Message for Today (19-2-2023)


မိတ်ဆွေတို့အတွက် ဒီနေ့အတွက် ကျရောက်တဲ့ Tarot ကတ်ကတော့ Justice (တရားမျှတမှု)ဆိုတဲ့ ကတ်ဖြစ်ပါတယ်။

မြန်မာ            -         တရားမျှတမှု

ENGLISH       -         Justice

FRENCH        -         LA JUSTICE

ITALIAN        -         GIUZTISIA

GERMAN      -         DIE GERECHTIGKEIT

လုပ်ငန်းကြီးများပေါ်မည်။ တရားရင်ဆိုင်ရတတ်သည်။ ထီပေါက်ရန်သေချာသလောက်ရှိသည်။ ထီထိုးဖြစ်အောင်ထိုးပါ။ နေရာပြောင်းရွှေ့တတ်ရသည်။ လူလိမ်ခံရတတ်သည်။  မိတ်ဆွေရင်းတစ်ဦး မိမိကိုမကောင်းကြံစည်တတ်သည်။ ဂရုစိုက်ပါ။ ကျန်းမာရေးတွင် ကြီးမားသောအညံ့မရှိပါ။ အနေအထိုင်မှားခြင်း၊ အစားအသောက်မှားခြင်းကြောင့် ကျန်းမာရေးတွင် အညံ့ရှိတတ်သည်။ ကတ်ပြားတွင်ပါသော ဓား၏နိမိတ်သည် ခွဲစိတ်မှုနိမိတ်ဖြစ်သောကြောင့် ခွဲစိတ်ကုသခံရကိန်းရှိသည်။

အကြံပေးချက်
ယနေ့ သင့်ရဲ့ စိတ်ခံစားချက်တွေက ဒီနေ့မှာ အရမ်းခံစားလွယ်နေတတ်ပါတယ်။ ထိလွယ်ရှလွယ်မို့ ဂရုစိုက်သင့်ပါတယ်။

ကံကောင်းသောနံပတ်
2,8,11



မိတ်ဆွေတို့အတွက် ဒီနေ့အတွက် ကျရောက်တဲ့ Rune ကတ်ကတော့ Defence (ကာကွယ်ခြင်း)ဆိုတဲ့ ကတ်ဖြစ်ပါတယ်။

အခက်အခဲတွေ့မည်။ ကျော်လွှားအောင်မြင်နိုင်မည်။ စိန်ခေါ်မှု၊ ပြိုင်ဆိုင်မှု၊ မနာလိုမှုများသည် မိမိဘဝတိုးတက်ဖို့ စာမေးပွဲများဖြစ်သည်။ သည်းခံခြင်း၊ အချိန်ကာလကိုသဘောပေါက်ခြင်း၊ စောင့်ဆိုင်းနိုင်ခြင်းသည် အောင်မြင်မှု၏ သော့ချက်များပင်ဖြစ်သည်။ ကြံ့ကြံံ့ခိုင်ရပ်တည်နိုင်လေလေ အောင်မြင်မှုသို့ ချဉ်းကပ်နိုင်လေဖြစ်သည်။ ဝီရိယ၊ မလျှော့သောလုံ့လဖြင့် ကြိုးစားမှုကအောင်မြင်မှုကို ပေးအပ်မည်ဖြစ်သည်။


မိတ်ဆွေတို့အတွက် ဒီနေ့အတွက် ကျရောက်တဲ့ Lenormand ကတ်ကတော့ The Bear (ဝက်ဝံ)ဆိုတဲ့ ကတ်ဖြစ်ပါတယ်။

ဒီကတ်အတွက်အဟောကတော့ မည်သည့်ကိစ္စမဆို မကောင်းသေးပါ။ အန္တရာယ်လည်း ကျရောက်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ကျန်းမာရေးလည်း မကောင်းနိုင်သေးပါ ဆရာပြောင်းလိုက်ရင်တော့ ပျောက်ကင်းပါမယ်။

မွေးနံထောင့်မှာ အမွှေးတိုင်သက်စေ့လှူဒါန်းပေးပါ။

Read More - 


Telegram Link - https://t.me/+D-dLN8Pgm7szNDU1


Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en


Facebook Page Link - https://www.facebook.com/profile.php?id=100089971632803

 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ