ကံမနိမ့်အောင်ယတြာအစီအရင်များ


တနင်္ဂနွေ သားသမီးဖြစ်သော် ငှက်ပျောသီး ဆယ်လုံး အခွံနွာ၍ ပန်းကန်ပြား တွင် ထည့်ပါ။ အပေါ်မှ သကြားဖြူး ပါ။ တနင်္ဂနွေနေ့ နံက် (၉း၄၅) တွင် အိမ်ဘုရားစင်၌ ဆွမ်းတော် ကပ်ပါ။
တနင်္လာ သားသမီး ဖြစ်သော် ပန်းကန်လုံးတွင် ဇီးသီးအပြည့် ထည့်၍ တနင်္လာနေ့ နံက် (၉း၄၅)တွင် အိမ်ဘုရားစင်၌ ကပ်လှူပါ။
အင်္ဂါ သားသမီး ဖြစ်သော် ကြွေပန်းကန်ပြား အတွင်း၌ လက်ဖက် အသားချဉ်း ငါးပုံ ပုံ၍ အင်္ဂါနေပ နံက် (၉း၄၅) မိနစ်တွင် မိမိ အိမ်ဘုရားစင်၌ ကပ်လှူ ပူဇော်ပါ။
ဗုဒ္ဓဟူး သားသမီး ဖြစ်သော် ပန်းကန်ပြား သုံးချပ်၌ ပဲ ပြုတ်များ ထည့်ကာ ဗုဒ္ဓဟူးနေ့နံက် (၉း၄၅) တွင် မိမိ အိမ်ဘုရား၌ပင် ကပ်လှူ ပူဇော်ပါ။
ကြာသပတေး သားသမီးဖြစ်သော် သရက်သီး (၆)စိပ်ကို ကြာသပတေးနေ့ နံက် (၉း၄၅) တွင် မိမိ အိမ်ဘုရား စင်၌ ကပ်လှူ ပူဇော်ပါ။
သောကြာ သားသမီး ဖြစ်သော် ဖန်ခွက် ရှစ်ခွက်ဖြင့် နွားနို့ စစ်စစ်ကို အစိမ်း အတိုင်းထည့်၍ သောကြာနေ့ နံက် (၉း၄၅)တွင် မိမိ အိမ်ဘုရား၌ပင် ကပ်လှူ ပူဇော်ပါ။
စနေ သားသမီးဖြစ်သော် အုန်းသီးကို ခြစ်၍ ပန်းကန်ပြား အသေး ရှစ် ပန်းကန်တွင် ခွဲ၍ ထည့်ပြီး စနေနေ့ နံက် (၉း၄၅)တွင် မိမိ အိမ်ဘုရား၌ ကပ်လှူ ပူဇော်ပါ။

Telegram Link - https://t.me/+D-dLN8Pgm7szNDU1 Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en Facebook Page Link - https://www.facebook.com/profile.php?id=100089971632803


 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ