ဘဝပျက်ရင်ပြုရမယ့် အစီအရင်ငါးခု
"ဘဝပျက်ရင်ပြုရမယ့် အစီအရင်ငါးခု"
လူ့ဘဝမှာတစ်ကြိမ်တစ်ခါတော့ ဒုက္ခရောက်တတ်ကြတယ်။
အလွန်ကိုဆင်းရဲနေပြီ၊ စားစရာပင်မရှိတော့ဘူး၊
ကာမဂုဏ်စိတ်များပင်ကုန်ခမ်းနေပြီ၊
အရိပ်မဲမဲတွေဖျက်ခနဲတွေ့ရတာတွေ၊
ကြွေးရှင်တွေကလည်း ပူနေပြီ၊
အိမ်မှာပင်နေလို့မရတော့ဘူး၊
လမ်းဘေးမှာ မကြာခင်ဆင်းနေရတော့မယ်၊
ညအိပ်ခါနီး မကြာခဏငိုနေရမယ်၊
မနက်နိုးလာရင်လည်း ခေါင်းခဲစရာနဲ့ နိုးလာရမယ်၊
ငွေကလည်းရှာလို့မရ၊
အမှုအခင်းနဲ့လည်း ကြုံနေရတယ် စတဲ့ စတဲ့ ကိစ္စတွေအပါအဝင် အမျိုးမျိုးသော ကိစ္စတွေ နဲ့ ကြုံလာပြီဆို အခုဖော်ပြမယ့် ယတြာ ငါးမျိုးကို ပြုရမယ်။
(က) မန္တန်၊ ဂါထာ တစ္ခုခုကို ရွတ်ရမည်။
ဘာဂါထာ၊ မန္တန်ဖြစ်ဖြစ် တစ္ခုခုကို စွဲမြဲရွတ်နေရမယ်။ ရွတ်လိုက်တိုင်းမှာ ပြသနာတွေ မကောင်းတဲ့အရာတွေ တဖြည်းဖြည်းပါးသွားပြီ၊ ဆုတ်ခွာသွားပြီ လို့ အာရုံပြုရမယ်။
(ခ) ဂြိုဟ်တွေကို မျက်စိလှည့်ပါ။
ဆိုလိုတာက ခရီးတွေသွားပါ။ အလုပ်မရှိရင် လမ်းလျှောက်ထွက်နေပါ။ ဘုရား စေတီ တန်ဆောင်းတစ်ခုခုမှာ ထိုင်နေပါ။ အိမ်မှာ မနေပါနဲ့။
(ဂ) အအေး စာကို စားပါ။
စတုဒိသာ ထမင်း၊ အလှူထမင်းစားပါ။
လောဘ၊ ဒေါသ၊ မောဟနဲ့ ချက်တဲ့ ထမင်းဟင်းကို မစားနဲ့။ ပိုပူလောင်ရမယ်။
လွူတဲ့ ထမင်းကိုစား။ အေးချမ်းတယ်။ ဒီထမင်းကို စားတိုင်းမှာ ဒီ ပြသနာဆိုးတွေ ငြိမ်းချမ်းသွားပြီလို့မှတ်ယူရမယ်။
(ဃ)လက်နက် တစ်ခု ကို ကိုင်ထားပါ။
တကယ့်ဓားအစစ် ကိုင်မရ ရင်တောင်
သစ်သားဓားပဲဖြစ်ဖြစ်၊ တုတ်ပဲ ဖြစ်ဖြစ် ကြိုက်တဲ့လက်နက်ကို ဆောင်ထားပါ။
မကောင်းဆိုးဝါးတွေ မကပ်နိုင်ဘူး။
လာမယ့်ဘေးပြေးတွေ့ဆိုတဲ့သဘောအားဖြင့် အမြဲကိုင်ထားပါ။ ဒီအကြောင်းကို လယ်တီဆရာတော်ဘုရားကြီးရဲ့ ရောဂန္တဒီပနီမှာ ဖော်ပြထားပါတယ်။
(င) အိပ်ယာနေရာပြောင်းအိပ်ပါ။
အိပ်ယာနေရာရွှေ့လိုက်ရုံနဲ့ ကြုံတွေ့နေတဲ့ ပြသနာတွေ လွတ်မြောက်နိုင်ပါတယ်။ ဂြိုဟ်စီး ဂြိုဟ်နင်းတွေဟာ မကောင်းကျိုးပေးမယ်ဆို အားအင်ဆုတ်ယုတ်တဲ့ အချိန်ကိုပေးပါမယိ။ အိပ်နေတဲ့အချိန်ဟာ အင်အားကင်းမဲ့နေပါတယ်။ မူလရှိရာအရပ်မှ ဖယ်ရှောင်ပြီးနေလိုက်ရင်လည်း ပြောင်းလဲသွားနိုင်ပါတယ်။ အိပ်ယာပြောင်းမယ်ဆို ရတနာသုံးပါး အရိပ်နဲ့ နီးတဲ့ နေရာအရပ်ကိုပြောင်းနေပါ။
ဒီအစီအရင် ငါးခု ကျိန်းသေပြုရင် အခက်အခဲက ကျိန်းသေလွတ်မယ်ဆိုတာ အာမခံတယ်။
Read More -
Telegram Link - https://t.me/+D-dLN8Pgm7szNDU1
Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en
Facebook Page Link - https://www.facebook.com/profile.php?id=100089971632803
https://aungnaingmaw.blogspot.com/

Comments
Post a Comment