2023 ခုနှစ်(၄) လပိုင်းအတွက် ဟောစာတန်းများ

 

2023 ခုနှစ်(၄) လပိုင်းအတွက် ဟောစာတန်းများ၊ နှစ်သစ်အတွက် ဟောစာတန်း

ရာဟုသားသမီးများဗုဒ္ဓဟူးတွင်ကြည့်ရန်

တနင်္ဂနွေသားသမီးများ
တနင်္ဂနွေနေ့သားသမီးများ2023 /4 လပိုင်း ထဲမှာတော့ စီးပွားရေးကိစ္စများနှင့်ပတ်သက်၍အယူအဆအမှားများနှင့် ရင်ဆိုင်ရမည်။ပြည်တွင်းပြည်ပဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ ကွန်ပျူတာနှင့်တီထွင်ပညာများဆောင်ရွက်ခြင်း၊ စက်သုံးဆီရောင်းဝယ်ခြင်း၊အစုရှယ်ယာလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများလုပ်ခြင်းကောင်း၏။ စိတ်မြန်ခြင်း၊စိတ်ကြီးခြင်းများ၊အလောတကြီးအလုပ်လုပ်ခြင်းများ တတ်နိုင်သမျှရှောင်ကျဉ်ရမည်။ နာမည်အလွဲသုံးစားပြုခြင်းများခံရတတ်သည်။
2023 /4လပိုင်း ထဲတွင်တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေးသားသမီးများနှင့် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်အထူးဂရုစိုက်ရမည်။ ယခုနှစ်တွင်သတိတရားရှေးရှု၍သွားလာဆောင်ရွက်ရမည်။ ရင်းနှီးသောသူများနှင့်မိမိအကြားအယူအဆသဘောထား မကိုက်ညီမှုများကြုံရမည်။ညီအစ်ကို၊မောင်နှမချင်းစကားများရမည်။
ပျိုရွယ်သူများအချစ်ရေးနှင့်ပတ်သက်ပြီး မိမိရည်ရွယ်ထားသောသူများနှင့်ခင်သလောက်ခရီးမပေါက်ခြင်း၊ မိမိထက်အသက်၊ဝါကြီးသောသူများနှင်းအိမ်ထောင်ကျရခြင်း၊ အခြားရပ်ဝေးဒေသမှသူနှင့်အိမ်ထောင်ကျရခြင်းများကြုံရတတ်သည်။ ဇနီး၊ခင်ပွန်း၊သားမယားအတွက်ငွေကြေးကုန်ကျမှုလည်းများမည်။ အိမ်တွင်းရေးပြသနာများဖြေရှင်းရမည်။
ဉာဏဆိုင်ရာပညာရပ်များ၊တီထွင်ဆန်းသစ်သောပညာရပ်များ သင်ယူသင့်သည်။ပညာရေးတွင်မိမိရည်မှန်းချက်အောင်မြင်မှုများ ဆွတ်ခူးနိုင်မည်။
ကျန်းမာရေးတွင်ချောင်းဆိုးခြင်း၊အဆုတ်နှင့်ပါတ်သက်သောရောဂါ၊ မီယပ်ရောဂါ၊အရိုးအဆစ်ရောဂါများဖြစ်တတ်သည်။ ဝါဆို၊သီတင်းကျွတ်၊ပြာသိုလများတွင်အလုပ်လုပ်ပါက သတိနှင့်ယှဉ်လုပ်ပါ။လွဲချော်တတ်သည်။ အရေးကြီးသောဆုံးဖြတ်ချက်များဤလပိုင်းတွေမှာမလုပ်ပါနှင့်။
ယတြာ-ဘုရားမှာရွှေပန်း၊အောင်သပြေညွန့်၊ ဝါးညွန့်(၆)ညွန့်စီတင်ပါ။ယပ်တောင်(၁၇)ချောင်းဘုရားမှာပူဇော်ပေးပါ။
အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ-(ပ၊ဖ၊မ၊က)(၄၊၁၊၈၊၅)

တနင်္လာသားသမီးများ
တနင်္လာသားသမီးများသည် 2023/4လပိုင်း တွင် လုပ်ငန်းခွင်တွင်အကြံအစည်သစ်များဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ အခက်အခဲမည်မျှရှိစေဆောင်ရွက်စရာများရှေ့တိုး၍ ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ စီးပွားရေးတိုးချဲ့လုပ်ကိုင်လိုစိတ်များပေါ်ပေါက်နေတတ်သည်။ ဘဏ်လုပ်ငန်း၊ငွေကြေးချေးငှါးခြင်း၊အစုရှယ်ယာဝင်ခြင်းများ ကောင်းကျိုးပေးမည်။မမျှော်လင့်ဘဲငွေကြေးအမြောက်အများဝင်မည်။
ညီအစ်ကို၊မောင်နှမ၊ဆွေမျိုးသားချင်းများနှောင့်ယှက်မှုကြောင့် မိမိလုပ်ငန်းခွင်အကျိုးအမြတ်များပျက်စီးတတ်သည်။ အိမ်ခြံမြေပြုပြင်မှုများကြုံမည်။ ပြည်တွင်းပြည်ပခရီးတို၊ခရီးရှည်များခနခနသွားရကိန်းရှိသည်။
ပျိုရွယ်သူများမေတ္တာရေးကံကောင်းပြီး၊ မိမိရည်မှန်းထားသောချစ်သူများနှင့်မေတ္တာရေးများမည်။ အိမ်ထောင်ရှင်များအိမ်တွင်းရေးပြသနာများအနှောင့်အယှက်များ ဝင်တတ်သည်။အပျော်အပါးလိုက်စားမှုကြောင့် လူမှုရေးပြသနာများဖြေရှင်းရတတ်သည်။
မိမိကြိုးစားသောပညာရပ်များတွင်ဝီရိယစိုက်ရမည့်နှစ်ဖြစ်သည်။ ဆွေမျိုးသားချင်းအကူညီကောင်းများပညာရေးတွင်ကူညီမည်။ လုပ်ငန်းခွင်စာမေးပွဲများ၊အင်တာဗျူးများဖြေဆိုခွင့် အခွင့်လမ်းကောင်းများရရှိမည်။
ကျန်းမာရေးတွင်အဖျားရှည်ရောဂါ၊ဆီးချိုရောဂါ၊သွေးတိုးရောဂါ၊ အပူနာရောဂါများဖြစ်တတ်သည်။ ပြာသို၊တပို့တွဲ၊တပေါင်းလများတွင်လုပ်ငန်းကိစ္စများ အထူးလာဘ်လာဘများအကျိုးဖြစ်ထွန်းမည်။
ယတြာ-ဘုရားမှာ သပြေညွန့်၊သီးညွန့်၊သနပ်ခါညွန့်(၁၅)ညွန့်စီတင်လှူပူဇော်ပါ။ဘုရားတစ်ဆူဆူမှာ ထီး၊ တံခွန်၊ကုက္ကား၊များလှူပေးပါ။
အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ (သ၊ဟ၊စ၊ဆ)(၁၊၇၊၄၊၉)

အင်္ဂါသားသမီးများ
2023/4လပိုင်း ထဲမှာအင်္ဂါသားသမီးတွေဟာ
ပေါ်ပေါက်လာသော စိတ်ကူးများကိုလက်တွေ့အောင်မြင်မှု ရသောနှစ်ဖြစ်သည်။ လုပ်ငန်း၊အလုပ်သစ်၊နေရာသစ်တိုးချဲ့လုပ်ကိုင်ပါကအောင်မြင်မှုရမည်။နာမည်ဘုန်းကံတိုးတက်ပြီးနေရာအနှံပျံ့နှံ့သွားကိန်းရှိသည်။ လုပ်ငန်းခွင်တွင်မိတ်ဆွေအသစ်၊နယ်ပယ်အသစ်နှင့်ဆက်ဆံရမည်။ စိတ်လောကြီးပြီးတစ်ပါးသူ၏ ငွေကြေးဥစ္စာများကိုလုပ်ငန်းခွင်သုံးစွဲခြင်းများရှောင်သင့်သည်။
ဇိမ်ခံပစ္စည်းများဝင်မည်။ငွေကြေးကိစ္စများ၊အစုရှယ်ယာလုပ်ငန်းများ၊ ငွေချေးငွေငှါးလုပ်ငန်းများအထူးသတိပြုဆောင်ရွက်ပါ။ စက်ပစ္စည်းများဝင်လာမည်။အများသဘောတူညီမှုကြောင့် လူမှုရေး၊ဘာသာရေးကိစ္စများဆောင်ရွက်ရမည်။
ပျိုရွယ်သူများချစ်သူရည်းစားအချင်းချင်းတစ်ဦးပေါ်တစ်ဦး ယုံကြည်မှုအားနည်းလာမည်။ အကောင်းလုပ်လည်းမကောင်းမြင်တတ်မည်။ အိမ်ထောင်ရှင်များပတ်ဝန်းကျင်၊ဘေးအနှောင့်အယှက်ကြောင့် ရံဖန်ရံခါစကားငြင်းဆိုရမှုများဖြစ်မည်။ ဒီနှစ်အတွက်တော့အိမ်ထောင်ရေး၊အချစ်ရေးကံမကောင်းဘူးလို့ ဆိုရမှာဘဲ။သတိထားနေကြပေတော့။
ပညာရေးတွင်လူမှုရေးရှုပ်ထွေးမှုကြောင့်နှောင့်နှေးမှုများကြုံရမည်။ ပညာသင်စရိတ်အတွက်ခက်ခဲလာတတ်သည်။
ကျန်းမာရေးတွင်နှလုံးသွေးကြောကျဉ်းခြင်း၊ထုံနာကျဉ်နာရောဂါ၊ လေနှင်အူလမ်းကြောင်းရောဂါများဖြစ်ပွားတတ်သည်။ နဲနဲဖြစ်ဖြစ်၊များများဖြစ်ဖြစ် ဖြစ်လာပါက ကျွမ်းကျင်သောဆရာဝန်နှင့်ကုသပါ။မပေါ့ပါနှင့်။
ဒီ တန်ခူးလ တွင်မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်အထူးဂရုစိုက်လုပ်ပါ။ တန်ခူး၊ ကျော်ပီး ကဆုန်လတွေမှာတော့စိတ်ချမ်းသာမှုပိုရမည်။
ယတြာ-ဘုရားမှာသရက်ညွန်၊ဇွန်ညွန့်၊စံပယ်ညွန့်(၈) ညွန့်စီ ကပ်လှူပူဇော်ပါ။မိမိမွေးနေ့မှာဇီးဖျော်ရည်နှင့်ဆီကြော်မုန့်ဆွမ်း ကပ်လှူပူဇော်ပါ။
အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ(ခ၊န၊ပ၊ဝ)(၆၊၅၊၁၊၃)

ဗုဒ္ဓဟူးသားသမီးများ
ဗုဒ္ဓဟူးသားသမီးများသည်2023/4လပိုင်းအတွင်း လုပ်ငန်းခွင်ကိုတိုးချဲ့ရန်ဆန္ဒရှိသော်လည်း သတိတရားဖြင့်လုပ်ကိုင်သင့်သည်။ အကောင်းအဆိုးဒွန်တွဲလျက်ရှိသည်။ လေကြောင်းလုပ်ငန်း၊ရေကြောင်းလုပ်ငန်း၊ဖန်စီနှင့်ဖက်ရှင်လုပ်ငန်း လုပ်ခြင်း၊ဆက်သွယ်ရေးပစ္စည်းများရောင်းဝယ်ခြင်းကောင်းမည်။ အတိုက်အခိုက်အမျိုးမျိုးကြားမှအောင်မြင်မှုမျိုးကိုရရှိမည်။ တပည့်၊လက်အောက်ငယ်သားနှင့်အစုရှယ်ယာလုပ်ငန်းများ လုပ်ကိုင်မှုတွင်အထူးသတိထားပြီးပြုလုပ်သင့်သည်။
ပြည်တွင်းပြည်ပခရီးသွားရကိန်းခနခနကြုံလာမည်။
ငွေကြေးကိစ္စအဆင်ပြေမည်။
အသက် ၁၅ နှစ်မ ှ၂၁ နှစ်ကြား၊အသက် ၂၀ မှ ၂၂ နှစ်ကြား၊အသက ်၂၉ နှစ်မှ ၃၁ နှစ်ကြား ရောက်ရှိနေသူများအချစ်ရေးနှင့်ပါတ်သက်၍ အဖုအထစ်များတွေ့ရတတ်သည်။နားလည်မှုများလွဲတတ်သည်။ စကားတစ်ခွန်းဆိုတစ်ခွန်းပြသနာတက်မည်။ အိမ်ထောင်ရှင်များတစ်ပါးသူအတွက်မိမိဂုဏ်သိက္ခာ ကျဆင်းတတ်သည်။
ယတြာ-ဘုရားမှာ အုန်းညွန့်၊အင်ကြင်းညွန့်၊လက်ဖက်ညွန့်(၁၇)ညွန့်စီ တင်လှူပူဇော်ပါ။သစ်သီးငါးမျိုးဆွမ်းတော်ကပ်လှူပူဇော်ပါ။
အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ(စ၊လ၊ပ၊ယ)(၉၊၁၊၃၊၇)

ကြာသပတေးသားသမီးများ
ဤနှစ်အတွင်း ကိုယ်ထူးကိုယ်ချွန်အလုပ်လုပ်တာပိုအဆင်ပြေမည်။ 2023/4လပိုင်းအတွင်း ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရမည့်ကာလဖြစ်သည်။ တစ်ပါးသူအပေါ်အားကိုး၍မရသောကာလဖြစ်သည်။ မိမိလွယ်ကူမည်ဟုယူဆသောကိစ္စများအနှောင့်အယှက်ပေးခြင်း ခံရတတ်သည်။ဖုန်းနှင့်စက်ပစ္စည်းများရောင်းဝယ်ခြင်း၊အိမ်ခြံမြေလုပ်ငန်းများလုပ်ခြင်း၊ဖျောက်ရည်၊ယမကာထုတ်လုပ်ခြင်းလုပ်ငန်းများမှ အကျိုးအမြတ်များရမည်။
ပြည်တွင်းပြည်ပဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ ကွန်ပျူတာနှင့်တီထွင်ပညာများလုပ်ခြင်းကောင်းမည်။ ငွေကြေးကိစ္စကတော့မထင်မှတ်ဘဲဒီနှစ်အတွင်း ထင်မှတ်ထားတာထက်ပိုဝင်ကိန်းကြုံမည်။ အိမ်ယာ၊တိုက်ခန်း၊မြေယာခြံကွက်များရရှိတတ်သည်။ ဖုန်းနှင့်အဖိုးတန်ပစ္စည်းများကျပျောက်ကိန်းရှိသည်။ လူစုလူဝေးများပြားသောနေရာများတွင်သွားလာလှုပ်ရှားခြင်း ရှောင်ရမည်။ယခုနှစ်တွင်တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေးနေ့ သားသမီးများနှင့်မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။အိမ်တွင်းရေးပြသနာများမကြာမကြာ ဖြေရှင်းရတတ်သည်။တခါတခါမှန်ရဲ့သားနဲ့အကျဉ်းအကြပ်ထ ဲကြုံရတတ်သည်။
ပျိုရွယ်သူများအချစ်ရေးနှင့်ပတ်သက်၍စန်းပွင့်လိမ့်မည်။အနှစ်နှစ်အလလမစွံသူများဒီနှစ်မှာစွံဖို့များပါတယ်။အချစ်ကံကောင်းမည်။
ပညာရေးတွင်မိမိ၏ကြိုးပမ်းမှုကြောင့်ထူးထူးခြားခြား တိုးတက်အောင်မြင်လာလိမ့်မည်။သို့သော်ပညာရေးနှင့် အချစ်ရေးများရောထွေးနေခြင်းများကြုံနေရတတ်သည်။
ကျန်းမာရေးတွင်အရေပြားရောဂါ၊အာရုံကြောအားနည်းခြင်း၊ အပူနာပေါက်ခြင်း၊ခေါင်းကိုက်ခြင်းဝေဒနာများ မကြာခန ခံစားရတတ်သည်။နှစ်ကူးခါနီး အောင်မြင်မှုများကြုံရမည်။နှစ်ကူး နီးချိန်အလုပ်လုပ်လျင် ဖိကြိုးစားပီးလုပ်ပါ။
ယတြာမေမြို့ပန်း၊ပိတောက်ညွန့်၊ပေါက်ညွန့်(၁၉)ညွန့်စီ ဘုရားမှာတင်ပါ။
မိမိမွေးနေ့တွေမှာခေါက်ဆွဲထုပ်၊ကြံရည်၊ကြာဇံထုပ်များလှူပေးပါ။
အကျိုးပေးသောအက္ခရာနှင့်ဂဏာန်းများ(တ၊န၊ပ၊ဖ)(၃၊၈၊၂၊၇)

သောကြာသားသမီးများ
သောကြာသားသမီး တို့သည် လာမည့် 2023ခုနှစ် 4 လပိုင်းအတွင်း အစစအရာရာ အဆင်ပြေလာမည့် ကာလဖြစ်သည်။ မိမိရပ်တန့်ထားသောလုပ်ငန်းကိစ္စများပြန်လည်အသက်ဝင်လာအောင် ဆောင်ရွက်ရမည်။သို့သော် လုပ်ငန်းခွင်တွင်အပြိုင်အဆိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့်ကာလဖြစ်သည်။အထူးသဖြင့်အစုရှယ်ယာ ဝင်ခြင်း၊ကုန်မာဆိုင်နှင့်စိုက်ပျိုးရေးပစ္စည်းများရောင်းဝယ်ခြင်း၊ မြေသြဇာနှင့်ဆန်ရောင်းဝယ်ခြင်းများမှအကျိုးအမြတ်ဖြစ်ထွန်းမည်။ 2023ခုနှစ် 4လပိုင်း တွင်အလုပ်သစ်များဝင်ရောက်လုပ်ကိုင်ရတတ်ခြင်း၊ ရာထူးတိုးခြင်း၊ဂုဏ်သတင်းကျော်ဇောခြင်း၊နေရာအပြောင်းရွှေ့များကြုံမည်။
လူမှုရေးပြသနာများဝင်ရောက်ဖြေရှင်းပေးရတန်သည်။
တနင်္ဂနွေ၊ဗုဒ္ဓဟူး၊သောကြာသားသမီးများနှင့် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်အထူးဂရုစိုက်ရမည်။
အိမ်ထောင်ရေးတွင်မိတ်ဆွေ၊အသိုင်းအဝိုင်း၊ဆွေမျိုး စကားများကြောင့်အိမ်ထောင်ရေးအထင်အမြင်လွဲမှားမှုများ ်ပေါ်ပေါက်လာတတ်သည်။အိမ်ထောင်ရေးတွင် အသစ် အဆန်းများတွေ့ရတတ်သည်။မိသားစုတွင်ကျန်းမာရေးပြုစု စောင့်ရှောက်မှုများပြုလုပ်ပေးရတတ်သည်။
ပျိုရွယ်သူများ အိမ်ထောင်ရေးတွင် အသစ် အဆန်းများတွေ့ရတတ်သည်။မိမိရည်းစားခြံခုန်တတ်သည်။ စနိုက်ကြော်သူများနှင့်တွေ့ရတတ်သည်။ ဘုရားဖူးသွားလာရာမှချစ်သူရည်းစားတွေ့ရတတ်သည်။
ပညာရေးတွင်ရှေ့ပိုင်း၌ကြိုးစားအားထုတ်မှုကောင်းပြီးနောက်ပိုင်းတွင်အပေါင်းအသင်းများကြောင့်စိတ်လေပြီးမိမိရည်မှန်းချက်များနှင့်ဝေးကွာသွားတတ်သည်။
ကျန်းမာရေးတွင်အဖျားအနာဖြစ်ခြင်း၊ခါးနာခြင်း၊မျက်စိအားနည်းခြင်း၊ သွေးအားနည်းခြင်းများခံစားရခြင်းဖြစ်မည်။
ယခုနှစ်အတွင်းကျန်းမာရေးအထူးဂရုစိုက်ပေးပါ။
ယတြာမိမိမွေးနေ့တွင်ဇော်စိမ်းညွန့်၊ဇီးညွန့်၊ဇွန်ညွန့်(၂၁)ညွန့်စီဘုရားမှာတင်လှူပူဇော်ပါ။ထောပတ်ဆီနှင့်ဆီမီးခွက်သက်စေ့ပူဇော်ပါ။လိမ္မော်ဖော်ရည်နှင့်ယိုစုံများတင်လှူပူဇော်ပါ။
အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ (က၊ပ၊တ၊ဖ)(၂၊၅၊၇၊ဝ)

စနေသားသမီးများ
စနေသားသမီးများသည်2023/4လပိုင်းတွင် လုပ်ငန်းခွင်တွင်အကြံအစည်သစ်များဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ မိတ်ကောင်းဆွေကောင်းများနှင့်တွေ့ဆုံပြီးလုပ်ငန်းခွင်များ အောင်မြင်လာလိမ့်မည်။နိုင်ငံရပ်ခြားခရီးသွားလာခြင်းများ ကြုံလာတတ်သည်။ရပ်ဝေးမိတ်ဆွေများနှင့်အခုရှယ်ယာလုပ်ငန်းများ လုပ်ခြင်း၊အလုပ်သစ်စတင်ထူထောင်ခြင်းများကောင်း၏။ လုပ်ငန်းခွင်တွင်မိန်ဆွေအသစ်များနှင့်ဆက်ဆံရမည်။ ရေကြောင်းခရီးသွားလာခြင်းများမကောင်းပါ။
2023 /4 လပိုင်းတွင် မိတ်ဆွေများပေးထားသောကတိများ ပျက်ပြားခြင်းကြောင့်မိမိဆောင်ရွက်ထားသမျှသဲထဲရေသွန်သလို ဖြစ်သွားတတ်သည်။ငွေကြေးကိစ္စများအလွယ်တကူကတိပေး ဆောင်ရွက်ခြင်းများမပြုသင့်ပါ။လူမှုရေးပြသနာများနှင့်ရုတ်တရက် ရင်ဆိုင်ရတတ်သည်။ဒီနှစ်ထဲမှာသောကြာ၊ကြာသပတေး၊ ဗုဒ္ဓဟူးနေ့သားသမီးများနဲ့မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။
အိမ်ထောင်ရှင်များသားသမီးရတနာထွန်းကားပြီး သတင်းကောင်းကြားရတတ်သည်။ ပျိုရွယ်သူများချစ်သူနှင့်နီးစပ်ရန်မလွယ်ကူသလောက်ခက်ခဲမည်။ ဝေးကွာနေသောချစ်သူများပြန်လည်ဆုံစည်းရတတ်သည်။
ပညာရေးတွင် ဉာဏ်ရည်ထက်မျက်ပြီး ဂုဏ်သတင်းကြီးမားလာလိမ့်မည်။ သို့သော်ပညာရေးတွင်ဝီရိယရှိမှမိမိမျှော်မှန်းသောပညာရပ်ကိုဆည်းပူးခြင်းရမည်။အခြားအလုပ်မစဉ်းစားဘဲလက်ရှိ အတတ်ပညာကိုအခြေပြု၍ အဆင့်မြင့်ပညာရပ်များ ဆည်းပူးလေ့လာနိုင်လျင်အထူးအောင်မြင်မည်။
ကျန်းမာရေးတွင်ထုံကျဉ်ခြင်း၊ခါးအောက်ပိုင်းရောဂါများခံစားရခြင်း၊ သွေးအားနည်းခြင်း၊များဖြစ်တတ်သည်။ ၊တန်ခူးလတွင်အထူးကံကောင်းမည်။ကျန်တဲ့လတွေမှာတော့သတိနဲ့ယှဉ်ပြီးလုပ်ဆောင်ပါ။
ယတြာ နှင်းဆီပန်း၊နှင်းပန်း၊ရွက်လှ၊ဝါးညွန့်၊သစ္စာပန်း(၁၀)ပွင့်စီ ဘုရားမှာတင်လှူပေးပါ။မိမိမွေးနေ့မှာ ထန်းလျက်၊ထိုးမုန့်၊ နာနတ်ယိုဆွမ်းဘုရားမှာကပ်လှူပူဇော်ပေးပါ။
အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ(ရ၊လ၊ဝ၊သ၊ဟ)(၉၊ဝ၊၂၊၆)

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ