ကမ္ဘာပေါ်တွင် အမြင့်ဆုံး Spring Temple Buddha ရုပ်ပွားတော်

ကမ္ဘာပေါ်တွင် အမြင့်ဆုံး Spring Temple Buddha ရုပ်ပွားတော်


Spring Temple Buddha သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးရုပ်တု ဖြစ်သည်။ အမြင့်သည် ၂၀ မီတာ (၆၆ ပေ) ရှိသော ကြာပလ္လင် ပါဝင်ပါက ၁၂၈ မီတာ (၄၂၀ ပေ) ရှိသည်။



Fodushan Scenic Area တွင် တည်ရှိသည်။ National Freeway အမှတ် ၃၁၁ နှင့် နီးကပ်စွာ တည်ရှိသည်။ရုပ်ပွားတော်ကို ၁၉၉၇ ခုနှစ်မှ ၂၀၀၈ တိုင်အောင် တည်ဆောက်ခဲ့သည်။

ရုပ်ပွားတော်၏ တည်နေရာမှာ Zhaocun township of Lushan County, Henan, တရု.တ်နိုင်ငံ ဖြစ်သည်။



အောက်ခံခုံသည် ၂၅ မီတာ (၈၂ ပေ) မြင့်သည်။ ရုပ်ပွားတော်သည် အောက်ခံခုံ၏ အပေါ်တွင် တည်ထား၏။ ထို့ကြောင့် ရုပ်ပွားတော်ကြီး တစ်ခုလုံး၏ စုစုပေါင်း အမြင့်သည် ၁၂၈+၂၅=၁၅၃ မီတာ (၅၀၂ ပေ) ဖြစ်သည်။

၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် ရုပ်ပွားတော် တည်ထားသည့် တောင်ကုန်းကို ပြင်ဆင်ခဲ့သည်။ အောက်ခံခုံကိုလည်း နှစ်ခု ဖြစ်အောင် လုပ်ခဲ့သည်။



အပေါ်ဘက်ရှိ အောက်ခံခုံသည် ၁၅ မီတာ ရှိ၏။ ထို့ကြောင့် ရုပ်ပွားတော်၏ စုစုပေါင်း အမြင့်သည် ၂၀၈ မီတာ (၆၈၂ ပေ) ဖြစ်သည်။



ရုပ်ပွားတော် တည်ထား ကိုးကွယ်သည့် စီမံကိန်းတစ်ခုလုံး၏ ခန့်မှန်းကုန်ကျစရိတ်သည် ဒေါ်လာ ၅၅ သန်း ဖြစ်သည်။ ဒေါ်လာ ၁၈ သန်းကို ရုပ်တု တည်ဆောက်ရာတွင် အသုံးပြုခဲ့သည်။ တည်ဆောက်ရာတွင် ကြေးနီ တန် ၁၁၀၀ ကို သုံးစွဲခဲ့သည်။စုစုပေါင်း အလေးချိန်သည် ၁၀၀၀ တန် ရှိ၏။


 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ