Message for Today
++++++++++++
မိတ်ဆွေတို့အတွက် ဒီနေ့ကျရောက်တဲ့ Tarot Card ကတော့ Ace of Cups ဖြစ်ပါတယ်။
Ace of Cups ကျသူတို့ဟာ အပျော်အပါး၊ အသောက်အစားများတတ်ပြီး လောဘကြီးတတ်သူများဖြစ်ပါတယ်။ စန်းပွင့်သည်။ ငြိမ်းချမ်းသောအချစ်ကိုလိုချင်ပေမယ့် အကျိုးအမြတ်အတွက်သာ ဦးစားပေးချစ်တတ်သူများဖြစ်သည်။
သီးခြားခွဲထွက်လိုစိတ်ရှိပြီး၊ ဇိမ်ခံတတ်၊ ခပ်အေးအေးနေလိုသည်။ လူမှုရေးညံ့ဖျင်းသောကြောင့် မပတ်သက်ရင် ကောင်းတဲ့လူမျိုးများဖြစ်သည်။
မထင်မှတ်ဘဲ အလုပ်ထလုပ်တတ်သည်။ အကျိုးအမြတ်ရှိမယ်ဆိုရင် အကုန်လုပ်တတ်သည်။ အလုပ်တွင် အပြိုင်အဆိုင်နှင့်လုပ်ရပြီး စိတ်ဖိစီးမှုများသည့်အလုပ်မျိုး လုပ်ရတတ်သည်။
Ace of Cups သည် အိမ်ထောင်ရေး၌ အမျိုးများ အလွန်အနှောင့်အယှက်ပေးခြင်းကို ဖော်ပြသောကတ်ဖြစ်ပါသည်။ မိမိအိမ်ထောင်ရေးကို ပတ်ဝန်းကျင် အပြင်လူ မစွက်ဖက်စေရန် သတိထားရပါမည်။ Ace of Cups ကျသူတို့သည် အိမ်အလုပ်ကို ချီးကျူးခံရဖို့အတွက်သာလုပ်တတ်သည်။ အိမ်သားများနှင့် မတည့်တတ်။
မကြာခဏကျန်းမာရေးညံ့ခြင်း ကြုံရတတ်သည်။ ယောကျာ်းလေးများတွင် အပျော်အပါးလိုက်စားမှုကြောင့်ရသော ရောဂါများဖြစ်တတ်သည်။
သောက်စားမူးယစ်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်းတို့ကြောင့် ငွေကြေးကို သုံးဖြုန်းတတ်သည်။ ငွေကြေးတွင် အဖိတ်အစင် အလေအလွင့်ရှိတတ်သည်။
ဘုရားသောက်တော်ရေခွက်၊ အိမ်မှ သောက်ရေခွက်၊ ချိုးရေခွက်တို့ကို အသစ်လဲလှယ်ပေးခြင်း၊ ဆေးကြောပေးခြင်း၊ ငါးလွှတ်ခြင်း၊ ငါးစာကျွေးခြင်း၊ ငှက်စာကျွေးခြင်း၊ ကြာသင်္ကန်းလှူခြင်းတို့ ပြုလုပ်ပေးသင့်သည်။
ကံကောင်းသောအရောင် - အဖြူ၊ အပြာ
ကံကောင်းသောနံပါတ် - ၁, ၅
Telegram Link - https://t.me/+D-dLN8Pgm7szNDU1
Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en
Facebook Page Link - https://www.facebook.com/profile.php?id=100089971632803

Comments
Post a Comment