၂၀၂၃ ခုနှစ်အတွင်း ကံအကောင်းဆုံး ရာသီခွင်များ


Aries (မိဿရာသီခွင်) (မတ် ၂၁ မှ ဧပြီလ ၂၀ ရက်)
မိဿရာသီခွင်များက အရင်ကထက်ပိုပြီး ငွေကြေးပိုင်းဆိုင်ရာတွင်လည်း အဆင်ပြေနိုင်ပါတယ်။ မိတ်ဆွေကောင်း၊ ဆရာကောင်းများထံမှ အကူအညီကောင်းများရတတ်ကာ ကံကောင်းခြင်းများစွာ ကြုံတွေ့ရတတ်ပါတယ်။ မိမိကြိုးစားနေတဲ့အရာတွေ၊ အကောင်အထည်ဖော်စရာကိစ္စများတွင်လဲ အခက်အခဲ အနှောက်အယှက်တွေအကြားကနေ အောင်မြင်လာနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

Gemini (မေထုန်ရာသီခွင်) (မေလ 22 မှ 21 ဇွန်လ)
မေထုန်ရာသီခွင်များအနေဖြင့် ကိုယ်မျှော်မှန်းတာတွေဖြစ်လာဖိုအတွက် အခွင့်အလမ်းတွေ ပေါ်ပေါက်လာမယ်။ နိုင်ငံရပ်ခြားခရီး၊ ခရီးသွားလာတာနဲ့ပတ်သတ်ပီး အထူးကောင်းမွန်တယ်။ မိသားစု၊ ပေါင်းသင်းဆက်ဆံရေးပိုင်းတွေ,၊ အထက်လူကြီး။ အကြီးအကဲ၊ ရုံးဌာနဆိုင်ရာတွေနဲ့ လုပ်ကိုင်ရတဲ့လုပ်ငန်းတွေမှာ တိုးတတ်လာတတ်ပီး ဉာဏ်ကိုလွှာသုံးပါက ကံအကောင်းဆုံး နှစ်တစ်နှစ်ဖြစ်နိုင်ပါတယ်။ ဝင်ငွေတိုးပွားလာပြီး ငွေကြေးများ စုဆောင်းနိုင်မယ့် အနေအထားထဲမှာ ရှိပါတယ်။
Leo (သိဟ်ရာသီခွင်) (၂၃ ဇူလိုင် ၂၃ မှ သြဂုတ် ၂၁ ရက်)
သိဟ်ရာသီခွင်များအနေဖြင့် လက်ရှိမိမိကြိုးစားနေတဲ့အရာတွေ၊ အရင်ကတည်းက ရည်ရွယ်ထားတဲ့ကိစ္စတွေ တော်တော်များများ ဒီနှစ်ပိုင်းတဲ့မှာ လက်တွေ့အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပီး ကိုယ်ကိုယ်တိုင်ပြောင်းလဲမှုကို တွန်းလှန်နိုင်မှ အောင်မြင်မှုရနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရှာဖွေတွေ့ရှိပြီး ယုံကြည်မှုတွေ တိုးပွားလာမယ့် အနေအထားကိုမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ဖူးစာရှင်နဲ့ဆုံတွေ့နိုင်ပြီး လေးနက်တဲ့အချစ်များ ပေါ်ပေါက်လာနိုင်ပါတယ်။

Libra (တူရာသီခွင်) (စက်တင်ဘာ 24 မှ 23 အောက်တိုဘာလ)
တူရာသီခွင်များအနေဖြင့် ကံကောင်းခြင်းတွေ အောင်မြင်ခြင်းတွေက စောင့်ကြိုနေပြီး အချစ်ရေးကလည်း ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပါတယ်။ အသစ်အသစ်သောအရာတွေနဲ့ ကြုံတွေ့နိုင်ပြီး ရည်မှန်းချက် ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို အခွင့်အရေးတွေ ရလာနိုင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာပြီး ငွေရေးကြေးရေးမှာလည်း အဆင်ပြေလာမှာဖြစ်ပါတယ်။ အချစ်ရေးမှာတော့ စမ်းသပ်ခံ ကာလတစ်ခုဖြစ်နေတာ တွေ့ရတယ်။ နားလည်မှုနဲ့ အပြန်အလှန် သစ္စာရှိပါက သံယောဇဉ်နှောင်ကြိုးတွေ ခိုင်မြဲလာမှာဖြစ်ပြီး အခက်အခဲတွေကို မကျော်ဖြတ်နိုင်ရင်တော့ လမ်းခွဲရမယ့်အနေအထား ကျရောက်နေပါတယ်။

Scorpio (ဗြိစ္ဆာရာသီခွင်) (အောက်တိုဘာ ၂၄ မှ ၂၂ နိုဝင်ဘာ)
ဗြိစ္ဆာရာသီခွင်များအနေဖြင့် ကံအကောင်းဆုံး နှစ်တစ်နှစ် ဖြစ်လာတဲ့ အနေအထားရောက်နေပါတယ်။ ငွေကြေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ပေါက်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် စီးပွားရေးမှာ အောင်မြင်ဖို့ လမ်းစတွေရှိနေပါတယ်။ ချစ်ရေးမှာ အားကောင်းနေပြီး ကိုယ့်ပါတနာနဲ့ ရိုမန့်တစ်ဆန်ဆန်ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။


Taurus (ပြိဿရာသီခွင်)(ဧပြီ ၂၁ မှ မေလ ၂၁ ရက်)
ပြိဿရာသီခွင်များအနေဖြင့် ရွှေ၊ ငွေ၊ ဉစ္စာပစ္စည်းပိုင်ဆိုင်မှု တိုးတတ်လာတတ်ပီး လက်ဆောင်ပစ္စည်းရတာ၊ အိမ်၊ ခြံ၊ မြေ ကား စသဖြင့် ပစ္စည်းကြီးကြီးမားမား ပိုင်ဆိုင်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အောင်မြင်ခြင်းတွေ ရရှိလာပြီး ပျော်ရွှင်မှုတွေပါ ကြုံတွေ့ရတတ်တယ်။ အချစ်ရေးမှာလည်း စန်းပွင့်နေတဲ့ ကာလဖြစ်ပြီး နှစ်ယောက်သား ပျော်ရွှင်စရာကောင်းတဲ့အခိုက်အတန့်လေးတွေ ဖန်တီးဖြစ်တတ်ပါတယ်။












 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ