"စမစေတီဓါတ်ကောလီ"
🙏"စမစေတီဓါတ်ကောလီ"🙏
🙏🙏🙏
ဘုရားလေး ငယ်ငယ် ၊
ကိုးတောင်ပြည့် တည် ၊
ငယ်သာ ငယ် ကယ်ဆယ်မည့် ဘုရား ၊
ဓါတ်ကောလီ သုံးဆယ်ထူးအောင်ကွယ် ၊
ဖူးကြအများ ။
စမစေတီ အင်းစေတီ ၊
ဓါတ်ကောလီနဲ့ နိမိတ်တည် ၊
လိုက်ဖက်စွာ အခါပေး ၊
ဘေးရန်မှဝေး ။
ရန်မစုံဖို့ ၊
ရန်ကုန်ဟု အမည်ပေး ၊
ခေါင်အခါ ရန်မပို ရန်ပြိုဖို့ ၊
ဓါတ်လမ်းစဥ် အမှန် ရှိခဲ့သည် ၊
သိစေဖို့ညွှန်း ။
ရန်ကုန်မြို့ ဝင်ဒါမီယာဝန်း၌ အဘအောင်မင်းခေါင် သက်ရှိ ထင်ရှား ရှိစဥ်အခါတွင် တည်ထားခဲ့သော စမစေတီ အင်းစေတီ ။

Comments
Post a Comment