စ.ဓ.ဗ.ဝ ဂါထာတော်
စ-စက္ခုမာ စရ မာစိဏ္ဏော
စက်ခုမာ-ဒိဗ်ဗစက်ခု ပညာစက်ခု ဗုဒ်ဓစက်ခု
သမန္တစက္ခု ဓမ္မစက္ခု ဟူသော စက္ခုငါပါးနှင့်
ပြည့်စုံတော်မူသော


စရမာစိဏော-အကုသိုလ်အဖို့မှဝေးကွာအောင်ကြင့်ကြံအပ်ပြီးထသော


ဓမ္မညူ-သိစရာမှန်သမျှတရားအဖုံဖုံအလုံးစုံကိုသိတော်မူသော


ဓမ္မသာမိကော-ဓမ္မခန္ဓာပေါင်းရှစ်သောင်းလေးထောင်သောတရားတို့၏ပိုင်ရှင်ဖြစ်တော်မူသော


ဗလူပေတော-နိဗ္ဗာန်တည်းဟူသောကမ်းတဘက်သို့လှမ်းတက်တော်မူပြီးထသော


ဗလဓရော-အားဆယ်ပါးကို ဆောင်တော်မူပြီးထသော
ဝရတော-အမြတ်ခေါင်မှူးပုဂ္ဂိုလ်ထူးဖြစ်တော်မူသော
တဿဘဂဝတော-ထိုမြတ်စွာဘုရားအား


နမော-ရှစ်ခိုးပါ၏


တေ-ထိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်
မေ-တပည့်တော်အား


ဝရံ-ဆုထူးဆုမြတ်အပေါင်းကို


ဒေတု-ရွှင်ပြုံးကြည်စွာပေးသနားတော်မူပါ
မြတ်စွာဘုရား


စ...စစခပ်သိမ်းဘေးရန်ငြိမ်းအေးကိန်းရောက်ပါစေ
ဓ...ဓနဘောဂံ ရွှေငွေလျှံ ဧကံကြွယ်ဝဖြိုးပါစေ
ဗ...ဗလအင်အားလွန်ကြီးမားကျော်ကြားနိုင်ပါစေ
ဝ...ဝိဇ္ဇာနတ်များ ကြင်နာပွား ဆေးများ အင်းများ ထက်ပါစေ
Telegram Link - https://t.me/+D-dLN8Pgm7szNDU1
Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en
Facebook Page Link - https://www.facebook.com/profile.php?id=100089971632803


Comments
Post a Comment