သိုက်ဆက် နှင့် သိုက်အကြောင်း



သိုက်အကြောင်းသိလိုသူများအတွက်မေတ္တာစေတနာတရားများထားပြီးခက်ခဲနက်နဲသောမမြင်ရသောအကြောင်းတရားများကိုသိစေရန်အတွက်သာရေး သား ထားခြင်းဖြစ်ပါသည်သိုက်ကနေ လူ ဖြစ်လာလျှင်သာသနာပြုကိစ္စရပ်များနှင့် အလှုဒါနများပြုလုပ်ရန်အဓိက ဖြစ်ပါ တယ်။သိုက်နှင့်ပက် သက် သော အဆ က် အနွယ်များကို ယေဘုယျအားဖြင့် (၃ )မျိုးခွဲထားပါတယ်။ ၁။ သိုက်ဆက်၂။ ဘဝဆက်၃။ ပဌာန်ုးဆက်၁။ သိုက်ဆက်သိုက်ဆက်ဆိုတာ သိုက်ကနေ ချက် ချင်းလူလာဖြစ်တာပါ။ သိုက်နှင့်အနီ းစပ်ဆုံး လူ မျိုး။(တချိုဆို သိုက်မှာရှိတဲ့ရုပ်နဲ့တောင် အတော်တူကြပါတယ်)၂။ ဘဝဆက်ဘဝဆက်ဆိုတာ သိုက်ကနေလာပြီး ကောင်းမှုကုသိုလ်များများလုပ်လို သိုက်ကို မပြန် ရဘဲ လူ ဆက်ဖြစ်တာ နှင့် ဘဝတခုမှာ သိုက်နန်းရှင် လူဖြစ်တဲ့အချိန်မှာ ကူညီပေးခဲ့တဲ့လူ တနည်းအားဖြင့် သိုက်က ဆက်သွယ်လိုရတဲ့လူမျိုး။ သိုက်ဆက်များကို လူ့ပြ ည်တွင် မွေးဖွားပြီး ခေါ်ဆောင်ပေးရသော သံတမန် များဟုခေါ်လိုရသည်။၃။ ပဌာန်းဆက်ပဌာန်းဆက်ဆိုတာ မိသားစုတခုမှာ အဖေ၊အမေ၊ အမ၊အကို၊ညီ၊ညီမ စသဖြင့် တော်စပ်ဖူးသဖြင့် ကောင်းမှုကုသို လ်ပြုလုပ် ပေးရန် အလိုဌာသို က် များမှ ပြန်လည်ဆက်သွယ်လိုရသောလူမျိုးဆိုပြီး ၃ မျိုး ရှိပါတယ်။အထူးသဖြင့်သိုက်ဆက်များ၏ အိမ်ထောင်ပြုခြင်းများကို သက်ဆိုင်ရာသိုက်ချုပ် သိုက်နန်းရှင်များ၏ခွင့်ပြုမှုဖြင့် ရယူပေးထားတာပိုမိုကောင်းပါတယ်။ သက်ဆိုင်ရာအကြီ းအကဲများကိုအသိမပေး ခွင်ပြုချက်မရဘဲစောစီးစွာ အိမ် ထောင်ပြု လိုမသင့်တော်ပါ။ ပြုမိပါက ခလေးရပီး အိမ်ထောင်ကွဲလျှင်သော် ၎င်း၊လူမှုစီးပွားပျက်ပြားခြင်းဖြင့်၎င်း၊ အိမ်ထောင် ပျက်စီးတတ် ပါတယ်။(အခြားရေးသားလိုမကောင်းတဲအချက်တွေလည်းရှိပါသေးတယ်)ချွင်းချက်အနေနဲ့သိုက်တူသူများသည်စောစီးစွာအိမ် ထောင် ပြုခွင့်ရှိပါသည်။ နောင်ပွင့်တော်မူမည့် မေတ္တယျမြတ်စွာဘုရား အား ဖူးတွေ့နိုင်ရန် မြတ်သောအကျင့်သီလ ဆောက်တည်ပီး နေကြသောရည်မှန်းချက်တူသော ဆုပန်ထားကြသူများ ဖြစ်ကြသောကြောင့်ပါသိုက်နန်းများမှ လာပြီး လူ့ဘဝ လာခြင်းသည် သာသနာပြု ရင်းကုသိုလ်တရားများလာစုနေကြခြင်းပါ။သိုက်မှာ ကျန်ခဲ့တဲ့ အဖေ ာ်တွေ က လူဖြစ်နေတဲ့ အဖော်ဆီက ကုသိုလ်အမျှတန်းပေးဝြေခင်းကိုစောင့်မျှော်နေတဲ့သူတွေပါ။ သိုက်ဆက်များကို သိုက်ကလာကြောင်းသိစေလိုလျှင် ၁၃ နှစ်ကနေ ၂၃ နှစ်အတွင်း အိပ်မက်သော်၎င်း၊ ဆရာများနှင့်သော်၎င်း၊ရအောင်ဆက်သွယ်တတ်ကြပါတယ်။ မိမိကိုယ်တိုင်လည်းသိနိုင်ပါတယ်။
နိဂုံးချုပ်ပြောကြားလိုသည်မှာမိမိသည်အမှန်တကယ်သိုက်ဆက်မှန်ုးသိလျှင် သိုက်ဆက်ဖြစ်ခဲ့လျှင်အလှူတန်းများများလုပ်ပါ ။အလှူရေစက် လက်နဲ့ မကွာပြုလုပ်ပီးဘဝဟောင်းကဆွေမျိုးများအားကုသိုလ်အမျှပေးဝေပေးပါ။ မလိုအပ်ဘဲသိုက်ကြိုးမဖြတ်သင့်ပါ။ (နေရာတကာဟိုပူးဒီပူးမလုပ်သင့်ပါ )နေ့စဉ်မေတ္တာပို ကုသိုလ်ပြုအမျှပေးဝေပေးပါ။မိတ်ဆွေများအနေဖြင့်သိုက်နန်းရှင်များ ကိုယ်ထင်ပြလျှငလည်းကောင်း အိပ်မက်ပေးလျှင်လည်းကောင်း ဝင်ပူးခဲ့လျှင်လည်း ကောင်း ကြောက်စရာမလိုအပ်ပါ။အကူညီပေးချင်လိုအလှူလိုချင်လို လူတွေအနားမှာသူတိုခေတ္တနေတာပါ။ သူတိုသည်အမြဲတမ်းမပူးကပ်ပါ။စိတ်ထဲမှာ ဘုရား တရား ကုသိုလ် အမြဲလု ပ်ချင်နေအောင်သတိပေးနေတာပါ။သိုက်က ပြန်ခေါ်တယ်ဆိုတာ ကတိသစ္စာမတည်သူ ဘုရားတရားမမြဲ၊ ၅ ပါးသီလမလုံခြုံ (သူတပါးဘဝတွေ ဖျက်ဆီး)က တိအမြဲလိုလို ချိုးဖောက်နေသူများသာ ပြန်ခေါ်တာပါ။တကယ်အေရးကြီးတာ သီလမြဲပြီးအလှူဒါန မြဲမြံစွာ ပုံမှန်လေးလုပ်ပါ။ တချိုက ၁ နှစ် ၁ကြိမ် စိတ်ကူးပေ ါက်မှသာ အလှူတန်းလုပ်ကြပါတယ်။ ၁၀၀ လှူသည်ဖြစ်စေ၊၁၀၀၀ လှူသည်ဖြစ်စေ အမြဲတန်းလှူတန်းပေးနေပီးသိုက်များအား ကုသိုလ်အမျှပေးဝေသင့်ပါသည်။ သမ ထဝိပဿနာ၊ ပုတီးစိပ်ခြင်းများများလုပ်ပါ။၅ မိနစ်ထိုင်သည်ဖြစ်စေ၊ ၁၀ မိနစ် ထိုင်သည်ဖြစ်စေ အချိန်သတ်မှတ်ပြီးထိုင်တာထက် စိတ်တည်ငြိ မ်မှုကဘဲ အဓိ က ပါ။ နှလုံး သားထဲမှာဘုရားတည်ပါ။ဒါလေးတွေမှန်မှန်လေးလုပ်နေပးနေမယ်ဆိုရင်စိတ်သည် အေးချမ်းမှု ရှိနေပါလိမ့်မယ်။ချွင်းချက် အနေနဲ့ကတော့ ဆိုင်းသံ၊ ဗုံသံ ကြာ းလျှင် စိတ်ထဲ ငိုချင်သ လို ဖြစ်လာတာက ဘဝ ဟောင်းက အဖော်တွေက သူတိုကို သိစေချင်တဲ့စိတ်လေးနဲ ကုသိုလ်အမျှ ပေးဝေပေးဖိုသတိရစေရန်ခေတ္တ ခနပူ းကပ်လာတတ်တဲ့သ ဘောပါ အသိပေးတာပါသူတိုအတွက်အလှုဒါနပြုပေးဖိုပါ”လူဖြစ်ရတဲ့ရည်ရွယ်ချက်က ကုသိုလ်တရားတွေများများပြုဖိုပါဘဲ ၇ရက်သားသမီးအပေါင်းချမ်းသာသုခရရှိကြပါစေစီးပွားဥစ္စာများဒီရေအလားတိုးတက်ကြပါစေ။

Telegram Link - https://t.me/+D-dLN8Pgm7szNDU1 Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en Facebook Page Link - https://www.facebook.com/profile.php?id=100089971632803



 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ