ဂြိုလ်အိပ် ဂြိုလ်စား မသိသူများ အတွက် ကံကြမ္မာဂြိုလ်ခွင်ခရီးသွား (သိုမဟုတ်) ဂြိုလ်အိပ်ဂြိုလ်စား တွက်နည်းနဲ့ဟောကိန်းများ

ဂြိုလ်သက်ရောက် ဟူသည် (၁)နှစ်လျှင် (၁)ခါ ပြောင်းလဲနေ၏

ဂြိုလ်အိပ်ဂြိုလ်စား ဟူသည် ဂြိုလ်ခွင်မှာ ရှိသော နှစ်အရေအတွက်အလိုက်ဖြစ်၏ ဂြိုလ်အိပ်ဂြိုလ်စား ဂြိုလ်လှည့်သွားခြင်းသဘောမှာ အိမ်လည်သွားသောသူနဲ့ သဏ္ဍန်တူလှ၏

ဖော်ပြပါပုံကိုကြည့်ပါ။


တနင်္ဂနွေဂြိုလ်သက်သည် (၆)

တနင်္လာ (၁၅)

အင်္ဂါ (၈)

ဗုဒ္ဓဟူး (၁၇)

စနေ (၁၀)

ကြာသာပတေး (၁၉)

ရာဟု (၁၂)

သောကြာ (၂၁)

စုစုပေါင်း ၁၀၈


ဒါကို ၁၀၈လုံးသော ဂြိုလ်များဟု ခေါ်၏ ၁၀၈ လုံး ပုတီးကုံးသည်လည်း ဤသို လောကီဆရာများ စတင်ခဲ့၏ (ဘာသာရေးဆိုင်ရာအရ ၁၀၈ စက်လက္ခဏာလည်း ဆို၏) ဂြိုလ်ခွင်များ  လှည့်လည်တွက်ချက်ရာတွင် လက်ယာရစ် လှည့်ရပါသည်။ (မြားပြထားသည့်အတိုင်းဖြစ်၏)

 

 

၁-တနင်္ဂနွေသားသမီး

မွေးဖွားသည်မှ စ၍ ၆နှစ်ပြည့်သည်အထိ

တနင်္ဂနွေသက်ရောက်ဖြစ်၏

၆နှစ်မှ ၂၁နှစ် ထိ တနင်္လာဂြိုလ်အိပ်

၂၁နှစ်မှ ၂၉နှစ် ထိ အင်္ဂါဂြိုလ်အိပ်

၂၉နှစ်မှ ၄၆နှစ် ထိ ဗုဒ္ဓဟူးဂြိုလ်အိပ်

၄၆နှစ်မှ ၅၆နှစ် ထိ စနေဂြိုလ်အိပ်

၅၆နှစ်မှ ၇၅နှစ် ထိ ကြာသာပတေးဂြိုလ်အိပ်

၂-တနင်္လာသားသမီး

မွေးဖွားသည်မှ ၁၅နှစ်ထိ တနင်္လာ

၁၅ မှ ၂၃ ထိ အင်္ဂါ

၂၃ မှ ၄၀ ထိ ဗုဒ္ဓဟူး

၄၀ မှ ၅၀ ထိ စနေ

၅၀ မှ ၆၉ ထိ ကြာသာပတေး

၆၉ မှ ၈၁ ထိ ရာဟု

 

၇၅နှစ်မှ ၈၇နှစ် ထိ ရာဟုဂြိုလ်အိပ်


 

၃-အင်္ဂါသားသမီးများ

မွေးဖွားသည်မှ ၈နှစ်ထိ အင်္ဂါ

၈နှစ် မှ ၂၅ ထိ ဗုဒ္ဓဟူး

၂၅ မှ ၃၅ ထိ စနေ

၃၅ မှ ၅၄ ထိ ကြာသာပတေး

၅၄ မှ ၆၆ ထိ ရာဟု

၆၆ မှ ၈၇ ထိ သောကြာ


၄-ဗုဒ္ဓဟူးသားသမီးများ

မွေးဖွားသည်မှ ၁၇နှစ်ထိ ဗုဒ္ဓဟူး

၁၇ မှ ၂၇ ထိ စနေ

၂၇ မှ ၄၆ ထိ ကြာသာပတေး

၄၆ မှ ၅၈ ထိ ရာဟု

၅၈ မှ ၇၉ ထိ သောကြာ

၇၉ မှ ၈၅ ထိ တနင်္ဂနွေ

 

 

၅-ကြာသာပတေးသားသ္မီးများ

မွေးဖွားသည်မှ ၁၉နှစ်ထိ ကြာသာပတေး

၁၉ မှ ၃၁ ထိ ရာဟု

၃၁ မှ ၅၂ ထိ သောကြာ

၅၂ မှ ၅၈ ထိ တနင်္ဂနွေ

၅၈ မှ ၇၃ ထိ တနင်္လာ

၇၃ မှ ၈၁ ထိ အင်္ဂါ


၆-သောကြာသားသမီးများ

မွေးဖွားသည်မှ ၂၁နှစ်ထိ သောကြာ

၂၁ မှ ၂၇ ထိ တနင်္ဂနွေ

၂၇ မှ ၄၂ ထိ တနင်္လာ

၄၂ မှ ၅၀ ထိ အင်္ဂါ

၅၀ မှ ၆၇ ထိ ဗုဒ္ဓဟူး

၆၇ မှ ၇၇ ထိ စနေ

၇၇ မှ ၉၆ ထိ ကြာသာပတေး

 


 

၇-စနေသားသမီးများ

မွေးဖွားသည်မှ ၁၀ နှစ်ထိ စနေ

၁၀ မှ ၂၉ ထိ ကြာသာပတေး

၂၉ မှ ၄၁ ထိ ရာဟု

၄၁ မှ ၆၂ ထိ သောကြာ

၆၂ မှ ၆၈ ထိ တနင်္ဂနွေ

၆၈ မှ ၈၃ ထိ တနင်္လာ


၈-ရာဟု(ဗုဒ္ဓဟူးညနေပိုင်းမွေးသူ)

မွေးဖွားသည်မှ ၁၂ နှစ်ထိ ရာဟု

၁၂ မှ ၃၃ ထိ သောကြာ

၃၃ မှ ၃၉ ထိ တနင်္ဂနွေ

၃၉ မှ ၅၄ ထိ တနင်္လာ

၅၄ မှ ၆၂ ထိ အင်္ဂါ

၆၂ မှ ၇၉ ထိ ဗုဒ္ဓဟူး

၇၉ မှ ၈၉ ထိ စနေ


ဂြိုလ်အိပ်ဂြိုလ်စားဟောကိန်းများ

***************************

တနင်္ဂနွေဂြိုလ်စားအဟော အဖ အကို အိုးအိမ် အုပ်စု အိမ်တွင်း အိမ်ထောင် အနီရောင် အရိုးတိုသည် တနင်္ဂနွေဂြိုလ်ပရိယာယ်တိုဖြစ်ပါသည်။

ကြာသာပတေးနဲ့ သောကြာသားသမီးအတွက် ကောင်းကျိုးပေးသောမိတ်ဂြိုလ် အင်္ဂါနဲ့ ဗုဒ္ဓဟူးသားသမီးတိုအတွက် မကောင်းကျိုးပေးတတ်သော ရန်ဂြိုလ်ဖြစ်သည်။

ဒီဂြိုလ်ခွင်ရောက်လျှင် ပါပဂြိုလ်ဆိုးဖြစ်သည်နှင့်အညီ အိမ်တွင်းပြဿနာဖြစ်ရခြင်း အုပ်စုပြိုကွဲရခြင်း အလုပ်ပျက်စီးခြင်း အိမ်ထောင်ရေးထိခိုက်ခြင်း ဦးခေါင်းနဲ့အရိုးအန္တရာယ်ရှိခြင်းတို ဖြစ်ပါမည်။

ဒီဂြိုလ်အိမ်ရဲ့အကြိုက်သဘောများမှာ အနီရောင် ပတ္တမြား နှင့် စည်းလုံးညီညွတ်ခြင်းသဘောများ  ဖြစ်ပါတယ်။ အကြိုက်သဘောဆောင်၍နေလျှင် ကောင်းမည်။

တနင်္ဂနွေဂြိုလ်တိုင်ဘုရားမှာ အမွှေတိုင် ၆ ဖယောင်းတိုင် ၆ ပန်းအနီ ၆ လှူဒါန်းပြီးယတြာခြေပါ။


တနင်္လာဂြိုလ်စားအဟော

********************

အမ အမိ ချဲ ငွေ ကျောက်  ကား အချစ် ခြေနှစ်ချောင်း သွေး အကြောတိုသည် တနင်္လာဂြိုလ်ပရိယာယ်များဖြစ်၏။ 

ဗုဒ္ဓဟူးနဲ့ ရာဟုသားသမီးများအတွက် ကောင်းကျိုးပေးသောမိတ်ဂြိုလ် ကြာသာပတေးနဲ့ သောကြာသားသမီးများအတွက် မကောင်းကျိူးပေးမည့်ရန်ဂြိုလ်ဖြစ်သည်။

သောမဂြိုလ်ဖြစ်သည်နှင့်အညီ စန်းပွင့်ခြင်း လူချစ်လူခင်များခြင်း ကူညီမစခံရခြင်း ငွေများစွာဝင်ခြင်း ခြေနှစ်ချောင်းဝင်ခြင်း အလှူတန်းပြုရခြင်း ပျော်ရွှင်ရခြင်းတိုဖြစ်ပါမည်။ သွေးရောဂါ အကြောရောဂါသတိပြုပါ။ 

တနင်္လာဂြိုလ်ရဲ့အကြိုက်သဘောမှာ အဖြူရောင် ပုလဲ မကြွားဝါ မပလွှားပဲ  ရိုးသားဖြူစင်ခြင်းများဖြစ်သည်။ အကြိုက်သဘောဆောင်၍နေလျှင် ကောင်းမည်။

တနင်္လာဂြိုလ်တိုင်ဘုရားမှာ အမွှေးတိုင် ၁၅ ဖယောင်းတိုင် ၁၅ ပန်းအဖြု ၁၅ လှူဒါန်းပြီးယတြာချေပါ။


အင်္ဂါဂြိုလ်စားအဟော

******************

စက်မှု စွတ်စွဲ လွဲမှား ဒေါသ ပယောဂ လူငယ် ကျေးကျွန် ခင်ပွန်း အမှုခင်း ဂုဏ်သိက္ခာ နှင့် အင်္ဂါအစိတ်ပိုင်းတိုသည် အင်္ဂါဂြိုလ်ရဲ့ပရိယာယ်များဖြစ်သည်။  

ကြာသာပတေးနဲ့သေကြာသားသမီးများအတွက် ကောင်းကျိူးပေးသော မိတ်ဂြိုလ်ဖြစ်သည်။ တနင်္ဂနွေနဲ့ရာဟုသားသမီးများအတွက် မကောင်းကျိူးပေးသောရန်ဂြိုလ်ဖြစ်သည်။

ထိုဂြိုလ်သည် ပါပဂြိုလ်ဖြစ်သည်နှစ်အညီ အစွပ်စွဲခံရခြင်း ဂုဏ်သိက္ခာကျအရှက်ရခြင်း ထောင်ခြောက်ဆင်အမှုဆင်ခံရခြင်း ထိတ်ပေါက်ခေါင်းကွဲသွေးထွက်သံယိုခြင်း အချုပ်နှောင်ထောင်နဲ့ ဆေးရုံဆေးခန်းရောက်ရခြင်းတို ဖြစ်ရတတ်ပါသည်။

အင်္ဂါဂြိုလ်၏အကြိုက်သဘောမှာ အနီရင်ရောင် သန္တာကျောက် ငြိမ်းချမ်းရေးနဲ့  တရာနှလုံးသွင်းခြင်းတိုဖြစ်ပါသည်။ အကြိုက်သဘောဆောင်၍နေလျှင် ကောင်းမည်။

အင်္ဂါဂြိုလ်တိုင်ဘုရားမှာ အမွှေးတိုင် ၈ ဖယောင်းတိုင် ၈ အနီရင့်ရောင်ပန်း ၈ လှူဒါန်းပြီးယတြာချေပါ။


ဗုဒ္ဓဟူးဂြိုလ်စားအဟော

*******************

လှည်း လှေ လူ ယဉ် လက်ဝတ် လယ်ယာမြေ ရေလုပ်ငန်း သားသမီး ဦးလေးအဒေါ် အတတ်ပညာ လူလိမ်လူဆင်းရဲတိုသည် ဗုဒ္ဓဟူးဂြိုလ်ပရိယာများဖြစ်သည်။

တနင်္လာနဲ့စနေသားသမီးများအတွက် ကောင်းကျိုးပေးသောမိတ်ဂြိုလ်ဖြစ်၏ တနင်္ဂနွေနဲ့ရာဟုသားသမီးများအတွက် မကောင်းကျိုးပေးသော ရန်ဂြိုလ်ဖြစ်သည်။

ထိုသို သောမဂြိုလ်ဖြစ်သည်နှင့်အညီ လက်ဝတ်ရတနာလယ်ယာမြေများဝင်ခြင်း ပျော်ရွှင်စရာလူများနဲ့ ဆုံတွေ့ရခြင်း အလုပ်အကိုင်နဲ့ရာထူးရာခံတိုးတက်ခြင်း အလှူတန်းများစွာပြုရ၍ ဂုဏ်သတင်းကျောဇော်ခြင်း အိမ်ထောင်ဘက်ကောင်း သားသမီးကောင်းများရ၍ မိသားစုပျော်ရွှင်ရခြင်းတိုဖြစ်ပါသည်။ကျန်းမာရေးမှာ ဝမ်းဗိုက်နဲ့လေနာဥပါဒ်ပေးတတ်သည်။ 

ထိုဂြိုလ်ခွင်၏အကြိုက်သဘောမှာ အစိမ်းရောင် မြကျောက် နှင့် ပရဟိတနဲ့သာသနာပြုခြင်းဖြစ်သည်။ အကြိုက်သဘောဆောင်၍နေလျှင် ကောင်းမည်။ 

ဗုဒ္ဓဟူးဂြိုလ်တိုင်ဘုရားမှာ အမွှေးတိုင်၁၇ ဖယောင်းတိုင်၁၇ အစိမ်းရောင်ပန်း၁၇ လှူဒါန်းပြီးယတြာချေပါ။


ကြာသာပတေးဂြိုလ်စားအဟော

*************************

ပညာ အမွေ စာပေဓမ္မ မိတ်ဆွေ မြေယာ မိန်းမ ဆရာ ရဟန်းနဲ့ ဗဟုသုတမျိုးစုံတိုသည် ကြာသာပတေးဂြိုလ်ရဲ့ပရိယာယ်များဖြစ်သည်။

အင်္ဂါနဲ့တနင်္ဂနွေသားသမီးများအတွက် ကောင်းကျိူးပေးသောမိတ်ဂြိုလ်များဖြစ်ပြီး တနင်္လာနဲ့စနေသားသမီးများအတွက် မကောင်းကျိုးပေးမည့်ရန်ဂြိုလ်ဖြစ်၏

ကြာသာပတေးဂြိုလ်သည် သောမဂြိုလ်ဖြစ်သည်နှင့်အညီ မိတ်ကောင်းဆွေကောင်းနဲ့ ပညာရှိအကြီးကဲ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များရဲ့ ကူညီမစမှုအထူူးခံရပါမယ်။ မြေယာနဲ့မိန်းမကညာရမည်။ သာသနာပြုလုပ်ငန်းများ အထူးအောင်မြင်မည်။ လူမှုနယ်ပယ်မှာဆိုရင် စုတ်ရောလာဘ်ပါ အထူးကောင်းပြီး လောကုတ္တရာနယ်ပယ်မှာဆိုရင်လည်း ကျင့်ကြံကျိုးကုတ်အားထုပ်မှု အောင်မြင်ပေါက်ရောက်ပါမည်။

ကျန်းမာရေးအရ မဖြစ်လျှင်လုံးဝမဖြစ် ဖြစ်လိုက်ရင်တော့အသက်နဲ့နီးနိုင်ပါ၍သတိပြုသင့်သည်။ 

ကြာသာပတေးဂြိုလ်ရဲ့အကြိုက်သဘောမှာ အဖြူရောင် ကြောင်ကျောက်သိုမဟုတ် ဥဿဖရား ကိုယ်ကျင့်တရားကောင်းမွန်ခြင်းနဲ့ အလှူတန်းများပြုခြင်းဖြစ်သည်။ အကြိုက်သဘောဆောင်၍နေလျှင် ကောင်းမည်။

ကြာသာပတေးဂြိုလ်တိုင်ဘုရားမှာ အမွေးတိုင်၁၉ ဖယောင်းတိုင်၁၉ ပန်းအဖြူ၁၉ လှူဒါန်းပြီးယတြာချေလိုက်ပါ။


သောကြာဂြိုလ်စားအဟော

**********************

ခရီးစကား ဇနီးမယားနဲ့ သွေးသား သုပ် သံ အကြံအစည် အသစ်အဆန်း အလှူအတန်းနဲ့  စုတ်စန်းကာမဂုဏ်တိုသည် သောကြာဂြိုလ်ပရိယာယ်များဖြစ်၏ 

တနင်္ဂနွေနဲ့အင်္ဂါသားသမီးများအတွက် ကောင်းကျိုးပေးသောမိတ်ဂြိုလ်ဖြစ်ပြီး စနေနဲ့ တနင်္လာသားသမီးများအတွက် မကောင်းကျိုးပေးမည့်ရန်ဂြိုလ်များဖြစ်သည်။

သောကြာဂြိုလ်သည် သောမဂြိုဖြစ်သည်နှင့်အညီ လူချစ်လူခင်များခြင်း စန်းပွင့်ခြင်း  အလုပ်ကိုင်အခွင့်လန်းများစွာရခြင်း ခရီးဝေးခရီးဆန်းများသွားရခြင်း အိမ်သစ်အိုးသစ် အဆောင်သစ်များ တိုးချဲ့ဆောက်လုပ်ရခြင်း လူပျိူအပျိူတွေ ချစ်သူရ၍ ချစ်သူရှိသူတွေအိမ်ထောင်ကျ၍ အိမ်ထောင်ရှင်တွေ သားသမီးရမည်။ "ကျောင်းထိုင်ဆရာတော်များပင်လျှင် လူထွက်ပြီးမိန်းမယူတတ်သည်"ဟု ရှေးဆရာများအဆိုရှိပါသည်။

ကျန်းမာရေးမှာ သုပ်သွေးနဲ့ အကြောရောဂါသတိပြုပါ။ 

သောကြာဂြိုလ်၏အကြိုက်သဘောမှာ အပြောက်အကြားအရောင် စိန်ထည်ရတနာနဲ့ လွတ်လပ်ပေါ့ပါးစွာ ခရီးများစွာသွားလာခြင်းတိုဖြစ်၏။ အကြိုက်သဘောဆောင်၍နေလျှင် ကောင်းမည်။ 

သောကြာဂြိုလ်တိုင်ဘုရားမှာ အမွေးတိုင်၂၁ ဖယောင်းတိုင်၂၁ ရောင်စုံပန်း၂၁ လှုဒါန်းပြီးယတြာချေပါ။


စနေဂြိုလ်စားအဟော

******************

စနေဂြိုလ်သည် ပါပဂြိုလ်ဖြစ်သည့်နှင့်အညီ မိတ်/ရန် မဟူ အလွန်ဒုက္ခပေးတတ်ပြီး  ကြောက်စရာဂြိုလ်ခွင်ဖြစ်၏။ အနောက်နိုင်ငံသားများက စေတန်ဂြိုလ်နတ်ဆိုးဂြိုလ်ဟု အထိတ်တလန့် အမည်ပေးထားကြသည်။ ထိုဂြိုလ်ခွင်ရောက်ပြီဆိုရင် ပင်ကိုယ်ကောင်းမွန်သောစိတ်တွေ ပျောက်ကွယ်ကုန်ပြီး ပြဿနာများစွာရှာမိတတ်သည်။ အချုပ်အနှောင်၊ ထောင်၊ ဆေးရုံဆေးခန်းတွေနဲ့ ပတ်သက်ကြရမည်။ မိသားစုတွင်း လုပ်ငန်းအုပ်စုတွင်းမှာလည်း ရန်များစွာရှိနေတတ်သည်။ ကြာသာပတေးနဲ့သောကြာသားသမီးများအတွက် အထူးကြောက်စရာကောင်းသော ရန်ဂြိုလ်ဖြစ်ပြီး ဗုဒ္ဓဟူး၊ ရာဟုနေ့သားသမီးတစ်မျိူးထဲသာလျှင် မိတ်ဂြိုလ်ဖြစ်၍ ကောင်းကျိူးအနည်းငယ် ဖြစ်နိုင်ပါသည်။ ကျန်းမာရေးနဲ့ အန္တရာယ်မျိုးစုံဖြစ်နိုင်ပါ၍ အစစအရာရာ သတိထားပါ။

စနေဂြိုလ်၏အကြိုက်သဘောမှာ အနက်ရောင် နီလာကျောက်နဲ့ ရဟန်းသံဃာဘုန်းကြီး  ဝတ်နေခြင်းသာကောင်းဆုံးပါ။ အကြိုက်သဘောဆောင်၍နေလျှင် ကောင်းမည်။

စနေဂြိုလ်တိုင်မှာ အမွေးတိုင်၁၀ ဖယောင်းတိုင်၁၀ ပန်းအနီရင့်ရောင်၁၀ လှူဒါန်းပြီးယတြာချေပါ။


ရာဟုဂြိုလ်စားအဟော

******************

ရာဟုဂြိုလ်သည် လောကဓံ (၈)ပါးအနက် လောကဓံရိုက်နှက်ချက် အများဆုံးနဲ့ အမျိူးအစုံဆုံးဂြိုလ်ခွင်ဖြစ်သည်။ ဝမ်းသာစရာအဖြစ် မရဘူးသောငွေကြေးများစွာဝင်ခြင်း မသုံးဘူးသောပစ္စည်းများသုံးစွဲရခြင်း မရောက်ဘူးသော ဒေသန္တရဗဟုသုတခရီးများ ပျော်ရွှင်စွာသွားလာရခြင်းတိုဖြစ်မည်။ ဒါပေမယ့် လူအတော်များများက အကောင်းရဲ့သဘောကို သတိမမူဘဲ မေ့လျော့စွာခံစားကြရင်းနဲ့ ပြဿနာအန္တရာယ်ဒုက္ခစသော အဆိုးများစွာ ခံစားသွားရမည်သာပါ။ ပါပဂြိုလ်ဖြစ်သည်နဲ့အညီ မကောင်းကျိုးကို ပိုဖြစ်စေပါသည်။ 

အင်္ဂါနဲ့ဗုဒ္ဓဟူးသားသမီးများတွက် မကောင်းကျိုးပေးမည့်ရန်ဂြိုလ်ဖြစ်ပြီး စနေသားသမီးများတွက် ကောင်းကျိုးပေးသောမိတ်ဂြိုလ်ဖြစ်သည်။ 

ကျန်းမာရေးမှာနှလုံး ဝမ်းဗိုက်ရင်ဘတ် သတိပြုပါ။ စုန်းပူးနတ်ပူးသလိုလည်းဖြစ်တတ်သေးပါတယ်။

ရာဟုဂြိုလ်ရဲ့အကြိုက်သဘောမှာ အရောင်စုံနဲ့ ဂေါ်မုတ်ကျောက် လှည့်ပတ်လိမ်ညာကင်း၍  ပကတိဖြူစင်ခြင်းပါ။ အကြိုက်သဘောဆောင်၍နေလျှင် ကောင်းမည်။

ရာဟုဂြိုလ်တိုင်ဘုရားမှာ အမွေးတိုင် ၈ ဖယောင်းတိုင် ၈ သောက်တော်ရေချမ်း (သို) ရွှေသင်္ကန်းကပ်လှူပြီး ယတြာချေပါ။ 

မကောင်းကျိုးပျောက်ကောင်းကျိုးရောက် ထွန်းတောက်ဘုန်းကံမြင့်ပါစေ။

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ