ဝိဇ္ဇာ(သို့မဟုတ်)ဉာဏ်အလင်
လူမိုက်နှင့်ပင်၊သင်ပေါင်းလျှင် ၊
သင့်လည်း လူမိုက် ထင်မည်သာ ။
အတွင်းစိတ်ယုတ်၊ပြင်မိတ်ယုတ် ၊
နစ်မြုပ် ဆင်းရဲရှာ ။
ချမ်းသာ လိုလား စိတ်ကောင်းထား ၊
ရှောင်ရှား စိတ်ယုတ်မာ ။
ဝိဇ္ဇာလမ်းစဥ် စိတ်ထားပြင် ၊
ယုတ်၊ကောက်၊စဥ်းလဲ ရှောင် ။
လူကောင်းနှင့်ပင်၊သင်ပေါင်းလျှင် ၊
အသင်လူကောင်းမြင် ။
လူကောင်းစံသမျှ ၊သင်စံရ ၊
ညီမျှ အကျိုးဖြာ ။
အတွင်းစိတ်ကောင်း၊ပြင်မိတ်ကောင်း ၊
ရှည်လျား ကြီးပွါးရာ ။
ငါသိ ငါတတ် လေ ဘဝင်ဟပ် ၊
မုချကံမှောက်ရာ ။
ကြီးပွါး လိုရင်း စိတ်ကောင်းသွင်း ၊
ပေါင်းသင်း လူလိမ္မာ ။
ဝိဇ္ဇာနှင့်ပေါင်း ၊စိတ်ထားပြောင်း ၊
ကောင်းခြင်း မင်္ဂလာ ။
စကားဝါမြေမှ မှာချွေစကား ပုံရိပ်များ
Read More -
Telegram Link - https://t.me/+D-dLN8Pgm7szNDU1
Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en
Facebook Page Link - https://www.facebook.com/profile.php?id=100089971632803
https://aungnaingmaw.blogspot.com/

Comments
Post a Comment