လာရာလမ်းကိုမပြန်ကြနဲ့


လာရာလမ်းကိုမပြန်ကြနဲ့
◻️◻️◻️◻️◻️◻️◻️◻️
လူ့ဘဝ တစ်ကြိမ်တစ်ခါ ရရှိဖို့ တိရစ္ဆာန်ဘဝပေါင်း တစ်ရာလောက် ကျင်လည် ရင်းနှီးခဲ့ရပါတယ်။
တိရိစ္ဆာန်ဘဝက ပါလာတဲ့ အရှိန်အဟုန်, သတ္တိစရိုက်,
ဉာဉ်တွေ မပြယ်တတ်သေးတော့ လူတွေဟာ မေ့မေ့မျောမျောကြီးနဲ့ အာရုံတွေ ခံစားကြပါရော။
တစ်ခါ, တစ်ဖက်က အာရုံငါးပါး ဖမ်းစားမှုကလည်း လူတွေကို မေ့လျော့အောင် ပြုစားထားသလို ရှိတဲ့အတွက် မေ့တဲ့အကျင့်က ရလာကြတယ်။
နေတော့လည်း မေ့လျော့တွေဝေ, သေတော့လည်း ဒီလိုဘဲ မေ့လျော့တွေဝေ၊ မောဟတွေနဲ့ သေခဲ့မယ် ဆိုရင် လာရာလမ်းကို ပြန်ရလိမ့်မယ်။
လာရာလမ်း ဆိုတာက မောဟဘုံ လို့ ခေါ်တဲ့ တိရိစ္ဆာန်ဘဝ တွေဆီပဲပေါ့။
မသိရာက စခဲ့ပြီး, မသိရာမှာ ဘဝ ဆုံးခဲ့ရင်၊ မသိရာဆီ ပြန်သွားပြီး, မသိရာကနေ ဘဝ ပြန်စ ရလိမ့်မယ်။ လာရာလမ်းကို မပြန်ကြနဲ့။
🙏မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး🙏


 Read More - 


Telegram Link - https://t.me/+D-dLN8Pgm7szNDU1


Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en


Facebook Page Link - https://www.facebook.com/profile.php?id=100089971632803


https://aungnaingmaw.blogspot.com/

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ