ရဟန်းမင်းကြီးကားချပ် - ပြိဿရာသီ
THE HIEROPHANT - TAURUS
ပြိဿရာသီသည် နွားသိုးရုပ်ရာသီဖြစ်ပြီး ပထဝီ (မြေ) ဓာတ်ရာသီဖြစ်သည်။ ရုပ်ဝါဒီ၊ ရုပ်ပိုင်းဆိုင်သော ရာသီဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအရည်အချင်းကို အနည်းငယ်မျှ လေ့လာမည့်သူမဟုတ်ပါ။ ကားချပ်အနေဖြင့် ရုပ်ပစ္စည်းအကြောင်းအရာများကို စိတ်ပိုင်းဆိုင်ရာတိုးတက်မှုအတွက် အသုံးပြုပါသည်။ စိတ်ပိုင်းဆိုင်ရာလုပ်ပိုင်ခွင့်ရှိသည့် အနေအထားရောက်သော်လည်း သိုးကျောင်းသားကောင်းတစ်ဦးကဲ့သို့ ရုပ်ဆန်သောအသိခံစားမှုမျိုးရှိသည်။ သူ၏ ကုလားထိုင် (သို့) ရာဇပလ္လင်၏ နောက်ကျောဘက်တစ်ဖက်တစ်ချက်စီ၌ နွားသိုးချိုတစ်စုံစီရှိသည်။ ပြိဿရာသီကို ရဟန်းမင်းကြီးကားချပ်နှင့် သတ်မှတ်ထားသော်လည်း ဓနုနှင့် သိဟ်ရာသီတို့နှင့်လည်း အနည်းငယ်သက်ဆိုင်နေပါသည်။
အကျိူးပေးဂဏန်း - ၂၊ ၄၊ ၅၊ ၊ ၆၊ ၇၊ ၀
အကျိုးပေးအရောင် - အနီ၊ မီးခိုး၊ ကြက်သွေး၊ နီညို၊ ရွှေရောင်
လုပ်ငန်းတစ်ခုလုပ်ရန် သင့်/မသင့် ဆုံးဖြတ်ချက်ချရန် အခြေအနေမျိုးကြုံနေပါက လုပ်သင့်သည်ဟု ဆုံးဖြတ်ချက်ချပါ။
အချစ်ရေး၌ မမျှော်လင့်သော အနှောင့်အယှက်တစ်ခုပေါ်လာတတ်သည်။ တစ်ဦးနှင့် တစ်ဦး နားလည်မှုကြောင့် ထိုအနှောင့်အယှက် ပပျောက်သွားမည်။
ငယ်စဉ်က ကျန်းမာရေးအညံ့ကြုံရခြင်းနောက်ဆက်တွဲအဖြစ် အသက်ကြီးပိုင်းတွင် ဆက်လက်၍ဖြစ်စေ၊ ရုတ်တရက်ဖြစ်စေ ခံစားတွေ့ကြုံရတတ်သည်။
Telegram Link - https://t.me/+D-dLN8Pgm7szNDU1 Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en Facebook Page Link - https://www.facebook.com/profile.php?id=100089971632803


Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ