သပြေပန်းဟာ အောင်ပန်းဆိုပေမယ့်လည်း အကျိုးပြုတဲ့နေ့ အကျိုးမပြုတဲ့နေ့သားသမီးတွေ


သပြေပန်းဟာ အောင်ပန်းဆိုပေမယ့်လည်း အကျိုးပြုတဲ့နေ့ အကျိုးမပြုတဲ့နေ့သားသမီးတွေတော့ရှိပါတယ်။
တနင်္ဂနွေ၊ တနင်္လာသားသမီးတွေအတွက်တော့သပြေညွန့်ဟာ အလွန်လိုက်ဖက်၊ အကျိုးပေ ၊ ကံပွင့်၊ လာဘ်ရွှင်တဲ့ပန်းဖြစ်ပါတယ်။ ဘာကြောင့်လဲလို့မေးရင် တနင်္ဂနွေသားသမီးများအတွက် ""သ''' သောကြာဟာ ""ဆပွတ်''
''ပြေ'' ကြာသပတေး ''ပဉ္စပွတ် '' ဖြစ်လို့ ကောင်းသလို တနင်္ဂနွေ နဲ့ သောကြာ ဟာ ''ဥသာ''အတွင်းမိတ်၊ ကြာသပတေးနဲ့ ""အောင်ပ'' အပြင်မိတ်စတဲ့ မိတ်နှစ်ချက်လည်းမိနေတာမို့၊ တနင်္ဂနွေသားသမီးများအတွက် သပြေဟာအောင်
ပန်းဖြစ်လို့ ရာသက်ပန် အောင်အိုးထဲမှာ သပြေညွန့်ထည့်လှူ နေအိမ် အလုပ်တွေမှာ ထားခြင်းဖြင့် ကောင်းကျိုးများကိုရယူနိူင်ပါတယ်။
ထိုအတူ တနင်္လာသားသမီးများအတွက်ကြတော့ သပြေ ဆိုတဲ့ သောကြာအစ၊ ကြာသပတေးအဆုံးနံက ''ပင်ယ ဆိုတဲ့ မိတ်ဂြိုဟ် အပြင်န၀င်း'' ကိန်းမိနေတဲ့ အတွက် ''သာစည် ပန်းယ သူရဇ္ဇ နေထကောင်းကြွယ်ရန်'' လင်္ကာကဲ့သို့လို သပြေ ညွှန် ဟာ တနင်္လာနေ့သား သမီးတွေအတွက် ကောင်းစားကြွယ်၀တတ်တာမို့ ရာသက်ပန် တနင်္လာသားသမီးများဟာနေအိမ် အလုပ်ပန်းအိုး တို့တွင် သပြေ ထိုးသင့်တာဖြစ်ပါတယ်။
သပြေထိုးရ အသစ်ပန်းလဲလိုပါက မွေးနေ့နံနက်
(၆) နာရီမှ (၇) ခွဲ အတွင်းဖြစ်ပါတယ်။
အင်္ဂါသားသမီးများအတွက်ကြတော့ သပြေညွန့်ဟာ ''တြိ စတု ''နင်းကြမ်းပြု ''
""ပူသွပ် သေဖွယ် '' ကိန်းမိနေလို့ ရာသက်ပန်သပြေပန်းကို အသုံးပြုရန် မသင့်ဘူးလို့တွေ့ရပါတယ်။ ကျန်နေသားသမီးများအတွက်တော့ သပြေဟာ
ပြဿနာမရှိပါဘူး။
Read More - Telegram Link - https://t.me/+D-dLN8Pgm7szNDU1 Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en Facebook Page Link - https://www.facebook.com/profile.php?id=100089971632803 https://aungnaingmaw.blogspot.com/

 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ