ကံ"လုံသူ၏အဖြစ်သို့ပုံဖေါ်ပါ


ကံ"လုံသူ၏အဖြစ်သို့ပုံဖေါ်ပါ

စိပ်ပုတီး စတင်၍ ကိုင်တွယ်ပြီဆိုလျှင် မိမိမှမဖြစ်မနေ ကံငါးပါးတို့ကိုလုံခြုံစွာဖြင့် ထိန်းသိမ်းသူ စောင့်ရှောက်သူ၏ အဖြစ်သို့ ကူးပြောင်းရလေ၏။ ငါးပါးသော (ဘုရားရှင်ဟောကြားတော်မူသော) သီလတော်မြတ်ကိုမကျိုး မပျက် မပြောက် မကျား ခိုင်မာစွာဖြင့် ဆောက်တည်ရလေ၏။ သီလအရာ၌ ခိုင်မာသူ ဖြစ်မှသာလျှင် မိမိ၏နှုတ်မှထွက်သော စကားလုံးတိုင်း၌ "အား"ဟူသော ပံ့ပိုးမှုသမာဓိသည် ခိုင်မာလေ၏။

သီလအားကောင်းသူ၏ နှုတ်ထွက် စကားတိုင်း၌ နတ်ကောင်း နတ်မြတ်တို့၏ အငွေ့အသက်တို့ဖြင့် ဝန်းရံနေလေ့ ရှိလေ၏။ ပညာလိုလားသူတို့သည် သီလဟူသော ပင်မမဏ္ဍိုင် ရေသောက်မြစ်ကို ခိုင်မာစွာဖြင့် စိုက်ထူရလေ၏။ သီလကင်း၍ ပညာ မဖြစ်နိုင်ပေ။

သီလ သမာဓိ ပညာဟု ဘုရားရှင် ဟောတော်မူ၏။ သီလသည် မိမိနေထိုင်သော အိမ်၏ ခြံစည်းရိုးပမာ လုံခြုံစွာ တည်ဆောက်ရလေ၏။ မိမိ၏ခြံဝိုင်းကို လုံခြုံစေခြင်းဖြင့် အဖျက်ဓါတ်ဟူသမျှတို့ကို နှုတ်သိမ်းရလေ၏။ သီလသည် ကိုယ်ခံပညာ တစ်ခု ဖြစ်ပါသည်။ မရှိမဖြစ် ဆောက်တည် ရလေ၏။ အဓိဋ္ဌာန်ပြုရာ သစ္စာဆိုရာ၌ သီလဟူသော ဘောင်အနားကွပ် မပါလျှင် "အား" ဟူသော သတ္တိထူးသည် ကင်းဆိတ်လေ၏။ သစ္စာဆိုတိုင်း သစ္စာပြုတိုင်း အား ပါ မပါ ဆန်းစစ်ဖို့ လိုအပ်ပေ၏။

ဥပမာ..အကျွန်ုပ်သည် မွေးဖွားပြီး လူမှန်းသိစ အချိန်မှစ၍ယနေ့တိုင် (လူ၏အသားတို့ကို) မစားသုံးဘူးပါ၊ ဤသစ္စာစကား မှန်ကန်ပါက၊ အောင်ဘာလေ ထီဆုကြီး ပေါက်ပါစေဟု သစ္စာဆို၍ သစ္စာပြု၍ ထီထိုးလေ၏။ သို့သော် ထီကား တစ်ကြိမ် တစ်ခါမျှ မပေါက်ပေ။ မှန်သောစကား ဖြစ်သော်လည်း သစ္စာ၏ အားသည် မစူးရောက်ခြင်း ဖြစ်ပါသည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အဖြေကား ရှင်းပါသည် မိမိဆိုသော သစ္စာ၏ဘောင် အနားကွပ်၌ ကုသိုလ်တရား၏ အကျိုးပေးအကြောင်းခံ မရှိသောကြောင့် ဖြစ်ပါသည်။

ဥစ္စာစည်းစိမ်ဟူသမျှသည် ဒါနကို အခြေခံ၍ဖြစ်သည်ဟု ဘုရားရှင် ဟောတော်မူ၏။ မိမိဆိုသော သစ္စာစကား၌ ဥစ္စာရကြောင်းတစ်လုံး တစ်ပါဒမျှ ပါဝင်ခြင်း မရှိသည်မှာ ထင်ရှားပါသည်။ ထို့ကြောင့် သစ္စာဆိုရာ သစ္စာပြုရာ၌ လိုအပ်သောကုသိုလ်၏ပံ့ပိုးမှု့အားသည် ရှိရသည်သာဖြစ်လေ၏။ သစ္စာဟူသည်၊ ဟန်ချက်ညီ၊ တူညီသောအား၊ ပံ့ပိုးငြား၊ မလွဲ အောင်မြင်ရာဟု ရှေးလူဟောင်းကြီးများ ဖေါ်ညွှန်းခဲ့လေ၏။

သစ္စာဆိုရာ၌ ပံ့ပိုးမှု့ ကုသိုလ်အားနှင့်ညီညွှတ်သောအကြောင်းအရာတို့ဖြင့် သစ္စာပြုရမည်။ သစ္စာဆိုရမည်ဟု ဆိုလိုခြင်းပင် ဖြစ်ပါသည်။ "ကံ"လုံသူ၏ သစ္စာဆိုခြင်းသည် ပိုမို၍စူးရောက်ခြင်း ဖြစ်သည်မှာ ငြင်းဖွယ်မရှိပါ။ လောကီပညာ၏ ဂမ္ဘီရနယ်ပယ်၌ သစ္စာဆိုခြင်း သစ္စာပြုခြင်းများစွာတို့ ပါဝင်နေသောကြောင့် မိမိသည် "ကံ"လုံသူ၏ အဖြစ်သို့ မဖြစ်မနေ စိတ်ရောကိုယ်ရော အသွင်ရော သဏ္ဍာန်ရော ပြောင်းလဲရမည် ဖြစ်ပါသည်။

တစ်စတစ်စဖြင့် မိမိ၏ စိတ်နေစိတ်ထားနှင့် ဗီဇ စရိုတ် အကြိုက်တို့ကို ဓမ္မ၏ ဘောင်ထဲသို့ ပို့ရမည် ဖြစ်ပါသည်။
ကြိုးစားကြပါကုန်..။

ဦးဘုန်းအောင်မြတ်


Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ