ပိုက်ဆံအခက်အခဲတွေ ပြေလည်စေမယ့် ကက်ကင်းအစီအရင်
ပိုက်ဆံရအောင်အလုပ်တစ်ခုခုလုပ်နေပါလျက် အဆင်မပြေတာ၊ အလျင်မမီတာ၊ ထိုက်ထိုက်တန်တန်မရတာ၊ ရစရာရှိတာတွေ နှောင့်နှေးနေတာစသည်ဖြင့် ပိုက်ဆံအခက်အခဲတွေ ပြေလည်စေမယ့် အစီအရင်ပါ။
ကုသိုလ်ရေးမဟုတ်ပါ။ ယတြာသီးသန့်ပါ။ ဆရာကြီးမင်းသိင်္ခရဲ့ပညာကို အခြေခံထားတဲ့ ကက်ကင်းအစီအရင်ပါ။ ပိုက်ဆံအခက်အခဲရှိနေရင် ဆောင်ရွက်ပါ။ ယုံကြည်စိတ်ချစွာ လေးလေးနက်နက်ဆောင်ရွက်ပါ။ လူမျိုးမရွေး၊ ဘာသာမရွေး ဆောင်ရွက်နိုင်ပါတယ်။
ကြွေပန်းကန်ပြားတစ်ချပ်မှာ ဆပ်ပြာမွှေးတစ်ခဲတင်ပါ။ ဘာတံဆိပ်ဖြစ်ဖြစ်ရပါတယ်။ ဆပ်ပြာခဲပေါ်မှာ မတ်စေ့တစ်စေ့တင်ပါ။ အပေါ့စေ့ဖြစ်စေ၊ အလေးစေ့ဖြစ်စေ ဘယ်မတ်စေ့မဆိုသုံးလို့ရပါတယ်။ မတ်စေ့တော့ရအောင်ရှာပါ။ မတ်စေ့ပေါ်မှာ ဖယောင်းတိုင်ထွန်းပါ။
- ဖယောင်းတိုင် အဖြူရောင်သုံးလည်းရပါတယ်။ ပိုပြီးထိရောက်စေချင်ရင် ဖယောင်းတိုင်အစိမ်းရောင်ကို သုံးပါ။ ၇ရက်ထွန်းပါ။ လိုအပ်လျှင် ဆက်ထွန်းပါ။
- ထွန်းပြီး ပိုက်ဆံဝင်ပါစေ၊ ပိုက်ဆံရပါစေ၊ အဆင်ပြေပါစေ စသည်ဖြင့် ကိုယ်လိုအပ်သလို ဆုတောင်းပါ။ ပြီးရင် ပိုပြီးထိရောက်စေဖို့ ငွေဝင်ဂါထာကို ၂၇ ခေါက်ရွတ်ပါ။ ဘယ်ဘာသာမဆို ရွတ်လို့ရပါတယ်။
[သဗ္ဗိဝေန ခယခပင်းသုခီ ဥုံ ပူဇာစ]
အသံထွက် …..
သတ်ဘိဝေန ခယခပင်းသုခီ ဥုံ ပူဇာစ။
ဂါထာမရွတ်လည်း ဓာတ်ထိပါတယ်။ ထိရောက်မှုပိုရှိအောင်ရွတ်တာပါ။ ပိုက်ဆံပိုဝင်လာပါလိမ့်မယ်။ လုပ်တဲ့လုပ်ငန်းအပေါ်မူတည်ပြီး ပိုက်ဆံရတာ အနည်းအများတော့ မတူညီဘဲ ကွာခြားပါလိမ့်မယ်။
- ဘုရားခန်း (သို့) ဧည့်ခန်းမှာ ဆောင်ရွက်ပါ။
- စားပွဲပေါ်တင်ထွန်းပါ (သို့) ခုံတစ်လုံးချပြီးထွန်းပါ။ သန့်ပြန့်မှုရှိပါစေ။ ဈေးဆိုင်၊ အလုပ်မှာ ထွန်းရင်လည်းရပါတယ်။
- ထိရောက်မှု ပိုရချင်ရင် သာမညဆရာတော်ကြီး ညွှန်ပြတဲ့ မုဆိုးရွှေရကိန်းအချိန်မှာ ထွန်းပါ။
- အရမ်းလိုအပ်နေရင်တော့ တစ်နေ့သုံးကြိမ်ထွန်းပါ။
Telegram Link - https://t.me/+D-dLN8Pgm7szNDU1
Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en
Facebook Page Link - https://www.facebook.com/profile.php?id=100089971632803


Comments
Post a Comment