တနင်္ဂနွေနေ့တွင်သာ ပြုလုပ်ရသည့် သခွား သကြား လာဘ်တွေပွား အစီအရင်
တနင်္ဂနွေနေ့တွင်သာ ပြုလုပ်ရသည့် သခွား သကြား လာဘ်တွေပွား အစီအရင်
ဘာလုပ်လုပ်အဆင်မပြေ စီးပွားပျက် လာဘ်တိတ်နေသူများ၊ အလုပ်မရလို့ စိတ်ညစ်နေသူများ၊ ဘာရောင်းရောင်း အစကောင်းပြီး နောက်ပိုင်းအရင်းပြုတ်နေသူများ၊ လှေလှော်ရင်းနစ်နေသူများအတွက်ပါ။
တနင်္ဂနွေနေ့ နံနက် ၉နာရီမှ ၁၀နာရီခွဲအတွင်း မိမိအိမ်ဘုရားကျောင်းဆောင်တွင် ပန်းကန်ပြားတစ်ချပ်ပေါ်မှာ သခွားသီးကို အကွင်းလိုက်လှီးပြီး ၉စိတ်တင်ပါ။ ထိုသခွားသီးပေါ်ကို သကြားဖြူးပြီး ဘုရားကပါလှူပါ။ ဖယောင်းတိုင် ၃ တိုင်၊ အမွှေးတိုင် ၃ တိုင် ထွန်းပြီး “အရဟံသိဒ္ဓိလာဘံ” ဟူ၍ ပုတီး ၃ပတ်စိတ်ပါ။ မိမိအလုပ်အကိုင်အဆင်ပြေစေရန်၊ လာဘ်ပွင့်စေရန် လေးလေးနက်နက် ဆုတောင်းပါ။ သခွားသီးပန်းကန်ကို ၁၂နာရီနောက်ပိုင်း စွန့်ပြီး မိသားစုစားသုံးနိုင်ပါတယ်။ မိမိအိမ်မှာ ယပ်တော်ရှိပါက ဘုရားအားယပ်ဖြင့် မနက်တိုင်း ၉ကြိမ်ခပ်ပေးပါ။ ယပ်ခပ်နေစဉ် “ဧဟိဓနံ၊ ဧဟိလာဘံ၊ ဧဟိ ဧဟိ” ဟု ၉ခေါက် ရွတ်ဆိုပါ။ တနင်္ဂနွေ ၃ပတ်ပြုလုပ်ပါ။
Read More -
Telegram Link - https://t.me/+D-dLN8Pgm7szNDU1
Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en
Facebook Page Link - https://www.facebook.com/profile.php?id=100089971632803
https://aungnaingmaw.blogspot.com/

Comments
Post a Comment