လာဘ်လာဘနှင့်ပတ်သတ်၍ ထူးကဲစွာခံစားရမည့် အစီအရင်
ဖယောင်းတိုင်တစ်တိုင်အား ဆားရည်ဖြင့်ဆေး၍ ခြောက်သွေ့အောင် လရိပ်တွင် ခဏလှမ်း။
"စတုသီသံ စတုလာဘံ" ဟုရေး။ ရေးသောအခါ အထက်မှ အောက်သို့ရေး။ သံချွန်ဖြင့်ရေးရမည်။ တစ်တိုင် တစ်တိုင်ထွန်းတိုင်း လာဘ်လာဘနှင့်ပတ်သတ်၍ ထူးကဲစွာခံစားရမည်။ ဗုဒ္ဓဘါသာဝင်များအဖို့ အိမ်ဘုရားတွင် အအေးပူဇော်ကပ်လှူ၍ ထွန်းနိုင်ပါသည်။ အလွန်အကျိုးပေးထူးလှသော မဟော်သဓာအင်း၏ အင်းဇံဖြစ်သည်။ မထူးသူမရှိပါ။ ငွေကြေးအခက်အခဲများ ပြေလည်ခြင်း၊ ကြွေးမြီကိစ္စများ အဆင်ပြေချောမွေ့ခြင်း၊ စားဖွယ်သောက်ဖွယ် မပူရခြင်း၊ ငွေကြေးကြောင့် ကောင်းစွာမအိပ်နိုင် မစားနိုင်ခြင်း ဒုက္ခမှကင်းဝေးခြင်း၊ မိမိလုပ်ငန်းအား အားပးမည့်သူမရှိ၍ ညစ်နေရသည့် ဒုက္ခမှကင်းဝေးပြီး အားပေးမည့်သူများ ပေါများလာခြင်း၊ ထီကံ ငွေကံ တိုးပွားလာခြင်း၊ အစစ အရာရာ၌ အဆင်ပြေချောမွေ့၍ မျက်နှာသာပေးခံရခြင်း စသော အကျိုးထူးများ ဖြစ်ထွန်ပါလိမ့်မည်။ ဖယောင်းတိုင်မှာ ဤသို့ရေးထွန်းရုံနဲ့ ဤသို့ထူးမလားဟု မမေးပါနှင့်။
ကိုယ်တိုင် စမ်းသပ်ကြည့်စေလိုပါသည်။
Read More -
Telegram Link - https://t.me/+D-dLN8Pgm7szNDU1
Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en
Facebook Page Link - https://www.facebook.com/profile.php?id=100089971632803
https://aungnaingmaw.blogspot.com/

Comments
Post a Comment