စီးပွားရေး ကိစ္စများ အဆင်ပြေချင်ရင်
❏ စီးပွားရေး ကိစ္စများ အဆင်ပြေချင်ရင်
❏ ငွေကံ ကြေးကံတွေ ပွင့်လန်းချင်ရင်
❏ အနှောင့်ယှက်တွေ လဲ ကင်းဝေးချင်ရင်
❏ လိုချင်နေတဲ့ အလုပ် ရပြီး ဘဝ မှာ တည်ငြိမ် အေးချမ်းချင်ရင်
❏ အစစ အရာရာ အောင်မြင် ချောမွေ့ကာ အဆင်ပြေစေချင်ရင်
စစိပ် ရမယ့် အချိန် နဲ့ ရက်
မိမိ၏ မွေးရက် ည ( ၉း၁၅ မှ ၁၀း၁၅ ) မှာ ဖယောင်းတိုင် မီးလေး ပူဇော်ပြီး စ စိပ်ပါ။
ဂုဏ်တော် ( ၉ ) ပါး ပုတီး ( ၁၀ ) ပတ် စိပ်နည်း
၁ ။ အရဟံ ( ၁ ပတ် )
၂ ။ သမ္မာ သမ္ဗုဒ္ဓေါ ( ၁ ပတ် )
၃ ။ ဝိဇ္ဇာ စရဏ သမ္ပန္နော ( ၁ ပတ် )
၄ ။ သုဂတော ( ၁ ပတ် )
၅ ။ လောကဝိဒူ ( ၁ ပတ် )
၆ ။ အနုတ္တရော ( ၁ ပတ် )
၇ ။ ပုရိသဓမ္မသာရထိ ( ၁ ပတ် )
၈ ။ သတ္တာ ဒေဝ မနုဿာနံ ( ၁ ပတ် )
၉ ။ ဗုဒ္ဓေါ ( ၁ ပတ် )
၁၀ ။ ဘဂဝါ ( ၁ ပတ် )
ဤကဲ့သို့ တစ်နေ့လျှင် ပုတီး ၁၀ ပတ် အချိန်မှန် နေရာမှန် နေ့စဉ်စိပ်ပေးပါ။ သိသိသာသာ ထူးခြားလာပါလိမ့်မည် ။
ဘုန်းကံကြီးမားချင်ရင်တော့
မနက် ( ၁၀ ) ပတ်၊ နေ့လည် ( ၁၀ ) ပတ်၊ ည ( ၁၀ ) ပတ် စိပ်ပေးပါ။
လွန်စွာ အကျိုးပေး မြန်ကာ အစွမ်းထက်သော ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ပုတီး စိပ်နည်း ဖြစ်ပါတယ်။
Read More -
Telegram Link - https://t.me/+D-dLN8Pgm7szNDU1
Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en
Facebook Page Link - https://www.facebook.com/profile.php?id=100089971632803
https://aungnaingmaw.blogspot.com/

Comments
Post a Comment