လာဘ်ပိတ်ပြီး စိတ်ညစ်နေသူ၊ ငွေကံမပွင့်သူများ ဆောင်ရွက်ရန် ဒါနအဓိဋ္ဌာန်
လာဘ်ပိတ်ပြီး
စိတ်ညစ်နေသူ၊ ငွေကံမပွင့်သူများ ဆောင်ရွက်ရန်
ဒါနအဓိဋ္ဌာန်
* သစ်တံခါးဆရာတော် *
*********************
ငွေကံမပွင့် လာဘ်လာဘတွေ ပိတ်ဆို့နေပါက လုပ်သမျှ မအောင်မြင်ဖြစ်နေပါက
မိမိတို့စားမည့် ဆန်အိုးထဲမှ
အနည်းငယ်မျှသောဆန်ကို ယူပြီး မြေကွက်လပ်နေရာတစ်ခု စီစဉ်ပြီး စာကလေးတွေကို
အစာကျွေးပါ။
အာရုံထားပုံ
စိတ်ထဲမှနေပြီး ယခုဒါနပြုခြင်းသည် မိမိတို့စားမည်ဖြစ်သောဆန်အိုးထဲမှ၊
ဆန်အိတ်ထဲမှ ခွဲဝေ၍ ဒါနပြုခြင်း၊ အလှူဒါနပြုခြင်း ဖြစ်ပါ၏။ ဤမှန်သော
သစ္စာကစားတော်ကြောင့် စီးပွားကျ စိတ်ညစ်နေရပြီး ပိတ်ဆို့နေသော လာဘ်လာဘများ
ပွင့်ပါစေ၊ လာဘ်လာဘတွေ ရွှင်ပါစေ၊ ငွေဝင်ပါစေ၊ စိတ်မှ ရည်မှန်းပါ။ ယခုလာရောက်၍
သုံးဆောင် စားသုံးကြသော စာကလေး၊ ခို၊ ကျီးငှက်ကလေးတွေ ဝမ်းသာပီတိဖြစ်ကာ
စားသုံးနိုင်၊ ပျော်ရွှင်နိုင်သလို ပျော်ရွှင်ရပါလို၏။ သုံးဆောင်ရပါလို၏။
ဒါနအကျိုး ဆက်၍ တိုးပွားကာ ဆောင်ရွက်နိုင်ရပါလို၏ဟု စိတ်မှ ရည်မှတ်ပြောဆိုကာ
ဆင်းသက်စားသောက် အသံပေးနေကြသော စာကလေးတွေ၊ ငှက်ကလေးတွေကို ကြည့်ပြီး အလှူဒါနကို
ပွားကာ ပီတိဖြစ်နေပါ။ ထူးခြားပါ၏။
ရက်များမကြာမီ လာဘ်လာဘတွေ အလုပ်အကိုင်တွေ ကောင်းကာ အဆင်ပြေမည်။ နေ့စဉ်နေ့တိုင်း
နံနက်တိုင်း အာစိဏ္ဏကံ ဆောင်ရွက်နိုင်ပါက ပိုပြီးထူးခြားပါ၏။
နောက်တစ်နည်း ဆောင်ရွက်ပုံ
စာကလေး၊ ငှက်တွေ၊ ခိုတွေ၊ ကျီး ကျွေးစဉ် ဤဂါထာလေး ရွတ်ပွားပြီး
ဆောင်ရွက်ပါကလည်း ထူးခြားပါ၏။
“ဥုံ အကု အကု ဗုဒ္ဓေါပိယ ဓမ္မောပိယ၊ သံဃောပိယ ဣစ္ဆာသယ အာလောက် အာလောက်
အာလောက်” ဟု ၃၇ ခေါက် ရွတ်ဆိုပြီး ကျွေးပါကလည်း ထူးခြားပါ၏။
တကယ်လိုချင် တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ပါ၏။ ယုံကြည်မှုသာ အရေးကြီးပါ၏။
ဂုဏ်တော် တစ်ပါးပါး ပွားပြီး မေတ္တာပို့လွှတ်ကာ ဆောင်ရွက်ပါ။ ဒါနပြုပါ။ ပိုပြီး
သိသာပါ၏။ ဆောင်ရွက်ကြည့်ပါ။ လက်တွေ့ပါပဲ။

Comments
Post a Comment