သူရိယကားချပ်  -  မိဿရာသီ

The Sun  -  ARIES


မိဿရာသီ၊ ရာသီစက်ဝန်း၏ (၁၂)ရာသီမှ ပထမရာသီဖြစ်ပါသည်။ သိုးထီး Ram ဟု အမည်ရပြီး တေဇော (မီး)ဓာတ်ရာသီဖြစ်ပါသည်။ ၎င်းမှညွှန်ပြသည်မှာ အပြုသဘောဦးဆောင်မှုဖြစ်ပါသည်။ ထိုလူများသည် အကောင်းဆုံးအနေဖြင့် မိမိကိုယ်ကို ထိန်းသိမ်းနိုင်ပြီး အစိုးရသလို အခြားသူများအပေါ်လည်း အလားတူဖြစ်ပါသည်။ နေမင်းသည် မိဿရာသီတွင် အမြင့်ဆုံးဥုစ်အိမ် ဖြစ်ပါသည်။ အင်အား၊ လှုပ်ရှားမှုနှင့် ရှင်သန်မှုတိုကို ပေးပါသည်။  ကျွန်ုပ်တိုသည် မိဿရာသီကို သူရိယကားချပ်ဖြင့် သတ်မှတ်ထားပါသည်။


မီးနိမိတ်သင်္ကေတများ


စိတ်အားထက်သန်မှု၊ ထွင်နိုင်စွမ်း၊ ယှဉ်ပြိုင်နိုင်စွမ်း၊ လှုဆော်မှု၊ တက်ကြွမှုနှင့် ဒေါသကြီးမှုတိုသည် မီးနိမိတ်လက္ခဏာများဖြစ်သည်။ ဒေါသထွက်လာသော်လည်း ခွင့်လွှတ်ရန် မြန်သည်။ မီးနိမိတ်သင်္ကေတသမားများသည် အကန့်အသတ်မရှိ တက်ကြွမှုရှိသော ထက်မြက်သော စူးစမ်းရှာဖွေသူများဖြစ်သည်။ ၎င်းတိုသည် ရုပ်ပိုင်းဆိုင်ရာ အစွမ်းထက်ပြီး အခြားသူများကို လှုဆော်မှုအဖြစ် လုပ်ဆောင်ကြသည်။ မီးနိမိတ်အောက်တွင် မွေးဖွားလာသူများသည် ဉာဏ်ရည်ဉာဏ်သွေး၊ မိမိကိုယ်ကို သိရှိနားလည်မှု၊ တီထွင်ဖန်တီးနိုင်မှု၊ စိတ်ကူးယဉ်ဆန်မှု၊ ပြုမူလုပ်ဆောင်ရန် အမြဲအသင့်ဖြစ်နေသည်။ Aries, Leo, နှင့် Sagittarius တိုသည် မီးနိမိတ်လက္ခဏာများဖြစ်သည်။


The Sun Card အတွက် ဟောကိန်းအချို


The Sun Card ကျသည့်အခါ ကံကြမ္မာတွင် ထူးခြားကောင်းမြတ်သောကာလတစ်ခုဖြစ်လာခြင်း၊ အောင်မြင်ကံကောင်း ချမ်းသာခြင်းနိမိတ်ကိုဆောင်ပါသည်။ ကံညံ့ခြင်းမှ ရုတ်တရက်ကံကောင်းခြင်း အလင်းဖြာထွက်လာသည့် သဘောမျိုးဖြစ်သည်။ လက်ရှိတွင် ကံဆိုးခက်ခဲမှု မည်မျှပင်ရှိနေစေကာမူ ကံကောင်းခြင်းတိုဖြစ်ပေါ်လာပါလိမ့်မည်။ 

The Sun Card ကို အနုပညာစန်းပွင့်လိုသူများ အဆောင်အနေဖြင့် ဆောင်ထားပြီးအသုံးပြုလိုရပါတယ်။

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ