သိုက်ဆက်များအကြောင်း


၁ မွေးရာပါ အစောင့်ကောင်းတွေ ပါလာတတ်သည်
၂ အသန့်အရှင်း အလှအပ ကြိုက်တတ်သည်
၃ မာန်ရှိပြီး မာနမရှိသူများ
အိမ်မက်ထဲ(သို့) အပြင်မှာ အစောင့်အရှောက်တွေကိုသိနိုင်မြင်နိုင်သည်
၅ ဆိုင်းသံ ဗုံသံကြားက ဝမ်းနည်းသလိုလို ပျော်ရွှင်သလို ဖြစ်တတ်ပါသည်
၆ အတိတ်ဘဝမှာလင်ယောင်္ကျားသို့ဇနီးသားသမီးကျန်ခဲ့လို့ရှိရင် အိမ်ထောင်ပြုဖို့ ခဲယဉ်းတတ်ပါတယ်အိမ်ထောင်ပြုသော်လည်း သားသမီးမထွန်းကားတတ်သလို အိမ်ထောင်ရေးအဆင်မပြေသူ များ၏
၇ လူချစ်လူခင် ပေါများတတ်သည်
၈ အစွဲအလမ်း ကြီးတတ်သည်
၉ ဘာသာရေး အလှူဒါနကောင်းမူကုသိုလ်လည်းဝန်မလေးတတ်ပေ
၁၀ သနားကြင်နာတတ်သလို မုန်းပြီဆိုက လှည့်မကြည့်တတ်ပေ
၁၁ ခေါင်းတခြမ်းအမြဲကိုက်တတ်သည်
၁၂ တစုံတခုဖြစ်ပျက်မည်ကို ကြိုသိနေတတ်ပြီး ပြောလိုက်ရင်မှန်နေတတ်သည်
၁၃ အတိတ်ဘဝမှာ လင်ယောင်္ကျားမိန်းမကျန်ခဲ့သူများက အိမ်မက်ထဲလာရောက်ပေါင်းသင်းတတ်ပြီးအတွေ့အထိခံစားမူမှာ အပြင်လက်တွေ့ထက်ပိုသာယာတတ်ကြသည်
၁၄ အိမ်မက်ထဲ လူရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရဘဲ ဝိုးတဝါးသာမြင်ရတတ်သည်
၁၅ အချို့သောသူတို့မှာ တခါတရံဝင်ပူးကပ်စီးပြီး သူတို့ဖြစ်ချင်တာတွေကို ပြောပြတတ်ကြပါသည်။
၁၆ အမဲသားစားခြင်းအကုသိုလ်ဖြင့် အသက်မွေးကြလျှင် ဒုက္ခမျိုးစုံတွေစီးပွားအိမ်ထောင်ပျက်စီးတာများသည်။
၁၇ မျက်နှာပြင်ကသူများထက်ထူးခြားတတ်ပြီး ရုပ်ပြောင်းတတ်တယ်တခါတရံငေးငိုင်နေပြီး တစ်နေရာရာ တခုခုလွမ်းမောနေသလို ခံစားရသည်။
အထက်ပါ သိုက်ဆက်နီးသူများမှာ အကုသိုလ်ကင်းပြီး ဘာသာတရားအလေးထားယုံကြည်စွာလုပ်ကြလျှင် ထူးထူးချမ်းသာသူများဖြစ်ကြပါသည်။
ဘုရားရှိရင် နဂါးရှိတယ်
သိုက်ဆက်မှန်သမျှဘာသာရေးသာများများလုပ်ပေးပါ။
မိမိကိုယ်မိမိ သိုက်ဆက်လို့ထင်နေမြင်နေပြီလို့ စိတ်ကယူဆနေရင်ရည်မှန်းပီးမေတ္တာပို့အမျှဝေ၊ပဌာန်းဆက်နီးလာရင်သူတို့ကိုယ်တိုင်အသိပေးလာလိမ့်မယ်၊အဲ့ဒီအခါကျမှဆရာကောင်းသေချာရွေးချယ်ပြီးမေးမြန်းစေလိုပါသည်။ပဌာန်းဆက်မှန်သမျှမိမိသိုက်ဆက်ကိုယ်တိုင်တွေ့ရှိကြပြီးပျော်ပျော်ပါးပါးသာသနာပြုနိုင်ကြပြီးနောင်ပွင့်မည့်အရိမေတ္တယျ မြတ်စွာဘုရားကြီးအားဦးစွာဖူးမျှော်ကြပီးကျွတ်တမ်းဝင်နိုင်ကြပါစေ
မိမိတို့ဝေနေကြ၃၁ဘုံလဲအမျှပေးဝေပါ
သံသရာအမျိုးတွေအတွက်အောက်ပါအတိုင်း သီးသန့်ဝေပေးပါကထူးခြားလာလိမ့်မည်
သီးသန့်အမျှ ပေးခိုင်းခြင်းဟာအများစု ၃၁ဘုံလိုဝေလိုက်တော့အများကတိုးဝှေ့လုယက်ပြီးအမျှကိုယူရတယ်တိုးနိုင်လုနိုင်သူသာရပြီး မိမိအမျိုးတွေထဲ မလုမတိုးနိုင်သူတွေမရပါဘူးဒါကြောင့်မိမိသံသရာကဆွေတော်မျိုးတော်များအတွက်သီးသန့်ပေးဝေလိုက်တော့အခြားသူများက ဝင်လုမရတော့ဘူးမိမိပေးသောအမျှရကြသောအခါ သူတ်ို့မှာလဲ ကံမ္မသိဒ္ဓီဘုန်းတန်ခိုးတွေရသွားပြီးမိမိကိုအရင်ထက်ပိုစောင့်ရှောက်သွားနှိုင်သလိုကျွတ်လွတ်သွားနိုင်ပါသောကြောင့်သီးသန့်အမျှဝေခိုင်းခြင်းဖြစ်ပါသည်
***သံသရာအစမှယခုဘဝထိအောင်တော်စပ်ခဲ့ကြပြီးမကျွတ်လွတ်သေးသောဆွေတော်မျိုးတော်များသိုက်နန်းရှင်အပေါင်းနှင့် လက်ရှိဘဝတွင် စောင့်ရှောက်နေကြကုန်သော နာမ်လောကမှ ပုဂ္ဂိုလ်အပေါင်းတို့အားမိမိသံသရာအစမှယခုဘဝ ယခုချိန်အထိ ပြုခဲ့သောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တို့အား အမျှ ပေးဝေသင့်ပါသည်။
သိုက်ဆက်မှန်ရင် အမဲသားမစားပါနဲ့ အကုသိုလ်ဖြင့်အသက်မွေးခြင်းရှောင်ပါ ဘာသာရေးအလေးထားလုပ်ပါ။

Telegram Link - https://t.me/+D-dLN8Pgm7szNDU1 Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en Facebook Page Link - https://www.facebook.com/profile.php?id=100089971632803


 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ