့်ပက်သက်သော အရေးကြီးဆုံးဖြတ်ချက်များချမှတ်နိုင်မည်။

(၅) ဂဏန်းသမားများ (၅၊ ၁၄၊ ၂၃) ရက်မွေးသူများ
လုပ်ငန်းခွင်တွင်း လုပ်ပိုင်ခွင် သြဇာအာဏာတိုးတက်မည်။ ကျန်းမာရေး ကောင်းမွန်လာမည်။ ငွေကြေးပိုင်းတိုးတက်မည်။ အိမ် မိသားစုတွင်း အပြောင်းအလဲကောင်းပေါ်မည်။ အိမ်ထောင်ရေးတွင် သဘောတူညှိနှိုင်းမှုများအဆင်ပြေမည်။

(၆) ဂဏန်းသမားများ ( ၆၊ ၁၅၊ ၂၄) ရက်မွေးသူများ
ငွေကြေးစီပွားနှင့်ပက်သက်ပြီးသတင်းစကားကောင်းများကြားသိရမည်။ လုပ်ငန်းဟောင်းများပြန်လည် လည်ပတ်နိုင်မည်။ မိသားစု သူငယ်ချင်းများနှင့် ပျော်ရွှင်မှုများဖန်တီးနိုင်မည်။ စည်းစိမ်ဥစ္စာတိုးပွားမည်။ ကျောင်းသားကျောင်းသူများ ပြဿနာအချို့ရှိတတ်သည် ။ ငြင်းခုံခြင်းရှောင်ပါ။

(၇) ဂဏန်းသမားများ (၇၊ ၁၆ ၊ ၂၅) ရက်မွေးသူများ
၀င်ငွေတိုးတက်မည်။ လုပ်ငန်းခွင်ပြဿနာများပြေလည်သွားမည်။ အထက်လူကြီး မစမှုကြုံမည်။ ဂုဏ်ပြုချီးမြှင့်ခံရခြင်း လက်ဆောင်ရခြင်းကြုံမည်။ ကျောင်းသားများ ပညာရေးကံကောင်းမည်။ ကျန်းမာရေးကောင်းမွန်မည်။

(၈) ဂဏန်းသမားများ ( ၈၊ ၁၇ ၊ ၂၆) ရက်မွေးသူများ
လုပ်ငန်းခွင်အောင်မြင်မှုရမည်။ အကူအညီအထောက်ပံ့ကောင်းများရမည်။ မိသားစုတွင် စကားများစေမည့်ကိစ္စများရှောင်ပါ။ အများနှင့်ပူးပေါင်းလုပ်ဆောင်မှုများ အောင်မြင်မည်။ ငွေကိုသတိနှင့်သုံးစွဲရမည်။

(၉) ဂဏန်းသမားများ (၉၊ ၁၈၊ ၂၇) ရက်မွေးသူများ
စီးပွားလုပ်ငန်းများတွင် အမြတ်အစွန်းကောင်းများရမည်။ ညှိနှိုင်းမှုများ အောင်မြင်မည်။ ချစ်သူများသတင်းကောင်း အဖြရလဒ်ကောင်းရမည်။ အလုပ်သစ်စတင်နိုင်မည်။ လုပ်ငန်းနှင့်ဆိုင်သောခရီးများသွားလာရမည်။ ငွေကြေးအသုံးစရိတ်များတတ်သည်။     

 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ